Friday, October 16, 2020

"iPhone 12 Pro ကို မ၀ယ်ခင်သိထားသင့်တဲ့အချက်များ"

 

"iPhone 12 Pro ကို မ၀ယ်ခင်သိထားသင့်တဲ့အချက်များ"
မကြာခင်ဈေးကွက်ထဲကိုရောက်လာတော့မယ့် iPhone 12 Series မှာ Pro Model ကိုမှသဘောကျတဲ့သူတွေအတွက် အစောဆုံးရောက်လာဖို့ ရှိနေတဲ့ iPhone 12 Pro အကြောင်းကိုလေ့လာလိုက်ကြရအောင်..
ဆိုတော့ iPhone 12 Pro မှာဘာတွေများထူးခြားလာလဲ???
Design
iPhone 12 Pro ရဲ့ Design ကတော့ Pro ဆိုတဲ့အတိုင်း Premium Design ဘက်ကိုရောက်သွားပါတယ်။ သူ့မှာလည်း Rounded Edges Designအစား iPad Pro‌ လို Flat-edge Frame Design ကိုသုံးပေးထားပါတယ်။ ဖုန်းရဲ့ ရှေ့ဘက် Screen ကိုလည်း iPhone 12 လို Ceramic Shield cover အသစ်နဲ့ကာကွယ်ပေးပါတယ်။ ဒီ Ceramic Shield cover ကို လက်ရှိ Smarphone တွေထဲမှာ အကြမ်းခံနိုင်ဆုံး Glass လို့ Apple ကတော့ ဆိုထားပါတယ်။ ဖုန်းရဲ့ ကျောဘက်ကိုတော့ Gorilla Glass နဲ့ကာကွယ်ပေးထားပြီး ဘေးဘောင်ကတော့ Apple ရဲ့ High-end Flagship ဖုန်းတွေအတိုင်း Stainless Steel Frame နဲ့ကွပ်ပေးထားပါတယ်။
Display
Display အတွက်ဖုန်းမှာ iPhone 12 လို (2532 x 1170 pixels resolution) ရှိတဲ့ 6.1-inches OLED Super Retina XDR Display ကိုအသုံးပြုပေးထားပါတယ်။ ထုံစံအတိုင်း High Refresh Rate တွေတော့တော့ပါလာခြင်းမရှိပေမယ့် အကောင်းဆုံးဆိုတဲ့ Display ရစေဖို့ 1,200 nits of brightness, Dolby Vision ၊ HDR10 ၊ သဘာ၀ကျတဲ့ Viewing Experience ရစေဖို့ True Tone ၊ True-to-life Colors တို့ကိုထောက်ပံ့ပေးထားပါတယ်။
Camera
iPhone 12 Pro ရဲ့ Camera မှာတော့ Triple Camera Setup ထဲမှာ 12 MP, f/1.6, Wide Angle Camera ၊ 12 MP, f/2.4 ,Ultrawide Lens နဲ့
12 MP, f/2.0, 52mm Focal Length Telephoto Lens တို့ကိုတပ်ဆင်ပေးထားပါတယ်။ းထားပါတယ်။ Telephoto Lens ကြောင့် 2x optical zoom နဲ့ total range 4x Optical Zoom ကိုပေးနိင်ပါတယ်။ နောက်ထပ် ဒီ Triple Camera နဲ့အတူ LiDAR Sensor ကိုပါထည့်ပေးလာပါတယ်။
ဒီ LiDAR Sensor ကြောင့် ဆန်းသစ်လှတဲ့ Photography ကိုခံစားနိုင်မှာပါ။ အကြောင်းကတော့ LiDAR Sensor ဟာ ပြင်ပပတ်၀န်းကျင်ရ‌ဲ့ 3D Maps တွေကိုပြုလုပ်ပေးနိုင်လို့ပါပဲ။ နောက်ပြီး ဒီ LiDAR Sensor ကို Reality Application တွေမှာသုံးနိုင်ရုံသာမက အမှောင်ထဲမှာလည်း ပိုမိုမြန်ဆန်တဲ့ Focus ရစေဖို့လည်း သုံးနိုင်ဦးမှာပါ။ ဒီလို ညဘက်မှာ Focus လုပ်တာက အရင်က iPhone တွေက ၆ ဆပိုမြန်ပြီး ပိုတိကျတယ်လို့ Apple ကဆိုထားပါတယ်။ Focus မြန်သွားတဲ့အတွက် Capture Process ဟာလည်းပိုမြန်သွားပါတယ်။ နောက်ထပ် Apple ProRAW ဆိုတဲ့ Feature အသစ် လည်းပါလာပါတယ်။
ဒီ Cameras တွေဟာ 10-bit HDR Dolby Vision video (60fps) ကိုရိုက်ကူးပေးနိုင်ပြီး ရုပ်ရှင်အ‌ရည်အ‌သွေးမျိုးရှိတဲ့ Video တွေကိုလည်းရိုက်ကူးနိုင်မှာပါ။ နောက်ထပ် 60fps 4K video recording ကိုပါထောက်ပံ့ပေးထားပါတယ်။
တစ်ခြား Features တွေအနေနဲ့ Night mode Time-Lapse feature ၊ Smart HDR 3 ၊ Deep Fusion ၊ Night mode နဲ့ Night mode Portrait shots တို့ကိုထောက်ပံ့ပေးထားပါတယ်။
Selfie မှာတော့ 12 MP, f/2.2, Wide Camera ကို SL 3D, (depth/biometrics sensor) နဲ့တွဲပေးထားပါတယ်။ ဒီ Selfie Camera ဟာလည်း
Smart HDR 3 ၊ Deep Fusion ၊ Night mode နဲ့ Night mode Portrait shots နဲ့ Dolby Vision selfie videos စတဲ့ Features တွေကိုထောက်ပံ့ပေးထားပါတယ်။ Selfie ဟာလည်း 60fps 4K Videos တွေကိုရိုက်ပေးနိုင်ပါတယ်။
Performance
Performance မှာလည်း iPhone 12 လို A14 Bionic Chipset နဲ့ အားဖြည့်ပေးထားပြီး 5G Connectivity ကိုထောက်ပံ့ပေးထားပါတယ်။ ဒီမှာ Application Bandwidth အပေါ်မူတည်ပြီး 4G/5G ပြောင်းပေးမယ့် Smart Data Mode လည်းပါလာပါတယ်။ ဒါကြောင့် 5G ဟာ လိုအပ်တဲ့အချိန်မှာသာသုံးလို့ရမှာဖြစ်တဲ့အတွက် ဖုန်းရ‌ဲ့ Battery Life ကပိုတိုးတက်လာမှာပါ။
Apple ကတော့ ဒီ Chipset ကို Smartphone တွေထဲမှာအမြန်ဆံုး Chipset လို့ဆိုထားပါတယ်။
A14 Chipset မှာ High- Performance Cores နှစ်ခု ၊ Efficiency Cores လေးခုနဲ့အတူ GPU Cores လေးခု ၊ ISP နဲ့ Apple Neural Engine ပါ၀င်ထားပါတယ်။ ဒီ Core တွေကြောင့် Graphics ဟာ
50%အထိပိုမြန်သွားပြီး Machine Learning tasks မှာတော့ 80% အထိပိုမြန်သွားပါတယ်။
ဆိုတော့ iPhone 12 နဲ့အတူ အကောင်းဆုံးသော Performance ကိုခံစားလို့ရမှာကအသေအချာပါပဲ။ Software မှာတော့ iOS 14 နဲ့ Run ပေးထားပါတယ်။
Battery
Battery မှာတော့ 20W Fast Charging ၊ Qi Fast Wireless Charging ထောက်ပံ့ပေးထားတဲ့ 2,775 mAh Battery ကိုသုံးပေးထားပါတယ်။ 20W Fast Charging ကြောင့် မိနစ် ၃၀ အတွင်း 50% သွင်းနိုင်မယ်လို့ သိရပါတယ်။ ဒီ 2,775 Battery ဟာ Video Playback ၁၇ နာရီ ၊ Streaming Video Playback ၁၁ နာရီ နဲ့ Audio Playback
၆၅ နာရီအထိပေးနိုင်ပါတယ်။ iPhone 12 နဲ့ အတူတူပါပဲ။
တစ်ခြား Features တွေအနေနဲ့ ဖုန်းမှာ Face ID ၊ IP 68 Rating ၊ Stereo Speakers စတဲ့ Features တွေပါဝင်ထားပါတယ်။ iPhone 12 Series အားလုံးရဲ့ ဘူးထဲမှာ အားသွင်းခေါင်းနဲ့နားကြပ်တော့ပါလာခဲ့ခြင်းမရှိတော့ဘဲ USB-C to Lightning Port ပဲပါလာမှာဖြစ်တဲ့အတွက် ဖုန်း၀ယ်တဲ့အခါ Charger ၀ယ်ဖို့မ‌မေ့ပါနဲ့နော် 

 

No comments:

Post a Comment