Sunday, October 25, 2020

iPhone 12 Pro Series နှင့် iPad Pro 2020 မှာ ပါဝင်တဲ့ LiDAR Scanner ကိုအသုံးပြု၍ လူတစ်ယောက်၏ အရပ်အမြင့်ကို တိုင်းတာနိုင်ပြီ

 

iPhone 12 Pro Series နှင့် iPad Pro 2020 မှာ ပါဝင်တဲ့ LiDAR Scanner ကိုအသုံးပြု၍ လူတစ်ယောက်၏ အရပ်အမြင့်ကို တိုင်းတာနိုင်ပြီ

iPhone 12 Pro Series နှင့် iPad Pro 2020 တွေမှာ LiDAR Scanner ဆိုတဲ့ အာရုံခံ ကိရိယာအသစ်ပါဝင်ပါတယ် ထိုအာရုံခံကိရိယာဟာ ထူးခြားတဲ့ အရာဝတ္ထုပစ္စည်းများကိုပါ တိုင်းတာလာနိုင်ပါပြီ။ အာရုံခံကိရိယာအသစ်ကြောင့် Measure App ကိုအသုံးပြု၍ လူတစ်ဦး၏ အရပ်အမြင့်ကို ချက်ချင်းတိုင်းတာနိုင်ပါတယ် Apple ရဲ့ အဆိုအရလူတစ်ယောက်ဟာ ထိုင်ခိုင်ပေါ်မှာ ရပ်နေရင်တောင် ထိုထိုင်ခုံကို ကွက်ပြီး လူတစ်ယောက်ရဲ့ အရပ်ကို တိကျစွာတိုင်းတာပေးနိုင်တယ်လို့ ဆိုထားပါတယ်။

Measure App သည်လူတစ်ဦးအား viewfinder တွင်ရှာဖွေတဲ့အခါ လူတစ်ဦး၏အရပ်အမြင့်ကို မြေမှ ဦးခေါင်း ဦးထုပ် သို့မဟုတ် ဆံပင်ထိပ်အထိ အလျိုအလျောက်တိုင်းတာပေးပါသည်။



Setting > Measure > Measure Unit ကို Metric လို့ပြောင်းထားပေးရပါမယ် မပြောင်းပါက ရွေးချယ်ထားတဲလအပေါ်မူတည်ပြီး ပေ နှင့် လက်မ သို့မဟုတ် စင်တီမီတာ အဖြစ်ဖော်ပြပါလိမ့်မယ်

No comments:

Post a Comment