Tuesday, October 20, 2020

Apple Watch Series 6 Vs SE Vs Series 5 တို့ကို နှိုင်းယှဉ်ကြည့်ခြင်း

 

Apple Watch Series 6 Vs SE Vs Series 5 တို့ကို နှိုင်းယှဉ်ကြည့်ခြင်း

Apple ရဲ့ စက်တင်ဘာလမှာ ပြုလုပ်မယ့် Apple Event အမည်ရ ပွဲတစ်ပွဲကတော့ မနေ့ကပဲ ပြီးသွားခဲ့ပါပြီ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း အတိအကျ မြင်တွေ့ခဲ့ရပါတယ်။

ကြီးကျယ်ခမ်းနားတဲ့အချက်နှစ်ချက်က Apple Watch Series 6 နဲ့ Apple Watch SE တို့ကိုကြေငြာလိုက်ခြင်းပဲဖြစ်ပါတယ်။ဒါဆိုရင် သူတို့ကို Apple Watch Series 5 နဲ့ နှိုင်းယှဉ်ကြည့်ရအောင်။


ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အတိုင်း Apple Watch Series 6 သည် Apple Watch Series 5 နှင့် ပုံစံဆင်တူသော်လဲအခြားသော အစိတ်အပိုင်းများက Series 5 ထပ် ပိုမိုကောင်းမွန်ပါတယ်။

Apple Watch SE သည်လဲ Apple Watch Series 5 နှင့် ပုံစံဆင်တူကာ Series 5 ထပ် စျေးအလွန်သက်သာပါတယ် ဒါပေမယ့် ECG Function တော့ ပါဝင်မှာမဟုတ်ပါဘူး။


Apple Watch Series 6 နဲ့ပတ်သက်ပြီးလူကြိုက်များစေမဲ့ Apple Watch Series 6 ရဲ့ feature တွေကိုကျွန်တော်တို့ ရရှိထားပါပြီ

အတွင်းပိုင်းမှာတော့ Series 6 ရဲ့ SiP အသစ်ဟာမနှစ်ကထွက်ထားတယ့် Series 5 ထက်ပိုမိုသာလွန်နေပါလိမ့်မယ်App များကိုအသုံးပြုရာတွင်လဲ လျင်မြန်သွက်လက်နေပြီး နာရီတစ်လုံးထပ်ကို ပိုမိုမြန်ဆန်စေပါတယ်။ ပထမဆုံးအနေနဲ့  သွေးတွင်းအောက်စီဂျင်အာရုံခံကိရိယာကိုထည့်သွင်းပေးထားပြီး အောက်စီဂျင်ပမာဏနည်းပါးသောလူများအတွက် တန်ဖိုးရှိပါလိမ့်မယ်။


ထို့အပြင် Apple Watch Series 6 သည် Apple Watch Series 5 နှင့်အလွန်ဆင်ပြီး နှစ်ခုလုံးသည် 32 GB capacity ကိုသာ အသုံးပြုထားကာ Apple Watch Series 5 ကို အနိုင်ယူမယ့် တစ်ခုတည်းသော Functon ကတော့ သွေးတွင်းအောက်စီဂျင်အာရုံခံကိရိယာပဲဖြစ်ပါလိမ့်မယ်။

ယခုအချိန်တွင် Apple Watch Series 6 Apple Watch SE နှင့် Apple Watch Series 5 တို့ဟာ Apple Watch lineup အပြည့်ပါ၀င်သောကြောင့်လူတိုင်းအတွက် ရွေးချယ်၀တ်ဆင်နိုင်စေရန် အကြံပြုပါတယ်။


No comments:

Post a Comment