Tuesday, October 20, 2020

iPhone သုံးစွဲသူ အများစု သတိမထားမိသော မှော်ဆန်သည့် လုပ်ဆောင်ချက်များ

 

iPhone သုံးစွဲသူ အများစု သတိမထားမိသော မှော်ဆန်သည့် လုပ်ဆောင်ချက်များ

iPhone သုံးစွဲသူ အများစု သတိမထားမိသော မှော်ဆန်သည့် လုပ်ဆောင်ချက်များ

( 6 ) Shortcuts App ဖြင့် Siri ကို စိတ်ကြိုက် ခိုင်းစေနိုင်ခြင်း

Shortcuts App ကို အသုံးပြုပြီး ကိုယ့်စိတ်ကြိုက် အသံထွက်တွေဖြင့် Siri ကို စေခိုင်းဖို့အတွက် သင်ကြားပေးနိုင်ပါတယ်။

( 7 ) Musics တွေကို Timer ဖြင့် အလိုအလျှောက် ပိတ်အောင် စီမံခြင်း

ညဉ့်နက်ပိုင်းတွေမှာ သီချင်းနားထောင်တဲ့အခါ ဖွင့်ထားပြီး အလိုအလျှောက် ပိတ်သွားစေရန်အတွက် Timer ကို အသုံးပြုနိုင်ပါတယ်။

Clock App ထဲကို ဝင်။ Timer ထဲက When Timer Ends ကို ထပ်ပြီး ဝင်။ သီချင်းကို ပိတ်သွားစေချင်တဲ့ ကြာချိန်ကို Hours, Min & Sec ကို အသုံးပြုပြီး သတ်မှတ်ပေး။ အောက်ဆုံးအထိ ဆင်းသွားပြီး Stop Playing ကို Select လုပ်ပေးလိုက်ပြီး Set ကို နှိပ်။

( 8 ) Videos များကို မြန်နှုန်း ( ၄ ) မျိုးဖြင့် ရစ်ကြည့်နိုင်ခြင်း

ဒီနည်းလမ်းက Apple Device အသုံးပြုတဲ့ သူတွေအတွက် တကယ့်ကို အသုံးတည့်သည့် နည်းလမ်းပဲ ဖြစ်ပါတယ်။ Videos ကြည့်ရှုနေစဉ် ကိုယ်လိုချင်တဲ့ နေရာကို ကျော်ပြီး တနည်းအားဖြင့် ရစ်၍ ကြည့်ရှုခြင်းကို Apple က Scrubbing လုပ်တယ်လို့ ခေါ်ဝေါ် သုံးနှုန်းထားပါတယ်။

Default Mode အနေဖြင့် Hi – Speed Scrubbing ကို အသုံးပြုထားပါတယ်။ Hi – Speed ဟာ High Speed ဖြစ်တဲ့အတွက် လိုချင်တဲ့ နေရာကို ရောက်ရှိနိုင်ဖို့အတွက်က မလွယ်ပါဘူး။ ဒီတော့ ကျန်နေသေးတဲ့ Scrubbing Mode တွေကို ပြောင်းပြီး အသုံးပြုကြည့်ပါမယ် ။

ကြည့်နေတဲ့ Videos Screen ကို Tap လိုက်ပါ။ Playing လုပ်နေတဲ့ Scrolling Bar တန်းခေါ် မျဉ်းကြောင်းဖြူလေး အပေါ်က အဖြူရောင် အစက်ဝိုင်းလေးကို ဖိကြည့်လိုက်ပါ။ Default Mode ဖြစ်တဲ့ Hi – Speed Scrubbing ကို မြင်တွေ့ ရပါမယ်။ ဖိလက်စအတိုင်း အောက်ကို နည်းနည်း ထပ်ပြီး ဆွဲသွားရင် ဒုတ်ခနဲနဲ့အတူ Half – Speed Scrubbing၊ သူ့အောက်ကို ထပ်ဆွဲသွားရင် Quarter – Speed Scrubbing၊ သူ့အောက်ဆုံးမှာကတော့ Fine Scrubbing ဆိုပြီး Scrubbing Mode တွေကို ရွေးချယ်ပြီး မိမိကြည့်ရှုနေတဲ့ Videos တွေကို စိတ်ကြိုက် ကျော်နိုင် ရစ်နိုင် ကြည့်ရှုနိုင်ပါပြီ။

( 9 ) အသံအတိုးအကျယ် ခလုတ်များ ( Volume Button ) ဖြင့် ဓါတ်ပုံရိုက်ခြင်း

Screen ပေါ်က ဓါတ်ပုံရိုက်တဲ့ ခလုတ်ဖြစ်တဲ့ Capture Button ကို လက်က နှိပ်ဖို့ မဖြစ်နိုင်တဲ့ အခိုက်အတန့်မျိုး ကြုံလာခဲ့ပြီဆိုရင် အသံအတိုးအကျယ် ပြုလုပ်နိုင်တဲ့ Volume Button တွေကို အသုံးပြုပြီး ဓါတ်ပုံ ရိုက်လို့ ရပါတယ်။ ဒါ့အပြင် Earphone ( Ear Pod ) က အသံအတိုးအကျယ် ခလုတ်တွေနဲ့လည်း ရိုက်လို့ ရပါတယ်။

( 10 ) Capture Button ကို နှိပ်ပြီး ဓါတ်ပုံ အများအပြား ရိုက်ယူခြင်း

ဓါတ်ပုံရိုက်တဲ့အခါ အသုံးပြုရတဲ့ Capture Button ( အဖြူရောင်အဝိုင်း ခလုတ် ) ကို တဆက်ထဲ ဖိထားခြင်းဖြင့် ဓါတ်ပုံ အမြောက်အများကို ဆက်တိုက်ဆိုသလို လျှင်လျှင်မြန်မြန် ရိုက်ယူပေးသွားပါမယ်။ ဒီနည်းလမ်းဟာ ရွေ့လျားနေတဲ့ အရာတွေကို ဓါတ်ပုံရိုက်ယူရာတွင် အလွန်ကို အသုံးတည့်စေပါတယ်။ သူ့ကို Burst Mode

( 11 ) Messages များရဲ့ ပေးပို့သည့် အချိန်အား ကြည့်ရှုခြင်း

ကိုယ့်ဆီ ပေးပို့ထားတဲ့ Text Bubble ကို ဘယ်ဖက်သို့ ပွတ်ဆွဲပေးလိုက်ခြင်းဖြင့် Messages အားလုံးရဲ့ ပေးပို့လိုက်တဲ့ အချိန်များကို သိရှိနိုင်ပါတယ်။

( 12 ) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း

ရေပြင်ညီ အနေအထား လိုချင်လို့ ချိန်တာပဲဖြစ်ဖြစ်၊ နံရံမှာ ချိတ်ချင်လို့ ချိန်တာပဲဖြစ်ဖြစ်ပါ iPhone ကို ရေချိန်တိုင်းတဲ့ ကိရိယာအဖြစ် အသုံးပြုချင်တယ်ဆိုရင်တော့ Compass App ကို ဖွင့်ပြီး ဒီအတိုင်း ချိန်လို့ ရပါတယ်။ ( အရင် iOS Version အဟောင်းတွေမှာဆိုရင်တော့ Compass App ထဲကို ဝင်၊ ဘယ်ဖက်ကို ဆွဲလိုက်ရင် ရေချိန်တိုင်းတဲ့ ပုံလေး ပေါ်လာပါလိမ့်မယ် )

Compass App နဲ့က ရေချိန်တိုင်းလို့ အဆင်မပြေဘူးဆိုတဲ့ ယူစာအသစ်လေးတွေအတွက်ကတော့ Measure App ထဲကို ဝင်။ အောက်ဘယ်ဖက်က Level ကို နှိပ်။ အဲဒါဟာ ရေချိန်တိုင်းတဲ့ ကိရိယာပါပဲ။

( 13 ) Select လုပ်ပြီး ရွေးထားတဲ့ စာသားများကို အသံထွက် ဖတ်ခိုင်းစေနိုင်ခြင်း

Setting >> General >> Accessibility >> Speech >> Speak Selection ကို On ပေးထားခြင်းဖြင့် Select လုပ်ထားတဲ့ စာသား၊ စာကြောင်းများကို အသံထွက်ပြီး ဖတ်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

( 14 ) Screen ပေါ်ရှိ စာသား အားလုံးကို အသံထွက် ဖတ်ခိုင်းစေနိုင်ခြင်း

Setting >> General >> Accessibility >> Speech >> Speak Screen ကို On ပေးထားပြီး အသံထွက် နားထောင်လိုလာတဲ့အခါမှာ Screen အပေါ်ကို လက်နှစ်ချောင်းဖြင့် Tap ပြီး အောက်ကို ဖိဆွဲချလိုက်ရုံပါပဲ။

Screen ပေါ်ရှိ စာသားများ အားလုံးကို အလိုအလျှောက် အသံထွက်ပြီး ဖတ်ရှု ပေးသွားမှာပဲ ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ အသံရဲ့ မြန်မြန် နှေးနှေးတို့ကိုလည်း Adjust လုပ်ပေးနိုင်ပါဦးမယ်။ ယုန်ပုံလေးက အသံကို ပိုမြန်စေတာ။ လိပ်ကတော့ အသံကို နှေးသွားစေတဲ့ဟာပေါ့။

( 15 ) Spacebar ကို ( ၂ ) ချက်နှိပ်ပြီး ဝါကျအသစ် တစ်ကြောင်း စတင်ခြင်း

စာရေးသားနေရင်း Fullstop ဖြစ်တဲ့ အစက်ကလေး ချကာ ဝါကျအသစ် တစ်ကြောင်း စတင် ရေးသားလိုတဲ့အခါမျိုးမှာ Spacebar ကို ( ၂ ) ချက် နှိပ်ပေးလိုက်ခြင်းဖြင့် အချိန်ကုန် သက်သာစေမှာပဲ ဖြစ်ပါတယ်။ အဆိုပါ Spacebar ကို ( ၂ ) ချက် နှိပ်လိုက်ခြင်းဖြင့် Fullstop လို့ ခေါ်တဲ့ အစက်ကလေးရယ်၊ နေရာလွတ် Space လေး တစ်ခုရယ် အလိုအလျှောက် ပေါ်လာစေမှာပဲ ဖြစ်ပါတယ်။


( 16 ) Calendar ကို အသေးစိတ် ကြည့်ရှု အသုံးပြုခြင်း

Calendar App ထဲကို ဝင်ပြီး အလျားလိုက် Landscape အနေအထားကို ပြောင်းလိုက်တဲ့အခါမှာ Daily တွေကို အသေးစိတ် စီမံခန့်ခွဲ အသုံးပြုနိုင်ပါတယ်။

( 17 ) ဓါတ်ပုံရိုက်ရာတွင် Auto Focus နဲ့ Exposure တို့ကို Lock ချထားနိုင်ခြင်း

iPhone ရဲ့ ကင်မရာဟာ ဓါတ်ပုံတစ်ပုံကို ရိုက်တဲ့အခါမှာ Focus နဲ့ Exposure တို့ကို အလိုအလျှောက် ချိန်ညှိပေးနေလေ့ ရှိပါတယ်။ အဆိုပါ Auto အလုပ်လုပ်ပေးနေတဲ့ Focus နဲ့ Exposure တို့ကို Lock ချထားပြီး ဓါတ်ပုံ ရိုက်ယူခြင်ပါက Screen ကို ခပ်ကြာကြာ ဖိထားပေးလိုက် ရပါမယ်။ အဝါရောင် စတုရန်းကွက်လေး မှိတ်တုတ်မှိတ်တုတ် ( ၂ ) ခါ ဖြစ်ပြီးသွားလို့ Lock ဖြစ်သွားပြီဆိုပါက AE / AF Lock ဆိုတဲ့ အဝါရောင် စာတန်းပေါ်လာပါလိမ့်မယ်။

( 18 ) Tap တစ်ချက် နှိပ်ရုံဖြင့် Web Suffix များ ထည့်သွင်းခြင်း

Safari မှာ Web Address တစ်ခုကို ရိုက်ထည့်တဲ့အခါမှာ Keyboard ရဲ့ အောက်ဘက်မှာ ရှိတဲ့ ( . ) အစက်ကလေးကို ခပ်ကြာကြာလေး ဖိထားပေးလိုက်ပါက Web Suffix များဖြစ်သည့် ( .us , .org , .edu , .net , .com ) တို့ ပေါ်လာပါလိမ့်မယ်။ မိမိသွားချင်တဲ့ Web Address ရဲ့ Suffix ကို ရွေးချယ် ထည့်သွင်းပေးလိုက်ရုံပါပဲ။

( 19 ) Email Drafts များကို လျှင်မြန်စွာ ယူပြီး အသုံးပြုခြင်း

Mail App ထဲရှိ ညာဖက် အောက်နားလေးက Compose အိုင်ကွန် ( စာရေးတဲ့ဟာ ) လေးကို ခပ်ကြာကြာလေး ဖိထားပေးလိုက်ပါက Draft ထဲက Mails များကို အလွယ်တကူ ယူငင်ပြီး အသုံးပြုနိုင်ပါတယ်။

( 20 ) Vibrate ခေါ် တုန်ခါမှုကို မိမိစိတ်ကြိုက် ပြင်ဆင်ခြင်း

Setting >> Sounds & Haptics >> Ringtone >> Vibration >> Create New Vibration ကို နှိပ်ပြီး Contacts များအတွက် Vibration Pattern များကို စိတ်ကြိုက် ပြုလုပ် သတ်မှတ် ပေးနိုင်ပါတယ်။

ဒီတော့ Messages တို့, ဖုန်း Calls တို့ ဝင်ရောက်လာတဲ့အခါမှာ Vibrate ( တုန်ခါမှု ) အပေါ် မူတည်ပြီး Contacts တွေကို လွယ်ကူစွာ ခွဲခြား သိရှိနိုင်တာပေါ့။

( 21 ) Keyboard မှ Text Replacement ကို စိတ်ကြိုက် ဖန်တီးပြုလုပ်ခြင်း

Setting >> General >> Keyboard >> Text Replacement >> ( + ) လေးကို နှိပ်ပြီး စကားလုံး တစ်လုံး ( သို့မဟုတ် ) စကားစု တစ်စု , Emoji ပုံ တစ်ခုတို့ကို အစားထိုးပြီး Shortcuts တစ်ခုအဖြစ် ဖန်တီးထားနိုင်ပါတယ်။ omw လို့ Shortcuts စာသားကို ရိုက်လိုက်ပါက On my way ! ဆိုတဲ့ စကားစုက အစားထိုး ပေးသွားမှာပဲ ဖြစ်ပါတယ် ။ iPhone လို့ Shortcuts စာသားကို ရိုက်လိုက်ပါက Emoji အိုင်ကွန်လေးဖြစ်တဲ့ ပန်းသီးခြမ်းပဲ့ (  ) ပုံလေး ပေါ်အောင်ကလည်း ဒီနေရာကနေ လုပ်ပေးသွားရမှာပဲ ဖြစ်ပါတယ်။

( 22 ) Alerts ( သတိပေးချက် ) များကို LED Flash ဖြင့် ဖော်ပြစေခြင်း

ဖုန်း Calls ဝင်တဲ့အခါ ( သို့မဟုတ် ) SMS Messages ဝင်တဲ့အခါမှာ Ringtones အသံ, Vibrate စနစ်တွေအပြင် LED Flash နဲ့ပါ အချက်ပြပေးစေလိုတဲ့အခါမှာ Setting >> General >> Accessibility >> LED Flash for Alerts >> LED Flash for Alerts ကို On ထားပေးပြီး အသုံးပြုနိုင်ပါတယ်။

( 23 ) Messages မှာ စာလုံးအရေအတွက်ကို ရေတွက်ကြည့်ခြင်း

Setting >> Messages >> Character Count ကို On ပေးထားပါက Messages App တွင် ကိုယ်ရိုက်သည့် စာလုံးအရေအတွက်ကို ဘယ်ဖက်ဒေါင့်တွင် ဖော်ပြပေးပါတယ်။ English စာလုံးရေ ( ၁၆၀ ) လုံးဟာ မြန်မာစာလုံးရေ ( ရ၀ ) လုံးဖြင့် ညီမျှမှု ရှိပါတယ်။

( 24 ) ဖုန်းအဝင် Calls များတွင် Contacts Name များကို အသံထွက်ပြီး ခေါ်ဆိုစေနိုင်ခြင်း

Setting >> Phone >> Announce Calls >> Always ကို ရွေးပေးထားပါက ကိုယ့်ဆီ ဖုန်း Calls ဝင်လာတဲ့အခါ ခေါ်ဆိုသည့် Contacts Name ကို အသံထွက်ပြီး ခေါ်ဆိုပေးမှာပဲ ဖြစ်ပါတယ်။ Contacts Name တွေက English လို ရေးထားပေးဖို့တော့ လိုတာပေါ့လေ။

( 25 ) Oxford American စာရေးဆရာတွေရဲ့ နာမည်ကြီး ဝေါဟာရပဒေသာ Dictionary ( Thesaurus ) ကို တစ်ပြားမှ မကုန်ပဲ ထည့်သုံးနိုင်ခြင်း

Setting >> General >> Dictionary >> American English ( Oxford American Writer’s Thesaurus ) ကို install လုပ်ပေးလိုက်ပြီး iOS အပေါ်ရှိ မည်သည့်နေရာကနေမဆို ကိုယ်သိချင်တဲ့ စကားစုကို Select လုပ်ပေးကာ Look Up မှတဆင့် သက်ဆိုင်ရာ စကားစုရဲ့ အဓိပ္ပါယ်ကို လွယ်ကူ လျှင်မြန်စွာ ရှာဖွေ သိရှိနိုင်ပါတယ်။


( 26 ) ချစ်စရာ Text ပုံလေးတွေနဲ့ စာပို့နိုင်ခြင်း

ASCIImoji ဟာ လိုင်းပေါ်မှာ မည်သူ့ဆီကိုမဆို ပို့ဆောင်ပေးလို့ ရသလို မည်သည့် Applications မည်သည့် Software မှ မလိုအပ်ပဲ လက်ခံ ရယူနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ASCIImoji ရဲ့ emoticons တွေဟာ Text တွေနဲ့ ဖန်တီးထားလို့ပဲ ဖြစ်ပါတယ်။ ဥပမာပေါ့ ʕ·͡ᴥ·ʔ ဒါဟာ Text နဲ့ ရိုက်ထားတဲ့ Bear ပါပဲ။

( ͡° ͜ʖ ͡°)

ʕ•̫͡•ʕ•̫͡•ʔ•̫͡•ʔ•̫͡•ʕ•̫͡•ʔ•̫͡•ʕ•̫͡•ʕ•̫͡•ʔ•̫͡•ʔ•̫͡•ʕ•̫͡•ʔ•̫͡•ʔ

( ◠‿◠ )( ◠‿◠ )(╹◡╹)

˚✧₊⁎❝᷀ົཽ≀ˍ̮ ❝᷀ົཽ⁎⁺˳✧༚

ဒီလောက်ဆို သဘောပေါက်ရောပေါ့။ Setting >> General ကနေ Keyboard >> ပြီး Keyboards ကနေ Add New Keyboard >> နောက်ပြီး Japanese ကို ရှာပြီး နှိပ်လိုက်။ အဲဒီတော့ ရွေးပေးရမှာက Kana။ ပြီးရင် Done ကို နှိပ်လိုက်။ ဒါဆို ပြီးပါပြီ။


 

No comments:

Post a Comment