Thursday, October 15, 2020

Iphone 12

 

Apple က Home Pod Mini, MagSafe & 5G စနစ်၊ ဒီဇိုင်းအသစ်နဲ့ iPhone 12, 12 mini, 12 Pro နဲ့ 12 Pro Max တို့ကို မိတ်ဆက်လိုက်ပါပြီ! 🔥
❤️ HomePod mini ❤️
Smart ဖြစ်တဲ့ အိမ်တိုင်းအတွက် သေးငယ်လှပတဲ့ ဒီဇိုင်းနဲ့ HomePod mini ကို အကောင်းဆုံး အသံအရည်အသွေး, Siri နဲ့ Smart Home နည်းပညာတွေ အတွက် အဓိကထုတ်လုပ်ထားပါတယ်။
S5 Chip ပါဝင်ပြီး 360-degree အသံစနစ် ရရှိမှာ ဖြစ်ပါတယ်။ အိမ်ထဲမှာ HomePod အများကြီး ရှိရင်လည်း အားလုံးရဲ့ အသံကို Sync လုပ်ပေးမှာ ဖြစ်ပြီး၊ HomePod (၂) ခုကို အနီးမှာ ထားလိုက်ရင်တော့ Stereo Audio System အဖြစ် အလိုအလျောက် ပြောင်းသွားမှာပါ။
တစ်ခန်းစီမှာ HomePod တစ်ခုစီ ထားပြီး Intercom အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။ အသံအရည်အသွေး အထူးကောင်းမွန်ပြီး Privacy နဲ့ Security လည်း အပြည့်ရှိတဲ့ HomePod mini ကို White နဲ့ Space Gray အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။အရမ်းကို လျင်မြန်တဲ့ 5G စနစ်ပါဝင်တဲ့ iPhone အသစ်တွေကို Apple က ကြေညာမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ဒီဇိုင်းအသစ်နဲ့ အရောင်တွေကလည်း ကြွေလောက်အောင် မိုက်နေပြန်ပါပြီ
❤️ iPhone 12 နဲ့ 12 mini ❤️
Body က လှပတဲ့ Aluminium Band ကို ရင်းနှီးပြီးသား လေးထောင့်အနားသတ် ဒီဇိုင်းနဲ့ ပြုလုပ်ထားပါတယ်။
Black, White, (PRODUCT)RED, Green နဲ့ Blue ဆိုပြီး အရောင် (၅) မျိုးနဲ့ ရရှိနိုင်မှာပါ။
Super Retina XDR Display ပါဝင်ပြီး iPhone 11 ထက် Resolution (၂) ဆ ပိုမြင့်ပါတယ်။ iPhone 12 mini ရဲ့ Display က 5.4” အရွယ်အစားရှိပြီး၊ iPhone 12 ကတော့ 6.1” ရှိပါတယ်။
iPhone 12 mini က iPhone 12 နဲ့ Feature တွေ အားလုံး တူညီပြီး ကမ္ဘာပေါ်မှာ အသေးဆုံး၊ အပါးဆုံးနဲ့ အပေါ့ဆုံး 5G Phone လည်း ဖြစ်ပါတယ်။
စမတ်ဖုန်း Glass တွေ အားလုံးထဲမှာ အကြမ်းအခံဆုံး Ceramic Shield Glass အသစ်ကို အသုံးပြုထားပြီး၊ Drop Test Performance (၄) ဆ ပိုမို ကောင်းမွန်တဲ့အတွက် ပြုတ်ကျရင် မကွဲပဲ အကောင်းအတိုင်းရှိနေနိုင်မယ့် Chance က (၄) ဆ ပိုမြင့်ပါတယ်။
5G စနစ် ပါဝင်ပြီး စမတ်ဖုန်းတွေထဲမှာ 5G Bands အများဆုံးကို အသုံးပြုနိုင်တဲ့ဖုန်းလည်း ဖြစ်ပါတယ်။ Smart Data Mode ပါဝင်တဲ့အတွက် 5G နဲ့ LTE ကို လိုအပ်သလို Auto ပြောင်းလဲအသုံးပြုပေးမှာပါ။
1sec ကို 3.5Gbps ထိ Supoort လုပ်ပြီး Verizon Network သုံးမယ်ဆို 4Gbps ထိ Support လုပ်ပါတယ်
စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး A14 Bionic Chip ကို အသုံးပြုထားပြီး၊ အဆင့်မြင့် 5-nanometer Technology ကို ပထမဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်း Chip လည်း ဖြစ်ပါတယ်။ အခြားဖုန်းတွေထက် (၅၀%) အထိ ပိုကောင်းတဲ့ CPU Performance နဲ့ (၅၀%) အထိ ပိုမြန်တဲ့ Graphics တို့ကိုလည်း ရရှိနိုင်မှာပါ။
Night Mode တွေ ပိုကောင်းလာမယ့် အပြင် အရှေ့၊ အနောက် Camera အားလုံးနဲ့ Night Mode ရိုက်ကူးနိုင်ပြီ ဖြစ်ပါတယ်။ Video အတွက် လည်း အရမ်းမိုက်တဲ့ Night Mode Time-lapse တွေ ရိုက်ကူးနိုင်ပါပြီ။
iPhone ရဲ့ နောက်ကျောဘက်မှာ “MagSafe” သံလိုက်စနစ် ထည့်သွင်းထားတဲ့အတွက် Wireless Charging သုံးတဲ့အခါ နေရာလွဲနေတာမျိုး မဖြစ်တော့ဘဲ ကွက်တိမှာ သံလိုက်နဲ့ကပ်သွားမှာပါ။
Apple Watch Magnetic Charger နဲ့လည်း အားသွင်းလို့ ရမှာ ဖြစ်ပါတယ်။ Covers, Accessories, Wallets စတာတွေကိုလည်း iPhone ရဲ့ ကျောဘက်က MagSafe နဲ့ ကပ်လိုက်ရုံပါပဲ။
❤️ iPhone 12 Pro နဲ့ 12 Pro Max ❤️
5G စနစ်နဲ့ Pro ဆန်တဲ့ဒီဇိုင်းကို Premium Material တွေနဲ့ ထုတ်လုပ်ထားတဲ့ iPhone 12 Pro ရဲ့ ပတ်ပတ်လည်က Stainless Steel ဖြစ်ပါတယ်။
Silver, Graphite, Gold နဲ့ Pacific Blue ဆိုပြီး အရောင် (၄) မျိုးနဲ့ ရရှိနိုင်မှာပါ။
အကြမ်းအခံဆုံး၊ Durable အဖြစ်ဆုံး Ceramic Shield Glass ပါဝင်ပြီး၊ Super Retina XDR Display က iPhone 12 Pro နဲ့ 12 Pro Max တို့မှာ 6.1” နဲ့ 6.7” အသီးသီး ရှိပါတယ်။
အရှေ့၊ အနောက် Camera (၄) ခုလုံးမှာ Deep Fusion နည်းပညာနဲ့ ဓာတ်ပုံတွေကို အကောင်းဆုံး ရိုက်ကူးနိုင်မှာ ဖြစ်ပြီး၊ Ultra Wide, Wide နဲ့ Telephoto Lens တွေကလည်း ပိုကောင်းလာပါတယ်။ iPhone 12 Pro Max ရဲ့ Focal Length ပိုများတဲ့ Telephoto Camera ကလည်း Photography အတွက် အားသာချက်တွေ ပိုရှိလာမှာ ဖြစ်ပါတယ်။
အမှောင်ထဲမှာတောင် Depth Mapping ကို အကောင်းဆုံး ပြုလုပ်ပေးနိုင်တဲ့ LiDAR Scanner ပါဝင်လို့ Night Mode Portrait တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပြီး၊ Augmented Reality (AR) နဲ့ Photo Effects တွေကလည်း ပိုမိုက်လာမှာပါ။ LiDAR ရဲ့ အကူအညီနဲ့ အမှောင်ထဲမှာ Auto Focus (၆) ဆ အထိ ပိုကောင်းလာပါတယ်။
Sensor-shift နည်းပညာကြောင့် Optical Image Stabilization ပိုမိုကောင်းမွန်လာပြီး Cinematic Video တွေ ရိုက်ကူးဖို့အတွက် အကောင်းဆုံးပါပဲ။
Pro Photography အတွက် Apple ProRAW ကိုလည်း ဒီနှစ်နှောင်းပိုင်းမှာ စတင်အသုံးပြုနိုင်မှာပါ။ Deep Fusion နဲ့ Smart HDR နည်းပညာတွေကို အသုံးချပြီး RAW Photo တွေရဲ့ Flexibility နဲ့ Apple ရဲ့ Computational Photography ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
HDR Video Recording ရရှိမှာ ဖြစ်ပြီး အဆင့်မြင့် Dolby Vision HDR နဲ့ ရိုက်ကူးနိုင်မှာပါ။ Photos App ထဲမှာတင် Edit လုပ်နိုင်မှာ ဖြစ်ပြီး၊ Dolby Vision HDR Video တွေကို ရိုက်ကူး၊ တည်းဖြတ်၊ ကြည့်ရှု၊ မျှဝေနိုင်မယ့် ပထမဆုံးနဲ့ တစ်ခုတည်းသောဖုန်းဖြစ်ပါတယ်။
မသုံးဖြစ်ဘဲ ပိုနေတတ်တဲ့ Electronic Waste တွေကို လျှော့ချဖို့အတွက် iPhone အသစ်တွေမှာ Power Adapter & နားကြပ် ကိုတော့ ထည့်သွင်းပေးထားခြင်း မရှိပါဘူး။
ဒါက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ အဆင့်မြင့် USB-C to Lightning Cable ကိုတော့ ထည့်သွင်းထားပါတယ်။
အရမ်းမြန်တဲ့ 5G နဲ့ အမြန်ဆုံး A14 Bionic Chip ပါဝင်တဲ့ iPhone 12 အသစ်တွေကို Pro Design, Pro Cameras တွေနဲ့ မိတ်ဆက်သွားခဲ့ပြီး၊ Ceramic Shield, MagSafe နဲ့ HomePod mini တို့ကလည်း စိတ်လှုပ်ရှားစရာပါပဲ။
ဘာတွေကို ကြွေနေပြီလဲ ဆိုတာ Comment မှာ ရေးပေးခဲ့ပါဦး! ဘော်ဒါတွေလည်း သိအောင် Share ပေးလိုက်ဦးနော်! 😉
😵 ထူးခြားချကိအနေနဲ့ iPhone 12 Series မှာ Charger ခေါင်း နဲ့ နားကြပ် မပါတော့ပါဖူး
😵










No comments:

Post a Comment