Friday, October 16, 2020

PC နဲ့ iPhone ချိတ်ပြီး Data တွေ Transfer လုပ်ဖို့အတွက် အကောင်းဆုံး Tools တစ်ခု

 


      အားလုံးပဲမင်္ဂလာပါခင်ဗျာ .. ဒီနေ့တော့ iTools ထက်သုံးလို့ကောင်းတဲ့ Tools လေးတစ်ခုမိတ်ဆက်ပေးပါရစေ .. နာမည်ကတော့ 3utools ဖြစ်ပါတယ် .. သူ့ရဲ့ မာတိကာမှာတင်လုပ်လို့ရတဲ့ Function တွေတော်တော်စုံပါတယ် .. Function တွေကတော့

– Jailbreak လုပ်ထား/မထားပြမယ်

– Activate လုပ်ထား/မထားပြမယ်

– ဖုန်းရဲ့ Information အစုံပြတဲ့အပြင်

– Find My iPhone on ထား/မထားလည်း One Click နဲ့စစ်လို့ရတယ် ..

– Warranty Date ဘယ်နေ့ကုန်မယ် iCloud ဝင်ထား/မထား စစ်နိုင်မယ်

– Battery Condition ပါပြပေးနိုင်တယ်ဗျာ ..

ဒါတောင် မာတိကာ (Info Tab) မှာပဲပါသေးတဲ့ Function တွေနော် ,. တခြားတွေကတော့

– Ringtone တွေလုပ်နိုင်မယ် ..

– Music app ထဲသီချင်းတွေ import/export နိုင်မယ်

– Application တွေ Import နိုင်မယ်

– Application ထဲက Data တွေ Export နိုင်မယ်

– Video App ထဲ Video တွေ Import/Export နိုင်မယ်

– Photos/Books တွေ Import/Export နိုင်မယ်

– Jailbreak လုပ်နိုင်မယ် ..

– Firmware တင်နိုင်မယ် (.iPSW တွေဒေါင်းနိုင်မယ်ပေါ့ဗျာ)

– Data backup တွေလုပ်နိုင်မယ် စတာတွေအပြင် Tools ပေါင်းစုံပါဝင်ပါတယ် .. သူကတော့ License Free အနေနဲ့ထွက်ထားပြီး .. Size ကတော့ 100MB လောက်ရှိပါတယ် .. OS ကတော့ Windows XP ကနေ Windows 10 ထိ 32/64bits အသုံးပြုနိုင်ပါတယ် .. တခြား OS တွေအတွက်မထွက်သေးပါဘူး .. ဒီ App ကိုအသုံးပြုချင်ရင် iTunes ကို install ထားမှရပါမယ် ဒါမှမဟုတ် iTunes Driver တင်ထားရပါမယ် .. ဒါကလဲ App ကို download လုပ်ပြီးရင် လိုအပ်တာအကုန် install လုပ်သွားပါလိမ့်မယ် လ.. အောက်က link မှာ Download လုပ်နိုင်ပါတယ် ..

Download link -> www.3u.com

No comments:

Post a Comment