Friday, October 16, 2020

iOS 14 မှာ Status Bar ပေါ်က အစိမ်းရောင် လိမ္မော်ရောင် အစက်လေးတွေက ဘာကိုဆိုလိုတာလဲ

 

iOS 14 မှာ Status Bar ပေါ်က အစိမ်းရောင် လိမ္မော်ရောင် အစက်လေးတွေက ဘာကိုဆိုလိုတာလဲ

iOS 14 မှာ စွမ်းဆောင်ရည်အသစ်များနှင့် အပြောင်းအလဲ များစွာ ပါဝင်လာတယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ သင့်အနေနဲ့ Status Bar ရဲ့ ညာဘက်အစွန်မှာပေါ်နေတဲ့ အစိမ်းရောင် နဲ့ လိမ္မော်ရောင်အစက်တွေက ဘာကြောင့်ပေါ်တယ်ဆိုတာ အရမ်းသိချင်နေမယ်ထင်ပါတယ်။

အဲ့ဒီအစက်တွေဟာ သင့်ရဲ့ကိုယ်ရေးကိုယ်တာ လုံခြုံမှုကိစ္စတွေကို ကာကွယ်ကူညီပေးမယ့် အချက်ပြစနစ်ဖြစ်ပါတယ် ဥပမာ အနေနဲ့ Macbooks နှင့် Mac တွေရဲ့ Web Camera ဘေးမှာ အစိမ်းရောင် LED မီးလေးရှိပါတယ်

အဲ့ဒါဟာသင် ကင်မရာ အသုံးပြုတဲ့အချိန် အခြား Third Party App များက Track လုပ်နေရင် အသိပေးမဲ့ စနစ်တစ်ခုဖြစ်ပါတယ်။iPhone နဲ့ iPad တွေမှာ LED စနစ်ထည့်ဖို့ နေရာမပေးချင်တော့တာကြောင့်ယခုလို Status Bar ပေါ်မှာ နေရာပေးလိုက်ရခြင်းဖြစ်ပါတယ်။


iPhone / iPad ပေါ်က လိမ္မော်ရောင် အစက်ကလေးက ဘာကိုဆိုလိုတာလဲ

ထိုလိမ္မော်ရောင် အစက်ကလေးဟာ သင့်ဖုန်းထဲက အသံနဲ့ အသုံးပြုရမဲ့ App တစ်ခုခုကို သုံးတဲ့အချိန်ပေါ်လာမှာဖြစ်ပြီး အကြောင်းက သင်မိုက်ခရိုဖုန်း သုံးနေပြီဆိုတာကိုပြပေးတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ Siri သို့မဟုတ် ဖုန်းခေါ်တဲ့အချိန် ဖြစ်ဖြစ်  အသံနဲ့ ပတ်သက်တဲ့ App ကိုအသုံးပြုပြီဆိုတာနဲ့ အလျိုအလျောက် ပေါ်လာမှာဖြစ်ပါတယ် အမြဲတန်းပေါ်နေမှာတော့မဟုတ်ပါဘူး

ထိုလိမ္မော်ရောင်အစက်ကလေးဟာ အသံနဲ့ အသုံးမပြုရတယ့် App တွေမှာ ပေါ်နေရင်တော့ သေချာပါတယ် သင့်ရဲ့အသံတွေကို Track လုပ်နေပါပြီ။ယခင် iOS Version အဟောင်းတွေမှာ ယခုလို Function မပါဝင်တာကြောင့် App တစ်ခုဟာ သင့်ရဲ့ Privacy ကိုTrack လုပ်နေလားဆိုတာ မသိရှိခဲ့ရပါဘူး


iPhone / iPad ပေါ်က အစိမ်းရောင် အစက်ကလေးက ဘာကိုဆိုလိုတာလဲ

အစိမ်းရောင်အစက်ကလေးတွေကတော့ App တစ်ခုက ကင်မရာကို အသုံးပြုနေတဲ့အခါ ဓာတ်ပုံရိုက်တဲ့အခါတွေမှာ ပေါ်ပါတယ် ကင်မရာသုံးနေတဲ့အ ချိန် မိုက်ကရိုဖုန်းကောသုံးနိုင်တာကြောင့် လိမ္မော်ရောင် အစက်သီးသန့်ပေါ်မှာမဟုတ်ပဲ အစိမ်းရောင်အနေနဲ့ပဲပေါ်ပါမယ်။ ဒါဟာလဲ အပေါ်ကနည်းတူပါပဲ ပုံမှန်မဟုတ်တဲ့ App တစ်ခုဟာ ကင်မရာကို အသုံးမပြုပဲ အစိမ်းရောင်အစက်လေးပေါ်နေရင်တော့ သင့်ရဲ့ Privacy ကို Track လုပ်နေတယ်ဆိုတာ သိထားရပါမယ်။

App တွေဟာ သင့်ရဲ့ Privacy ကို ဘယ်အချိန် တွေကို Track နေတယ်ဆိုတာ မသိရှိနိုင်တာကြေင့်ယခုလို Function ကို ထည့်သွင်းပေးထားရခြင်းဖြစ်ပါတယ်။

သင့်ရဲ့ Privacy ကို Track လုပ်နေပြီဆိုတာ သတိထားမိပြီဆိုရင်တော့ အဲ့ဒီ App ကို အမြန်ဆုံးဖျက်ချလိုက်တာအကောင်းဆုံးပါပဲ။


ထိုအစက်ကလေးတွေပေါ်နေတဲ့အချိန် Control Center ကိုဆွဲချလိုက်ရင်ဘယ် App က Track လုပ်နေတယ်ဆိုတာပါပြပေးပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့်သင့်ရဲ့ Privacy ကို Apple က ဘယ်လောက်အလေးထားတယ်ဆိုတာ သိရှိရပါမယ်။

No comments:

Post a Comment