Thursday, October 22, 2020


 

iPhone တစ်လုံး စဝယ်ပြီးဆိုတာနဲ့သိထားသင့်တဲ့ အကြောင်းအရာများ
𝐀𝐩𝐩𝐥𝐞 𝐈𝐃(𝐢𝐂𝐥𝐨𝐮𝐝)
~~~~~~~~~~~~
iPhone တစ်လုံးစဝယ်ပြီဆိုတာနဲ့ သင့်စီမှာ
Apple ID(iCloud) ရှိဖို့လိုပါတယ်
အဲ့ဒါမှသာ iPhone အတွက် လိုအပ်တဲ့
App တွေကို App Store မှာ
Download သွားဆွဲလို့ရမှာပါ။
Apple ID ဖွင့်ဖို့အတွက် iPhone Setting ရဲ့ ထိပ်ဆုံးကနေ
Create Account လုပ်ပြီးဖွင့်လို့ရပါတယ်။
Apple ID ဖွင့်ပြီးတာနဲ့ Find My iPhone ကိုအသေအချာ On ထားဖို့အရေးကြီးပါတယ်။
𝐂𝐡𝐞𝐜𝐤 𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 𝐃𝐚𝐭𝐞
~~~~~~~~~~~~~~~~
ကိုယ်ကအခုမှ iPhone အသစ်တစ်လုံးကိုစဝယ်မယ်
အဲ့ဒီ iPhone ကအသစ်ဟုတ်မဟုတ်ကိုသိဖို့ကို
ဖုန်းမဖွင့်ခင် Packing မဖောက်ခင်အချိန်မှာ
Activate လုပ်ထားလားမလုပျထားဘူးလားကို
ဖုန်းဗူးက IMEI Number/Serial Number
ကိုရိုက်ထည့်ပြီးစစ်နိုင်ပါတယ်။
Please Activate iPhone ဆိုတာ
ပြနေရင်တော့သေချာပါတယ်
အခု iPhone ကအသစ်အလုံးဖြစ်ပါတယ်။
ဖုန်းဗူးဖွင့် Activation တွေလုပ်ပြီးတာနဲ့
Phone ရဲ့ Warranty Date(အာမခံကုန်ဆုံးမဲ့ရက်)
ကို Setting>General>About ထဲမှာတွေ့ရပါလိမ့်မယ်။
Settings မှာ Warranty Date ပေါ်ဖို့အတွက်
ဖုန်းထဲမှာ Apple ID(iCloud) Sign in လုပ်ထားဖို့လိုပါတယ်။
𝐂𝐡𝐞𝐜𝐤 𝐫𝐞𝐟𝐮𝐫𝐛𝐢𝐬𝐡𝐞𝐝 𝐎𝐫 𝐍𝐞𝐰
~~~~~~~~~~~~~~~~~~~
Settings>General>About>Model Number မှာ
A နဲ့စနေရင်တစ်ချက်နှိပ်လိုက် ပြောင်းသွားပါလိမ့်မယ်
အဲ့မှာမ Model Number ဟာ
M နဲ့စရင် လုံးဝအသစ်စက်စက်အလုံး
N နဲ့စရင် Apple Replacement
ခုဏက M အလုံး Error တက်လို့
အဲ့ဒီအလုံးအစား Apple ကအသစ်လှဲပေးလိုက်တဲ့ အလုံး
F နဲ့စရင် Refurbished အလုံး
Refurbished မှာမှ ပါကင်ဗူးပေါ်မှာ Apple Certified Pre-Owned လို့ပါရင်
Apple ကထုတ်တဲ့ Refurbished အလုံး
အဲ့လိုမှမပါဘူးဆိုရင်တော့ မဝယ်သင့်ပါဘူး။
𝐂𝐡𝐞𝐜𝐤 𝐒𝐢𝐦 𝐋𝐨𝐜𝐤/𝐔𝐧𝐥𝐨𝐜𝐤(𝐢𝐎𝐒 𝟏𝟒)
~~~~~~~~~~~~~~~~~~~~~~
ကိုယ်ဝယ်လိုက်တဲ့ Phone ဟာ
Sim Lock အလုံးလား
Unlock အလုံးလားစစ်ဖို့လည်းလိုပါတယ်။
Sim Unlock အလုံးဆိုတာ ကြိုက်တဲ့နိုင်ငံမှာ ကြိုက်တဲ့ Sim ထည့်သုံးလို့ရပြီး
Sim Lock အလုံးဆိုတာ သူ့သတ်မှတ်ထားတဲ့နိုင်ငံမှာ သူ့သတ်မှတ်ထားတဲ့
Sim Card ပဲသုံးလို့ရတဲ့အလုံးပါ
အဲ့လိုအလုံးတွေကိုသုံးဖို့အတွက်ဆို
rSim ခံပြီးသုံး ဒါမှမဟုတ်ရင်
Sim Lock ဖြည်ပြီးသုံးရပါမယ်။
Used iPhone တွေဝယ်မယ်ဆို
ဒီအချက်ကိုသေချာစစ်ဖို့လိုပါတယ်။
Sim Lock အလုံးဆိုရင်မဝယ်သင့်ပါဘူး
Setting>General>About>Carrier Lock မှာ No Sim Restrictions လို့ပေါ်နေရင်
Unlock အလုံးပါ။
Sim Restrictions လို့ပေါ်နေရင် Lock အလုံးပါ။
𝐒𝐞𝐭 𝐔𝐩 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐧𝐭 & 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝(𝐔𝐧𝐢𝐜𝐨𝐝𝐞)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Setting>Keyboard>Keyboard>Add New Keyboard>Add Burmese(Unicode)
ကိုရွေးပါ။
𝐒𝐞𝐭 𝐔𝐩 𝐄𝐚𝐬𝐲 𝐓𝐨𝐮𝐜𝐡
~~~~~~~~~~~~~~
iOS Users တိုင်း Easy Touch လို့ခေါ်တဲ့ Assistive Touch ဖော်ပြီးသုံးကြပါတယ်။
Settings>Accessibility>Touch>AssistiveTouch ကို On လိုက်ရင် Easy Touch လေးပေါ်လာပါလိမ့်မယ်။
𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐂𝐞𝐧𝐭𝐞𝐫
~~~~~~~~~~~~~~~~~~
Original Control Center မှာ Flash Light,Timer,Calculator,Camera အဲ့ဒါတွေပဲပါ ပါတယ်။
အဲ့ဒါကိုမှ ထပ်တိုးထည့်ချင်ရင် Setting>Control Center ထဲက More Control မှာ ကိုယ်ထည့်ချင်တဲ့
Setting တွေကိုထပ်ထည့်လို့်ရပါတယ်။
𝐃𝐨𝐧’𝐭 𝐀𝐥𝐥𝐨𝐰 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐂𝐞𝐧𝐭𝐞𝐫 𝐖𝐡𝐞𝐧 𝐋𝐨𝐜𝐤𝐞𝐝
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Control Center ဆိုတာ Wifi, Cellular Data, AirPlane Mode
တွေကို အလွယ်တကူ အဖွင့်အပိတ်လုပ်လို့ရတဲ့နေရာပါ။
ဒါပေမဲ့ ကိုယ်ကဖုန်းကို Lock ချထားတဲ့အချိန်မှာ အဲ့ဒီ Control Center ရဲ့
လုပ်ဆောင်မှုတွေကို အလွယ်တကူ Access မပေးသင့်ပါဘူး။
တကယ်လို့များ ဖုန်းများပျောက်သွားခဲ့ရင် ကောက်ရတဲ့လူက
Control Center ကိုဆွဲချပြီး ကိုယ့်ဖုန်းကို အလွယ်တကူ Wifi,Cellular ပိတ်တာတွေ
လုပ်လို့ရသွားမှာပါ။
အဲ့ဒီအတွက် Phone Lock လုပ်ထားတဲ့အချိန်မှာ Control Center Access ကိုပိတ်ထားပေးသင့်ပါတယ်။
Setting>Touch ID or Face ID & Passcode>Allow Access When Locked မှာ Control Center ကို Off
ထားသင့်ပါတယ်။
𝐂𝐡𝐞𝐜𝐤 𝐃𝐞𝐯𝐢𝐜𝐞 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐇𝐞𝐚𝐥𝐭𝐡
~~~~~~~~~~~~~~~~~~~~~
ဒါကတော့ Used iPhone တွေဝယ်မဲ့ Users တွေအတွက်ပါ
iPhone တစ်လုံးရဲ့ Battery အခြေအနေကို Battery Health ကိုကြည့်ပြီး
အတိအကျမဟုတ်ရင်တောင် အကြမ်းအားဖြင့်တော့သိနိုင်ပါတယ်။
Setting>Battery>Battery Health ထဲမှာဝင်ကြည့်နိုင်ပါတယ်။
80% အောက်ရောက်နေရင် Battery အခြေအနေမကောင်းပါဘူး။
80% to 90% ဆို အသင့်အတင့်ကောင်း
90 % to 100% ဆို အကောင်းဆုံးပေါ့ဗျာ။
𝐅𝐥𝐚𝐬𝐡 𝐀𝐥𝐞𝐫𝐭𝐬 𝐖𝐡𝐞𝐧 𝐘𝐨𝐮 𝐆𝐞𝐭 𝐀 𝐍𝐨𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖုန်းလာတာဖြစ်ဖြစ် Noti ဝင်တာဖြစ်ဖြစ် Flash မီးလင်းဖို့အတွက်ဆို
Settings>Accessibility>Audio/Visual>Led Flash for Alerts ကို On ထားပါ။
𝐌𝐢𝐜𝐫𝐨𝐩𝐡𝐨𝐧𝐞 𝐚𝐧𝐝 𝐜𝐚𝐦𝐞𝐫𝐚 𝐚𝐜𝐜𝐞𝐬𝐬 𝐋𝐢𝐠𝐡𝐭
~~~~~~~~~~~~~~~~~~~~~~~~~~~
iOS 14 ကနေစပြီး Microphone ကိုအသုံးပြုနေရင် Screen ညာဖက်ထိပ်နားမှာ "မီးအဝါ"
Camera ကိုအသုံးပြုနေရင် "မီးအစိမ်း"ဆိုပြီး လင်းပါတယ်။
အဲ့လိုမျိုးမီးလင်ရင် ငါ့ဖုန်း Screen ကကြောင်နေတာလားလို့ မထင်စေချင်ပါဘူး။
𝐀𝐜𝐜𝐞𝐬𝐬 𝐏𝐡𝐨𝐭𝐨𝐬 𝐅𝐨𝐫 𝐀𝐩𝐩𝐬
~~~~~~~~~~~~~~~~~~
iOS 14 ကစပြီး Photos Access အတွက် Privacy Setting Update
တစ်ခုပါလာပါတယ်။
အဲ့ဒါက App တစ်ခုခုကနေ Photos တွေကိုရွေးတဲ့အခါ
ရှိသမျှပုံအားလုံးကို Access ပေးမလား Selete လုပ်ပြီးပေးမလား
ဘာညာရွေးရပါတယ်။
အဲ့မှာ Selected Photos သာရွေးလိုက်ပြီဆိုရင်ကျန်တဲ့ပုံတွေကိုရွေးလို့ရမှာမဟုတ်တော့ပါဘူး။
Privacy Setting ပြန်ပြောင်းချင်ရင်
Settings>Privacy ထဲက Photos ထဲမှာ ကိုသုံးနေတဲ့ App ကိုရှာ All Photos ကိုသာအမှန်ခြစ်ထားလိုက်ပါ။
ဒီလောက်ဆိုရင် အတော်ပြည့်စုံပြီးလို့ထင်ပါတယ်

No comments:

Post a Comment