Wednesday, October 21, 2020

macOS မှာ မြန်မာ Font နဲ့ မြန်မာ Keyboard ထည့်သွင်းနည်း (Both ZawGyi and Unicode)

 


ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ macOS မှာ မြန်မာဖောင့်နဲ့ မြန်မာကီးဘုတ်ကို လွယ်လွယ်ကူကူနဲ့ ထည့်သွင်းနည်းလေးပဲဖြစ်ပါတယ် .. ကျွန်တော်ပြောပြမယ့် နည်းလမ်းလေးအတိုင်းလိုက်လုပ်ဖို့ဆိုရင် သင့်ရဲ့ MacBook မှာ macOS Catalina နဲ့အထက် သွင်းထားဖို့လိုပါတယ်

Step 1 – အရင်ဆုံးကိုယ်က ZawGyi သုံးမှာလား, Unicode သုံးမှာလားဆုံးဖြတ်ရပါမယ် .. ပြီးရင် System Preference ထဲကိုဝင်ပါ

Step 2 – Language & Region ထဲဝင်ပါ

Step 3 – Preferred Language ထဲမှာ (+) ကိုနှိပ်ပြီး Burmese (မြန်မာစာ) Language ကို Add လုပ်လိုက်ပါ .. ပြီးရင် မြန်မာစာ ဘေးက (i) ပုံလေးကိုနှိပ်ပြီး Unicode သုံးမှာလား ZawGyi သုံးမှာလားရွေးပေးရပါမယ် .. Unicode သုံးမယ်ဆို Standard (Recommended) ကိုရွေးပေးပြီး ZawGyi သုံးမယ်ဆို ZawGyi ကိုရွေးပေးပါ .. ဒါဆိုရင် Font ထည့်ပြီးသွားပါပြီ

Step 4 – Language & Region ထဲက တဆင့်ပြန်ထွက်ပြီး Keyboard ထဲဝင်ပါ .. Keyboard ထဲရောက်ရင် အပေါ်က Tab လေးတွေကနေ Input Sources ထဲဝင်ပါ .. အဲ့မှာ (+) ကိုလေးနှိပ်ပြီး မြန်မာ Keyboard Add လိုက်ပါ .. ဒါဆိုရင် Font ရော Keyboard ပါ Add လုပ်ပြီးသွားပါပြီ

Step 3 မှာသင်ဟာ Unicode ထားခဲ့တယ်ဆိုရင် Keyboard ဟာ Unicode Keyboard ဖြစ်နေမှာဖြစ်ပြီး ZawGyi ရွေးခဲ့ရင် ZawGyi Keyboard အလိုအလျောက်ဖြစ်နေမှာဖြစ်ပါတယ် .. Keyboard Layout ကို ညာဖက်မှာတွေ့မြင်ရမှာဖြစ်ပြီး Shift Key ကိုဖိကာ Keyboard Layout အပြည့်အစုံကိုလေ့လာနိုင်မှာဖြစ်ပါတယ်


Build-in ပါတဲ့ Keyboard ကိုမကြိုက်ရင် KeyMagic Keyboard ကိုထည့်သွင်းပြီးအသုံးပြုနိုင်ပါတယ် .. KeyMagic Download လုပ်ရန် Link – https://keymagic.net 

No comments:

Post a Comment