Sunday, November 11, 2018

LL/A နဲ့ ZP/A ဘယ်ဟာပိုကောင်းလဲ…?

LL/A နဲ့ ZP/A ဘယ်ဟာပိုကောင်းလဲ…? Intel/Qualcomm Modems ဘယ်ဟာပိုကောင်းလဲ /ဘယ်လိုခွဲမလဲ…?

iPhones တွေအတွက် Hardware Parts တွေကို apple က တစ်ကမ္ဘာလုံးက Distributors တွေဆီကနေ မှာယူပြီး တရုတ်နိုင်ငံက Faxconn နဲ့ Petagron စက်ရုံတွေမှာ တပ်ဆင်ပါတယ်…
တပ်ဆင်တဲ့အဆင့်ပြီးလို့ နိုင်ငံတွေကို ဖြန့်ဖြူးဖို့ ထုတ်ပိုးတဲ့အခါမှာ နိုင်ငံအလိုက် packing ပုံစံတွေ Model no.တွေ LL/A ZP/A စသည်ဖြင့် ခွဲခြားပြီး ဖြန့်ဖြူးပါတယ်…
ဘာလို့ model no. တွေခွဲရတာလဲ…?
ဂျပန်တို့ ကိုရီးယားတို့မှာ ဓာတ်ပုံခိုးရိုက်ကြတဲ့အတွက် J/A japan အလုံးတို့ KH ကိုရီးယားအလုံးတို့မှာဆိုရင် camera ရိုက်ရင် အသံပိတ်(silent/mute) လုပ်ရိုက်လို့ မရပါဘူး အသံထွက်ပါတယ်…
(third party camera apps တော်တော်များများလဲ အသံပိတ်ရိုက်လို့မရပါဘူး… jailbreak လုပ်ထားရင်တော့ အသံပိတ်လို့ရပါတယ်…)

အဲ့လိုပဲ 2pin plugs တွေပဲသုံးတဲ့ US အတွက် ထုတ်တဲ့ LL/A အလုံးတွေမှာဆို 2pin Adapter တွေဖြစ်ပြီး 3pin plugs တွေသုံးတဲ့ Singapore အလုံးတွေအတွက်ကျ 3pin Adapter တွေနဲ့လာပါတယ်…
*ဆိုလိုတာက apple က iphones အားလုံးရဲ့ Quality ကိုတော့ တစ်ကမ္ဘာလုံးအတွက် တစ်တန်းတည်း ပဲ ထုတ်လုပ်ထားတာပါ…*
Regional Codes တွေ ကွာသွားရခြင်းက နိုင်ငံအလိုက် မတူညီတဲ့ Adapters ပုံစံတွေကြောင့် Packing ထဲက Adapters တွေသာ ကွာသွားပြီး Quality ကတော့ အတူတူပါပဲ…
အဲ့လိုပဲ…ကင်မရာခိုးရိုက်ခွင့်တားမြစ်ထားတဲ့ နိုင်ငံမျိုးတွေဆို camera shutter sound ပိတ်မရတာမျိုးပဲရှိမှာပါ…Quality ကတော့ အတူတူပါပဲ…
(ဒါကြောင့်မို့ မိတ်ဆွေအလုံးက LL/A မို့ ပိုကောင်းတယ် ကျွန်တော်က ZP/A မို့ Quality ညံ့တယ်ဆိုတာမျိုးမရှိပါဘူး…iphones အားလုံး အတူတူပါပဲ…)
***Region Codes တွေကို ဓာတ်ပုံထဲမှာ ပြထားပါတယ်…***
Model No. သိဖို့အတွက် setting>general>Model ကိုသွားပါ နောက်ဆုံးက ဆုံးတဲ့ LL/A B/A စသည်ဖြင့် အဲ့ဒါ Regional Code ပါ
LL/A နဲ့ ZP/A , ZA ဘယ်ဟာဝယ်သင့်လဲဆိုတော့ Quality ကတော့ အတူတူပဲခင်ဗျ…
ဒါပေမဲ့ တစ်ခုရှိတာက မိတ်ဆွေဖုန်းတစ်စုံတစ်ရာ ချို့ယွင်းလို့ warranty နဲ့ ပြန်ပို့ရပြီဆိုရင် LL/A အလုံးတွေဟာ US ကို ပို့ရတာ ဖြစ်တဲ့အတွက် အချိန်ကြာနိုင်ပါတယ်…
ZA လို အလုံးချို့ယွင်းရင်ကျ Singapore ကိုပဲ ပို့ရမှာ ဖြစ်တဲ့အတွက် LL/A ထက်စာရင် ပိုမြန်မယ်လို့ထင်မိပါတယ်…
(ဒါပေမဲ့ ကိုယ်သဘောကျရာ သာရွေးဝယ်ကြပါ…:D)
 နောက်တစ်ချက်အနေနဲ့က iphone7/7+ ပိုင်ရှင်တွေ Intel Modem နဲ့ Qualcomm Modem ဘယ်ဟာပိုကောင်းလဲ…?
ဘယ်လိုခွဲရမလဲ…?
Qualcomm က Intel ထက် Ultra HD voice, Cellular/LTE မြန်နှူန်းတွေမှာ အနည်းငယ်သာလွန်ပါတယ်…
(ဒါမဲ့ Intel Modem ပိုင်ရှင်တွေ စိတ်မညစ်ပါနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သုံးတာ ဖြစ်တဲ့အတွက် internet speed ကတော့ အထူးပြောစရာမလိုပါဘူး…:D အရမ်းကြီး ကွာခြားသွားတာမျိုးမဟုတ်ပါဘူး…ဖုန်းပြောတဲ့ အပိုင်းနဲ့ internet speed/LTE အနည်းငယ်ပဲ ကွာတာပါ…)
Intel လား Qualcomm လားခွဲဖို့ အတွက်
Setting>general>about>Legal>Regulatory
ကိုသွားပါ
အပေါ်ဆုံးမှာရေးထားတဲ့ Model A1784/1778, A1660/1661 စသည်ဖြင့်တွေ့ပါလိမ့်မယ်
👉A1784/1778 တွေက Intel LTE Modems တွေ
ဖြစ်ပြီး
👉A1660/1661 တွေက Qualcomm
Modems တွေပါ…
 အားလုံးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ…

1 comment:

  1. ပြည်ကြီးမဏ္ဍိုင်: Ll/A နဲ့ Zp/A ဘယ်ဟာပိုကောင်းလဲ…? >>>>> Download Now

    >>>>> Download Full

    ပြည်ကြီးမဏ္ဍိုင်: Ll/A နဲ့ Zp/A ဘယ်ဟာပိုကောင်းလဲ…? >>>>> Download LINK

    >>>>> Download Now

    ပြည်ကြီးမဏ္ဍိုင်: Ll/A နဲ့ Zp/A ဘယ်ဟာပိုကောင်းလဲ…? >>>>> Download Full

    >>>>> Download LINK

    ReplyDelete