Wednesday, October 21, 2020

MagSafe အကြောင်းတစ်စေ့တစ်စောင်း

 MagSafe အကြောင်းတစေ့တစောင်း





MagSafe ဆိုတာ Apple က အသစ်ထုတ်လိုက်တဲ့ iPhone အတွက် သံလိုက်နဲ့ အားသွင်းပုံတစ်မျိူးပါ။


MagSafe ဆိုတာ အရင် MagSafe Macbook တွေမှာ သုံးဘူးပါတယ်။


Apple Watch မှာ အားသွင်းတဲ့ ပုံမျိုးပါဘဲ။


MagSafe က အနာဂတ်မှာ အပေါက်တွေမပါမယ့် Portless iPhone တွေအတွက် ပထမ ခြေလှမ်းဆ်ိုရင်လည်း မမှားပါဘူး။


ပထမဆုံး ပြောချင်တာကတော့ iPhone 12 တွေက အားသွင်းဖို့ MagSafe ရှိမှ မဟုတ်ပါဘူး။

Lighting နဲ့ ရော ရိုးရိုး Qi Wireless Charger တွေနဲ့ သွင်းလဲရပါတယ်။


❓တချို့မေးကြတာက 15watts ဘယ်လိုရအောင်လုပ်မလဲ?


15 watts ရဖို့ အတွက် iPhone 12 ရှိရပါမယ်။ MagSafe Charger လိုပါတယ်။ MagSafe charger ဝယ်တဲ့အခါ Charger ခေါင်း မပါပါဘူး။

Charger Adapter ကလည်း 18 watts အထက်ရှိရပါမယ်။


အရင်နှစ်က iPhone 11 Pro ဝယ်ထားသူတွေမှာ ရှိပြီးသား 18-watt adapter နဲ့ MagSafe charger နဲ့ သွင်းမှ iPhone 12 တွေမှာ 15watt အမြန်နှုန်းရမှာပါ။


Apple က ဝယ်မှ မဟုတ်ပါဘူး အခြား ယုံကြည်ရတဲ့ 18 watt အထက်ရတဲ့ 3rd party တွေလဲရပါတယ် ။


ဒီတိုင်းဆိုရင် 7.5 watt အထိဘဲရမှာဖြစ်ပါတယ်။


❓iPhone 12 တွေမဟုတ်ရင် ရော?


iPhone 12 မဟုတ်ရင် 20 watts ဘဲ ဝယ်ဝယ် MagSafe ဘဲဝယ်ဝယ် 7.5 watt ဘဲရမှာဖြစ်ပါတယ်။


❓MagSafe နဲ့ iPhone 12 ဘယ်လိုအလုပ်လုပ်တုန်း?


iPhone 12 တွေအနောက်က သံလိုက်တွေက MagSafe နဲ့ alignment ညီပြီးသားပါ။ ဖုန်းကို သေသေချချာ ထိန်းထားနိုင်ပါတယ်။ အရမ်းကြီး ကပ်နေမှာတော့ မဟုတ်ဘူးလေ။

ပင်အပ်လေးတွေ ဆိုရင် iPhone 12 မှာ ကပ်နေနိုင်ပါတယ်။


❓iPhone 12 မဟုတ်ရင်ရော ကပ်လား?


iPhone 12 မဟုတ်ရင် အားဘဲသွင်းပါတယ်။ အနောက်မှာ သံလိုက်က အားမကောင်းပါဘူး 

ချော်ကျမှာပါ။


❓MagSafe Case, MagSafe wallet တွေကရော?


MagSafe accessories တွေ အကုန်လုံးမှာ သံလိုက်တွေပါပါတယ်။

iPhone 12 မှာ NFC က ဘယ် MagSafe accessories ကို တပ်လဲဆိုတာ သိပါတယ်။

ဖုန်းမှာ တပ်လိုက်တာနဲ့ အသံရော animations တွေပါရမှာပါ။


❓MagSafe case နဲ့ wallet အပေါ်က အားသွင်းလို့ရလား?


MagSafe Case တပ်ထားရင် အားသွင်းလို့ရပါတယ်။

MagSafe Case ရော MagSafe Wallet ရော တပ်ထားရင် မရပါဘူး။

Magnetic Field က အဲလောက်မရသေးပါဘူး။


❓ဘယ် Device တွေမှာရလဲ


iPhone 8 နဲ့ အထက် ရပါတယ်

iPhone SE 2020 လဲပါပါတယ်။


AirPods Pro

AirPods 2 Wireless Case

AirPods 1 with Wireless case တွေရပါတယ်


❓MagSafe က စျေးဘယ်လောက်လဲ


MagSafe Charger က $39 ပါ။

MagSafe wallet က $59 ပါ။

MagSafe Silicone Case က $49 ကစပါတယ်။

MagSafe Clear Case က $49 ပါ။

20watt Apple Adapter က $19 ပါ။




No comments:

Post a Comment