Sunday, July 9, 2023

Low Power Mode အမြဲတမ်းဖွင့်ထားရင် ဘာတွေ ဖြစ်တတ်လဲ ?

 


Low Power Mode အမြဲတမ်းဖွင့်ထားရင် ဘာတွေ ဖြစ်တတ်လဲ ? 


iPhone User တစ်ချိုက အားပိုခံအောင်ဆိုပြီး Low Power Mode ကို အားပြည့်နေရင်တောင် မလိုအပ်ပဲ ဖွင့်ထားတတ်ပါတယ်။ 


ဒီလို အားအပြည့်ရှိပြီး Low Power Mode ဖွင့်ထားတာက iPhone ရဲ့  တစ်ချို Feature တွေကို ထိခိုက်စေပါတယ်။ 


ဘယ်လို Feature တွေကို ထိခိုက်လည်းဆိုရင် .. 


- Email ပေးပိုခြင်း၊လက်ခံရယူခြင်း

- အလိုအလျောက် Downloads ဆွဲနေတာမျိုးတွေကို ရပ်ဆိုင်းပေးခြင်း

- Auto-Lock ကို Defaults 30 Seconds အဖြစ်ပြောင်းလဲပေးခြင်း။

- iCloud Photos (ယာယီ ရပ်ဆိုင်းခြင်း) 

- Video Streaming ပြုလုပ်တာကလွဲလို Cellular ထောက်ပံ့သောနေရာတွေမှာ Cellular ရပ်ဆိုင်းထားခြင်း

- Background App Refresh မလုပ်ခြင်း

- Some Visual Effects မရတော့ခြင်း 


စတဲ့ Feature တွေများစွာကို ရပ်တန့်ထားပေးပါတယ်။ 


ဒါဆို Low Power Mode ကို ဘယ်အချိန်မှာ ဖွင့်ထားသင့်လဲ ? 


Low Power Mode ကို ဖုန်းအားကုန်ခါနီး 20% အောက်ရောက်နေတဲ့ အချိန်မျိုးဖွင့်မယ်ဆိုရင်တော့ ပိုပြီး အသုံးပြုရ အဆင်ပြေပါလိမ့်မယ်။ 

No comments:

Post a Comment