Friday, October 16, 2020

iPhone 12 နဲ့ iPhone 12 Pro တို့ရဲ့ ကွာခြားချက် ( ၉ ) ခု

 

1. Build and Colors

Apple ရဲ့ Pro စီးရီးနဲ့ Non-Pro စီးရီးတို့ကြား ကွားခြားမှုကတော့ အမြဲရှိနေမှာပါ။ iPhone 12 mini နှင့် iPhone 12 တို့မှာ ရွေးချယ်စရာ အရောင်အမျိုးမျိုး ရနိုင်ပေမယ့် Build Quality မှာတော့ အနည်းငယ်လျော့ပါမယ်။ iPhone 12 မှာ အရောင်အနေဖြင့် Product(RED), White, Blue, Green နှင့် Black ဆိုပြီး အရောင် ( ၅ ) ရောင် ရွေးချယ်နိုင်ပါမယ်။ Aluminum ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။

iPhone 12 Pro နှင့် iPhone 12 Pro Max တို့မှာကတော့ အရောင် ( ၄ ) ရောင်သာ ရွေးချယ်နိုင်မှာဖြစ်ပြီး ကိုယ်ထည်ကတော့ Premium ဆန်တဲ့ Stainless Steel ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။ အရောင်တွေကတော့ Graphite, Gold, Pacific Blue နဲ့ Silver တို့ပဲ ဖြစ်ပါတယ်။ ( ပြောရရင် ဒီနှစ် iPhone 12 Pro Lineup အရောင်တွေဟာ အတော်လေး မိုက်ပါတယ် )

2. Bigger Display Size

ပြီးခဲ့သည့်နှစ် Apple ရဲ့ ဈေးအနည်းဆုံး ဖုန်းဟာ 6.1 လက်မ Display နဲ့ ဖြစ်ခဲ့ပေမယ့် ဒီနှစ် iPhone 12 Lineup မှာတော့ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်သွားပါပြီ။ ဘာလို့ဆို iPhone 12 6.1 လက်မနှင့် iPhone 12 mini 5.4 လက်မဆိုပြီး ထွက်ရှိလာလို့ ဖြစ်ပါတယ်။ iPhone 12 Pro Lineup မှာတော့ iPhone 12 Pro 6.1 လက်မနှင့် iPhone 12 Pro Max 6.7 လက်မဆိုပြီး ထွက်လာပါတယ်။ iPhone 12 Pro Max ဆိုရင် အခုနှစ်ထွက်ရှိလာတဲ့ iPhone 12 နှင့် iPhone 12 mini တွေထက်တင် Display အရွယ်အစား ကြီးတာမဟုတ်ပဲ၊ ပြီးခဲ့သည့်နှစ်က iPhone 11 Pro Max ထက်ကို ကြီးတာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက iPhone 12 နှင့် iPhone 12 Pro တို့က Display Resolution အတူတူပဲ ဖြစ်နေတာပါ။ သိတဲ့အတိုင်း iPhone 12 mini နဲ့ iPhone 12 Pro Max တို့ကတော့ Display အရွယ်အစား အတော်ကြီး ကွာဟသလို၊ Display Resolution ကလည်း ကွာခြားပါတယ်။ ဒါပေမယ့်လည်း အဆိုပါ iPhone 12 ( ၄ ) မျိုးလုံးမှာတော့ Dolby Vision, HDR10 နှင့် HLG တို့ကိုတော့ တူညီစွာ Support လုပ်ပါတယ်။ iPhone 12 Pro က 800 nits အထိ Max Brightness ရပြီး၊ iPhone 12 ကတော့ 625 nits အထိပဲ အမြင့်ဆုံးရတဲ့ Super Retina XDR Display ကို အသုံးပြုထားပါတယ်။

3. More Storage

နောက်ဆုံးမှာတော့ Apple ဟာ Pro စီးရီးတွေဖြစ်တဲ့ iPhone 12 Pro စီးရီးတွေရဲ့ Base Storage ကို 128GB ကနေ စတင်လိုက်ပြီ ဖြစ်ပါတယ်။ နောက်ထပ်လည်း 256GB နှင့် 512GB ဆိုပြီးလည်း Storage အမျိုးမျိုးကို ရွေးချယ်နိုင်ပါသေးတယ်။ iPhone 12 စီးရီးမှာတော့ Base Storage က 64GB ကနေ စမှာဖြစ်ပြီး၊ 128GB နှင့် 256GB ဆိုပြီး ထပ်မံရွေးချယ်နိုင်ပါမယ်။


 

 4. Bigger Camera Sensor on Max

Sensor-Shift Stabilization နှင့် 1.7um Pixels Features တွေဖြင့် 12MP Camera ကိုတော့ iPhone 12 Pro Max တမျိုးထဲမှာသာ ရရှိမှာ ဖြစ်ပါတယ်။ အဆိုပါ Sensor တွေက f/1.6 12MP တွေပါတဲ့ iPhone 12 စီးရီးနှင့် iPhone 12 Pro တို့ထက် အလင်းကို ပိုမိုဝင်စေမှာဖြစ်ပါတယ်။ Stabilization ကလည်း လက်ဖြင့်ရိုက်တဲ့အခါမှာ ပိုမိုအကျိုးရှိစေမှာပါ။

5. Telephoto Camera on Pro

Apple ရဲ့ Pro Lineup နဲ့ Non-Pro Lineup မှာ အမြဲကွာခြားနေမယ့်အချက်ကတော့ Camera Setup ပဲ ဖြစ်ပါလိမ့်မယ်။ iPhone 12 Lineup မှာက Dual-Camera Setup ပဲပါပြီး၊ iPhone 12 Pro Lineup မှာတော့ Triple-Camera Setup နဲ့ ဖြစ်ပါတယ်။ Primary နဲ့ Ultra-Wide Angle Cameras တွေကတော့ Lineup အားလုံးမှာ အတူတူပဲဖြစ်ပြီး၊ iPhone 12 Pro Lineup မှာတော့ Telephoto Sensor ပါတဲ့ Camera တစ်လုံး ပိုလာတာဖြစ်ပါတယ်။

Apple ဟာ Telephoto Camera Sensor ကို တိုးတက်မှုတွေ လုပ်လာပါတယ်။ iPhone 12 Pro Max ရဲ့ Telephoto Sensor အသစ်ဟာဆိုရင် 2.5x Optical Zoom အထိ ဆွဲနိုင်ပါတယ်။ နောက်ပြီး Low-Light အနေအထားမှာတောင် 12x Digital Zoom အထိ ဆွဲပြီး ပုံကောင်းကောင်း ရိုက်ယူနိုင်ပါတယ်။

6. LiDAR Scanner for Low-Light Magic

iPhone 12 Pro Lineup မှာပဲ သီးသန့်အဖြစ်ပါတဲ့ LiDAR Scanner ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီနှစ်အစောပိုင်းက မိတ်ဆက်ပေးခဲ့တဲ့ 2020 iPad Pro Lineup မှာ အသုံးပြုထားသည့် Scanner နဲ့ အတူတူပါပဲ။ LiDAR Scanner ဟာ AR အတွေ့အကြုံတွေမှာ ပိုပြီးတိုးတက်ကောင်းမွန်လာအောင်လို့ iPhone 12 Pro မှာ အကူအညီပေးမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီ့ထက်ပိုပါသေးတယ်။ Apple ဟာ LiDAR Scanner ကို အသုံးပြုပြီး Low-Light လိုအခြေအနေမျိုးမှာ Camera အတွက် အကောင်းဆုံး 6x Autofocus Performance ရအောင်လို့ လုပ်ပေးထားပါတယ်။ နောက်ပြီး LiDAR Scanner ပါဝင်တဲ့ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ဟာ Night Mode Portrait ကိုလည်း ရိုက်ယူနိုင်ပါမယ်။

 7. ProRAW

Apple ဟာ Creative လုပ်ရတာဝါသနာပါတဲ့ Creators တွေအတွက် ProRAW ဆိုတဲ့ Image Format အသစ်ကိုလည်း မိတ်ဆက်ပေးလာပါတယ်။ ဆိုလိုတာက Apple ဟာ သူတို့ရဲ့ Smart HDR3 နှင့် Deep Fusion Processing တို့အပေါ်မှာ ကောင်းကောင်းအသုံးပြုပြီး Creators တွေအကြိုက် Over Exposure တွေ, Colour တွေ, White Balance တွေနဲ့ အခြား Process တွေကိုပါ Photos ပေါ်မှာ စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

8. Better Battery Life on the Max

iPhone 12 နှင့် iPhone 12 Pro တို့ရဲ့ Video Playback ( 17 hours ) နဲ့ Audio Playback ( 65 hours )အသုံးပြုနိုင်သည့် Battery Life ကတော့ အတူတူပဲ ဖြစ်ပါတယ်။ အရွယ်အစားပိုကြီးတဲ့ iPhone 12 Pro Max ကတော့ Video Playback ( 20 hours ) နှင့် Audio Playback ( 80 hours ) အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ အရွယ်အစားအသေးဆုံးဖြစ်တဲ့ iPhone 12 mini ကတော့ အပေါ်က ( ၃ ) လုံးနှင့် ဆန့်ကျင်စွာ Battery Life အာ့လောက်မခံဘူးဆိုတာတော့ သိထားရပါမယ်။

9. Price

iPhone 12 Lineup မှာပါတဲ့ iPhone 12 mini က $699 ကနေ စမယ်လို့ တရားဝင်ကြေငြာထားပေမယ့် အဲဒါက US မှာရှိတဲ့ Operators တွေနဲ့ စာချုပ်ချုပ်ပြီး ဝယ်ယူမှရမယ့် ဈေးနှုန်းပါ။ မြန်မာပြည်မှာ အသုံးပြုဖို့အတွက်ဆိုရင်တော့ SIM Free ဝယ်ယူမှ အဆင်ပြေမှာမို့ $729 ကျသင့်မှာ ဖြစ်ပါတယ်။ အဲသလိုပဲ iPhone 12 ရဲ့ $799 ဈေးကလည်း မြန်မာပြည်မှာ အသုံးပြုဖို့အတွက်ဆိုရင် $829 ကျသင့်မှပါ။ iPhone 12 Pro ရဲ့ SIM Free ဈေးကတော့ အပြောင်းအလဲမရှိပဲ $999 ကျသင့်မှာဖြစ်သလို၊ iPhone 12 Pro Max ရဲ့ ဈေးနှုန်းကလည်း $1099 ကနေ မပြောင်းလဲပါဘူး။ အထက်ပါဈေးနှုန်းတွေက Apple Store ရဲ့ တရားဝင်ဈေးနှုန်းတွေဖြစ်လို့ မြန်မာအပြည်အရောက်ဈေးနှုန်းများ မဟုတ်တာကိုလည်း သိထားစေချင်ပါတယ်။ Custom Duty Tax တွေ, Shipping Fee တွေ, ရောင်းချတဲ့ဆိုင်ရဲ့အမြတ်တွေ မပါသေးတဲ့အတွက် ဒီကိုရောက်လျှင် ဒီဈေးထက် ပိုများမှာ ဖြစ်ပါတယ်။

အပေါ်ကအချက်တွေ အားလုံးကိုကြည့်ပြီးလျှင် ပြောစရာရှိတာက iPhone 12 နှင့် iPhone 12 Pro Lineup တွေမှာ တူညီစွာရရှိနိုင်တဲ့ Features တွေလည်း ရှိသေးတယ်ဆိုတာပါပဲ။ A14 Bionic Chipset ကို အားလုံးမှာအသုံးပြုထားတာဖြစ်လို့ Performance နဲ့ Fastest တို့ကတော့ အခြားသော Smartphones တွေထက် နှာတဖျားကတော့ သာနေမှာ ဖြစ်ပါတယ်။ နောက်ပြီး iPhone 12 Lineup အားလုံးတွင် ...
* Super Retina XDR display
* 5G, with mmWave connectivity in the U.S.
* Ceramic Shield
* IP68 Water Resistance
* Night mode for all cameras
* Dolby Vision HDR video recording
* Wi-Fi 6, Bluetooth 5.0
* MagSafe Charging and Accessories support
* Face ID
* Fast wired charging
စသည်တို့ကတော့ တူညီစွာ ရရှိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

***( တစ်ခါထဲ ပြောပါမယ်။ ငွေကြေးပေါပြီး တတ်နိုင်တဲ့သူကတော့ Box ထဲမှာ ဖုန်းကလွဲလို့ ဘာမှပါမလာရင်တောင် ဝယ်ကြမှာပါပဲ။ ဘာလို့ဆို သူတတ်နိုင်လို့ ဝယ်တာမို့ပါ။ အာ့လိုလူမျိုးတွေအတွက် iPhone 12 က ဂျင်းကြီးပါလို့ သွားပြောရင် သူက ပြုံးပြီး ပြန်ကြည့်နေမှာပါ။ မဝယ်နိုင်လို့ ဖောင်းလိုက်ထုနေမယ့်အစား ဝယ်နိုင်တဲ့သူတွေကို ကြည့်ပြီး မုဒိတာပွါးတာကမှ အကျိုးပိုရှိပါလိမ့်မယ်။ ဒီလိုပြောလို့ Admin လည်း မဝယ်နိုင်ပါဘူး။ ဝယ်နိုင်တဲ့သူတွေကိုကြည့်ပြီး မုဒိတာ ထိုင်ပွါးနေမှာပါ။ ငှဲငှဲ )***

No comments:

Post a Comment