Monday, October 19, 2020

iPhone Speaker ထဲမှာဝင်နေတဲ့ရေတွေကို Shortcuts တခုနဲ့ဘယ်လိုထုတ်မလဲ?

 


iPhone Speaker ထဲမှာဝင်နေတဲ့ရေတွေကို Shortcuts တခုနဲ့ဘယ်လိုထုတ်မလဲ?

 

ဒီနေ့ပြောပြပေးသွားမှာကတော့ iPhone Speaker ထဲဝင်နေတဲ့ ရေတွေကို Shortcuts တခုလေးနဲ့ဘယ်လိုထုတ်မလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ် .. iPhone 7 ကစပြီး IP67 Water Resistant ဖြစ်လာပြီဆိုတော့ မိမိဖုန်းကိုရေစိုတဲ့နေရာတွေယူသွားလို့ရပါပြီ .. ဒါပေမယ့် Speaker တွေထဲရေဝင်သွားတဲ့အခါ အသံတိုးသွားတတ်ပါတယ် .. အဲ့အခါ သီချင်း 5 ပုဒ်လောက်ကို အသံအမြင့်ဆုံးထားပြီးဖွင့်ထားလိုက်ရင် Speaker ရဲ့တုန်ခါမှုနဲ့ ရေတွေအလိုလိုထွက်သွားပါတယ် .. အခုနည်းလေးကတော့ သီချင်းဖွင့်စရာမလိုပဲ Shortcuts တခုနဲ့ ရေထုတ်တဲ့နည်းပဲဖြစ်ပါတယ်

Step 1 – ပထမဆုံး iOS 14 တင်ထားရပါမယ် .. ပြီးရင် Settings > Shortcuts > Allow Untrusted Shortcuts ကို on ပေးရပါမယ် .. တကယ်လို့ အဲ့ဒီ Option မပါလာဘူးဆိုရင် Shortcuts app ထဲက Shortcuts တခုခုကို run ပြီးမှ ပြန်ဖွင့်ကြည့်ပါ


 Step 2 – https://www.icloud.com/shortcuts/44d02587cec14f09bc53355760fa8ae9 .. ပေးထားတဲ့ link ကိုနှိပ်ပြီး Add Untrusted Shortcut ကိုနှိပ်ပါ


Step 3 – ဒါဆိုရင် Water Eject ဆိုတဲ့ Shortcuts လေးပေါ်လာပါပြီ .. အဲ့ဒီ Shortcut ကိုနှိပ်ပြီး Begin Water Ejection ကိုနှိပ်လိုက်ရင် Speaker တုန်ခါမှုအမြင့်ဆုံးဖြစ်စေတဲ့ အသံတသံပေါ်လာပြီး ရေတွေထွက်အောင်လုပ်ပါလိမ့်မယ် .. တခါတည်း run ရုံနဲ့ရေအကုန်မထွက်ရင် ထပ်ခါထပ်ခါ run ပြီး ရေကုန်တဲ့ထိလုပ်လို့ရပါတယ်


 Video tutorial ကြည့်ချင်ရင် YouTube မှာတင်ပေးထားပါတယ် > https://www.youtube.com/watch?v=4anXMeWtzIA

No comments:

Post a Comment