Sunday, October 18, 2020

" Sweet But Psycho " ( 2 )

 Apple ကပေးတဲ့ iPhone 11 to iPhone 12 ပြောင်းစေချင်တဲ့ Psycho ( 2 )

 

(5) Performance
Performance ပိုင်းဆိုတာထက် A13 Bionic Chip vs A14 Bionic Chip လို့ပဲပြောရမှာပါ။ Apple ရဲ့ A series chip တွေဟာတစ်နှစ်ထက်တစ်နှစ်ပိုပြီးကောင်း(improve)အောင်လုပ်ထားတာကတော့လူတိုင်းအသိပါ။
စာရွက်ပေါ်ကကိန်းကဏာန်းတွေအရ A14 Bionic chip ဟာသိပ်ကြောက်ဖို့ကောင်းပါတယ်။A13 chip က 7nm architecture ဖြစ်ပြီးတော့ A14 chip က 5nm architecture (world's first) အဖြစ်ပွဲထွက်လာပါတယ်။
ပြီးခဲ့တဲ့နှစ်က ကြမ်းလှပါတယ်ဆိုတဲ့ A13 Bionic Chip က 8.5 billion transistors ပါခဲ့ပြီး ဒီနှစ် A14 Bionic Chip မှာတော့ 11.8 billion transistors တောင်ပါဝင်ပါတယ်။(စကားချပ်။ ။ ဒီနေရာမှာ A14 ရဲ့ တိုးတက်မှုတွေကို
ခပ်စိပ်စိပ်လေး ရေးပေးချင်ပါတယ်၊ ဘာလို့လဲဆိုတော့ နောက် Reviews တွေအတွက်လည်းအကျူံးဝင်( အသုံးဝင် ) လို့ပါ)။5nm process technology ဟာတူညီတဲ့နေရာတခုမှာပဲ transistors တွေကိုပိုမိုများပြား
နေရာချလို့ရအောင်ပြုလုပ်ပေးနိုင်ပါတယ်။Power စားသုံးမှု(save)မှာ 30% လောက်ကိုတိုးတက်လာပါတယ်။Xr,Xs နဲ့ XsMax တို့မှာသုံးခဲ့တဲ့ A12 Bionic chip ထက် CPU မှာ 40% ပိုမြန်ပြီး
GPU performance မှာတော့ 30 % ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ A13 Bionic Chip နဲ့ယှဉ်ရင်တော့ CPU မှာ 16% နဲ့ GPU မှာ 8% တိုးတက်လာတယ်လို့ပြောထားပါတယ်။ အနီးဆုံး A13 Chip နဲ့ 6 Cores CPU နဲ့ 4 Cores GPU
လိုပဲ သူ့ရဲ့ CPU 6 Cores ကို (2+4) configuration နဲ့သွားထားတာပါ။ 4 High-Efficiency Cores + 2 High-Performance Cores ဆိုပြီးတော့ပါ။ ခင်ဗျားအနေနဲ့ daily usage တွေဖြစ်တဲ့ ဖုန်းပြော၊Facebook နဲ့ Youtube ကြည့်မယ်
Photo ရိုက်မယ် ကြည့်မယ် ဆိုရင် 4 high-effiency cores တွေကပဲအလုပ်လုပ်ပေးပြီး HD Game တွေဆော့မယ်၊ Photo Editing (Heavy Usage)တွေလုပ်မယ်ဆိုရင် ကျန်တဲ့ 2 high-performance cores ကလုပ်ပေးမှာပါ။
ဒါ့ကြောင့် iPhone 12 Series မှာ Battery Capacity တွေနည်းသွားပေမဲ့ Power Consumption အတွက်က A14 Chip ကြောင့် Battery Size ကိုသေးနိုင်တဲ့အပြင် ဖုန်းကို ပိုပြီးပါးအောင်(7.4 mm) လုပ်နိုင်သွားတာပါ။
GPU မှာလည်း Apple က Next-generation architecture လို့ခေါ်ပြန်ပါတယ်။ 4 Cores GPU ပါ။ A13 chip နဲ့ယှဉ်ရင် GPU frequency က Base မှာ 1.80 GHz တူပေမဲ့ Turbo မှာ2.7 GHz ကနေ 3.10 GHz ထိတိုးတက်သွားပါတယ်။
ဒါကမပြောပလောက်ပေမဲ့ သိသိသာသာ Upgrade လုပ်လိုက်တဲ့အပိုင်းကတော့ AI Performance ပါ။ အကောင်းဆုံးဖြစ်ခဲ့ဖူးတဲ့ A13 က 8-core neural engine( 6 trillion operations per second ) ထိလုပ်ဆောင်နိုင်ပြီး
A14 လည်းကျရော next-generation 16-Core Neural Engine ( up to 11 Trillions of operations per second ) ဆိုပြီး 2 ဆနီးပါကို Upgrade လုပ်ပစ်လိုက်ပါတယ်။( Next-generation ဆိုရင် ရင်နာသင့်နေပါပြီ )။
ဒါပေမဲ့ ဒီ အကျိုးကျေးဇူးကိုရဖို့အတွက်က 12 Pro နဲ့ 12 Pro Max ဆီကိုသွားရမှာပါ။ ဘာလို့လဲဆိုတော့ သူ့ Camera system မှာပါတဲ့ LiDAR Scanner နဲ့တွဲပြီး AI Performance ကို အသုံးချရမှာပါ။(iPad Pro 2020 နဲ့တူတူပါ)
မပြီးသေးဘူးဗျ။ A14 က 5nm ဖြစ်သွားတော့ Memory Channel မှာ A13 တုန်းက 1 Channel ပဲရှိတာကနေ သူက 2 Channels ဖြစ်သွားတယ်။အဲ့တော့A13 တုန်းကလို Maximum memory ကို 4GB support မဟုတ်တော့ပဲ
16 GB ထိတောင် အလုပ်လုပ်နိုင်တယ်ဗျာ။(အဲ့တော့ တွေးမိတာက 12 mini, 12 တွေမှာ memory ကို 4GB နဲ့ပဲထားခဲ့ပြီ Pro တွေမှာ (အထူသဖြင့် 12 Pro Max မှာ 6GB လောက်ထိ သွားပေးနိုင်ပါတယ် )။
တော်လောက်ပြီဗျာ။ဒါတွေကတော့ A14 Bionic Chip ရဲ့ တိုးတက်လာတဲ့အပိုင်းတွေပါ။စာရွက်ပေါ်က ကိန်းဂဏာန်းတွေအရ တိုးတက်လာတာမှန်ပေမဲ့ A13 Chip ကလည်းခေသူမဟုတ်ပါဘူးဆိုတာမှတ်ထားပေးပါ။
( Tips : Daily Usage မှာ ခင်ဗျားတို့အတွက် A14 Chip မပြောနဲ့ A13 Chip တောင်မလိုအပ်ပါဘူး။ A12 Bionic chip သမားတွေက ငြိမ့်နေတုန်းဖြစ်ပြီး A11 Bionic chip သမားတွေတောင် Smooth ဖြစ်နတုန်းပါ )
(6) Features
Features ဆိုရင်တော့ တိုးတက်လာတဲ့ အပိုင်းတွေပဲဖြစ်သွားမှာပါ။ဘာတွေတိုးတက်လာသလဲပေါ့။
(a) 5G
All line up မှာ 5G support လုပ်ပါပြီ။ 5G မှာတောင် mmWave 5G နဲ့ Sub 6 GHz (5G) ဆိုပြီး ၂ မျိုးထပ်ကွဲသွားပါတယ်။iPhone 12 က mmWave 5G ကို US Region ပြင်ပမှာ support မလုပ်ပါဘူးတဲ့။
5G သုံးလို့ရတဲ့ နိုင်ငံကလက်ချိုးရေလို့ရပါတယ်။5G နည်းပညာကို အမေရိက(US)၊တောင်ကိုရီးယားနဲ့တရုတ် တို့ကဦးဆောင်လျှက်ရှိပြီး (AT&T Inc., KT Corp, and China Mobile) တို့ရဲ့ ဦးဆောင်ပြိုင်ပွဲလို့တောင် ပြောလို့ရပါတယ်။
နိုင်ငံသေးတွေဖြစ်တဲ့ ဆွီဒင်၊တူရကီနဲ့ အက်စတိုးနီးယားနိုင်ငံတွေကလည်း 5Gအတွက် သိသာတိုးတက်တဲ့ အဆင့်ရောက်နေပါပြီ။ဒီမှာ(မြန်မာပြည်)ကတော့ 4G ကိုတောင်အပြည့်အဝမရသေးပါဘူး။
နောက် ၃ နှစ်ဆိုရင်တော့အဆင်ပြေနေလောက်ပြီထင်ပါတယ်။( ဒါ့ကြောင့် 5G အတွက်ဆိုရင်တော့ ပြောင်းသင့်တဲ့အချက်မဟုတ်ပါ )
(b) IP Rating
iPhone 11မှာတုန်းက IP 68 ( ၂ မီတာအနက်မှာ မိနစ် ၃၀ ) ထိရပြီး၊ iPhone 12 မှာကျတော့ IP 68 ကိုပဲ ( ၆ မီတာ အနက်မှာ မိနစ် ၃၀) လို့ဆိုပြန်ပါတယ်။ဒါကတော့ Marketing Term လို့မြင်ပါတယ်။ ရေထဲမှာ(ရေကူးကန်ထဲမှာ) ရိုက်တဲ့
Feeling ကတော့ အရမ်းလူရှိန်တာပေါ့ဗျာ။ဒါပေမဲ့ ...မိတ်ဆွေရေအဲ့ဒါကြောင့် Error ဖြစ်သွားရင် Warranty ထဲမှာ အဲ့ဒီ့အချက်ကို Cancel ပါတဲ့။ ( ဒါ့အတွက်လည်း မပြောင်းသင့်ပါ )
ကျန်တာတွေက Speaker က stereo speaker (Dolby Atmos Sound),Wi-Fi 6 နဲ့ Bluetooth 5.0 ဆိုတော့ တူတူတွေပါပဲ။
(7) Conclusion
နိဂုံးချုပ် မှာ iPhone 11 to iPhone 12 ကို Switch လုပ်ရမလားဆိုတာကို စဉ်းစားကြရအောင်ဗျာ။ Option 2 ခုနဲ့ခွဲသွားရအောင်....
Option (1)
ခင်ဗျားအနေနဲ့ Boss, Rich Kid သို့မဟုတ် Budget ကအေးဆေးသုံးနိုင်တဲ့ amount ပါဆိုရင် ရှင်းပါတယ်။ Upgrade လုပ်လိုက်ပါ။ စာအရှည်ကြီးဖတ်ရတာပဲ အဖတ်တင်သွားပါတယ်။နောက်ဆုံးပေါ်ကိုကိုင်တယ်ပေါ့ဗျာ။လူရှိန်တာပေါ့။
Option (2)
ပြီးခဲ့တဲ့လအနည်းငယ်မှဝယ်ထားပြီး အသည်းကွဲနေတယ်ဆိုရင်၊ အရင်ဆုံး ခဗျားအနေနဲ့ Xr,Xs နဲ့ XsMax ကိုင်ထားသူတွေကိုတချက်ကြည့်လိုက်ပါ။ အဲ့ Series ကိုဈေးကြီးပေးပြီးကိုင်ခဲ့ရတဲ့သူတွေက iPhone 11 Line Up လည်းထွက်လာရော
တော်တော်ခံစားလိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ Form Factor တူပေမဲ့ Camera Design, All Camera quality, Battery life နဲ့ Totally changes back design (matte glass finish) တွေကလုံးဝကွဲပြားသွားတာပါ။
အခု iPhone 11 users တွေကအဲ့လောက်အခြေအနေ မဆိုးသေးပါဘူး။တိုးတက်မှုတွေရှိလာတယ်ဆိုပေမဲ့50-50 အခြေအနေပါ။ခဗျားအနေနဲ့ အခုတောင်မှဖုန်းကိုဘာတွေသုံးဖြစ်နေလို့လဲ။အလုပ်လုပ်ဖို့ဆိုရင်Computer ရှေ့ပဲရောက်တာများမှာပါ။
(စကားချပ်။ ခြွင်းချက်အနေနဲ့ မျက်စိအားမကောင်းတဲ့သူနဲ့ဖုန်းကိုသူများတွေထက်ထူးပြီးတနေကုန်ပွတ်နေတဲ့သူဆိုရင်တော့မပြောလိုပါ။ Display ကိုရည်ညွှန်းပါသည်။)
iPhone 13 ထွက်လာခဲ့ရင်တောင်မှ ဒီ Form Factor နဲ့ပဲလာပြီး Notch လည်းပါဖို့များနေပါသေးတယ်။Display ကို non-pro မှာ 90 Hz နဲ့ Pro models တွေမှာ 120 Hz ထည့်ပေးမယ်,
AI Technology ကိုပိုတိုးတက်အောင်လုပ်မယ်, A15 Chip ကို 5nm+ လုပ်မယ် .....အစရှိသဖြင့်တိုးတက်အောင်လုပ်ပြီး။ 2022 ထုတ်ဖုန်းတွေကျမှ Form Factor ကပြောင်းနိုင်ပါတယ်။ဒါတွေက ကျွန်တော့်အထင်နဲ့အမြင်ပါ။
2007 ထုတ်iPhone ကနေ 2013 iPhone 5s ထိ(Design,Size တွေကသိပ်အကွာကြီးမဟုတ်)ပုံစံမတိမ်းမယိမ်းလေးတွေနဲ့လာခဲ့ပြီး (7 နှစ်တောင် အချိန်ယူသွားခဲ့ပါတယ်)။
2014 iPhone 6, 6 Plus ကျတော့ Size and Signature ပြောင်းသွားပြီး 2017 ထုတ် iPhone 8, 8 Plus ထိပါပဲ။( ဒီမှာလည်း 4 နှစ်အချိန်ယူသွားပြန်ပါတယ်)။
2017 ကထွက်ခဲ့တဲ့ iPhone X (Future of the Smart Phone) ကြီးကနေစရေတွက်မယ်ဆိုရင် ပုံစံတူ 4 နှစ်ရှိပါပြီ။ အဲ့ဒီ့တော့ Switch လုပ်မယ်ဆိုရင်တောင် နောက်နှစ်ထွက်လာမဲ့ Line Up ကိုတောင်မေ့ထားသင့်ပါသေးတယ်။
2022 ကိုပဲစိတ်ကူးယဉ်တာကောင်းပါတယ် (အဲ့ဒီ့အချိန်ကျရင် 5G လည်း Ready ဖြစ်နေမလားပဲ)။
အဲ့ဒီ့တော့ အခုဖြစ်နေတာက Latest ဖြစ်နေတာကိုမှကိုင်ချင်တဲ့ Personal Feeling နဲ့ လူကြားထဲမှာ Glow ဖြစ်ချင်တဲ့စိတ်က ပိုများနေတာလို့ထင်ပါတယ်။အဲ့ဒီ့လိုမှမဟုတ်ရင် နှစ်တိုင်း September (ဒီနှစ်က October ဖြစ်သွား)ရောက်တိုင်း
အဲ့ဒီ့လိုခံစာနေရမှာပါ(Apple မှမဟုတ်ပါ အခြားနာမည်ကြီး Brand တွေလည်း ဒီအတိုင်းနှစ်စဉ်ပုံမှန်ထွက်နေကြပါ)။ ပြီးတော့ iPhone 11 ကလည်း နူထ နေတဲ့ Phone တစ်လုံးမှ မဟုတ်တာလေ။
ကဲ .....ခဗျားတို့ဆိုရင်ရော လဲကိုင်မှာလဲ လဲမကိုင်ဖူးလား???? 


 

No comments:

Post a Comment