Tuesday, October 20, 2020

iPhone အတွက် အကောင်းဆုံး iOS 14 ရဲ့ လုပ်ဆောင်ချက်များ

iPhone အတွက် အကောင်းဆုံး iOS 14 ရဲ့ လုပ်ဆောင်ချက်များ


Apple မှ iOS 14 ကို iOS User များအတွက် Offical ထုတ်ပေးလိုက်ပါပြီ iOS User များအတွက် iOS 14 မှာအကောင်းဆုံး Function တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Widgets on the Home Screen

အချက်အလက်များကို အလွယ်တကူကြည့်ရှုနိုင်စေရန် ရည်ရွယ်၍ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။ ဒီဇိုင်းရဲ့အရွယ်အစား မျိုးကိုရွေးချယ်နိုင်ပြီး အချက်အလက်များကို Home Screen ပေါ် တင်ထားနိုင်ပါတယ်။ အသုံးပြုနိုင်တယ့် App တွေ မစုံတေးပေမယ့် နောက်ပိုင်း App တွေပါ Widget Function အသုံးပြုနိုင်အောင် ထည့်သွင်းပေးလာပါလိမ့်မယ်။

လက်ရှိအသုံးပြုနိုင်မယ့် Widget များကတော့ Weather, Clock, Calendar, News, Maps, Fitness, Photos, Reminders, Stocks, Music, TV, Tips, Notes, Shortcuts, Battery, Screen Time, Files, Podcasts, and Siri Suggestions စသည်တို့ဖြစ်ပါတယ်။


App Library

Apps တွေကို မူးနောက်နေအောင်လိုက်ရှာစရာမလိုတော့ပါဘူး။ နောက်ဆုံး Home Screen page ပြီးရင် swipe လုပ်လိုက်တာနဲ့ အမျိုးအစားတူ apps တွေကို စုစည်းပေးထားတဲ့ App Library ပေါ်လာမှာပါ။ App Library အသစ်သည်သင့်ရဲ့ Appများအားလုံးကို ရိုးရှင်းလွယ်ကူစွာကြည့်ရှုနိုင်အောင် App များကိုအမျိုးအစားအလိုက်စီထားပြီး သင်အသုံးများတယ့် App များကို မြင်သာအောင် ဖော်ပြပေးထားမှာဖြစ်ပါတယ်။သင်အသုံးပြုချင်တယ့် App ကိုလျင်မြန်စွာရှာဖွေနိုင်စေရန် Search Bar ကိုလဲထည့်သွင်းပေးထားပြီး Scroll Bar ကို အပေါ်အောက်ရွှေ့၍လဲ ရှာဖွေနိုင်ပါသေးတယ်။ App Library ရဲ့ ထူးခြားချက်တစ်ခုကတော့ App တွေ ဖော်ပြပေးတယ့် Home Screen တစ်ခုလုံးကိုဖျောက်ထားပြီး App များကို App Library မှာ လာရောက်ရှာဖွေအသုံးပြုနိုင်ပါတယ်။ဒါက iOS 14 မှာ အသုံးဝင်လာမယ့် Function တစ်ခုပါ။


Compact calls

iOS User တိုင်း လိုချင်နေကြတယ့် Function တစ်ခုဖြစ်မှာပါ။ App တစ်ခုခုထဲရောက်နေတာဖြစ်ဖြစ် Game ဆော့နေတုန်းဖြစ်ဖြစ် Phone Call / Facetime Call နဲ့ အခြား Third Party App များရဲ့ ခေါ်ဆိုမှုများကို မျက်နှာပြင်အပြည့်နဲ့ မပေါ်ပဲ တော့ပဲ noti banner အနေနဲ့ပဲပေါ်လာတော့မှာဖြစ်ပါတယ်။


Picture in Picture

ယခု Function ဟာ သင် Video ကြည့်နေရင်း အခြား Third Party App တွေကို အသုံးပြုနိုင်စေရန် ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။


Translate

iOS 14 မှာ Translate ဆိုတယ့် App တစ်ခု ပါလာပါတယ်။ ဘာသာစကားများကို အပြန်အလှန် ဘာသာပြန်ပေးနိုင်တယ့် App ဖြစ်ပါတယ်။ လောလောဆယ် ဘာသာစကား ၁၁ ခုကိုတာ ဘာသာပြန်နိုင်ပြီး စိတ်မကောင်းစွာဖြင့်မြန်မာ ဘာသာစကားတော့ မပါဝင်သေးပါဘူး

Microphone button ကို tap လုပ်ပြီးပြောရင် original နဲ့ translated text အပြင် translated audio ကိုလည်း ဖော်ပြပေးပါတယ်။

Text translation လုပ်ပြီး built-in dictionary မှာ စကားလုံးတွေရှာလို့ရမယ်။ Translations တွေကို save လုပ်တာrecent history ကြည့်တာတွေပါရလာပါမယ်။

On-device mode မှာ စာနဲ့အသံတွေကိုအင်တာနက်မလိုပဲ ဘာသာပြန်ပေးနိုင်ပါတေးတယ်။


Siri

iOS 14 မှာ Siri ကို ဒီဇိုင်းအသစ်နဲ့ တွေ့ရမှာပါ။

လှပတယ့် ဒီဇိုင်းအသစ်နဲ့ Siri ကို ကောင်းကောင်းအသုံးချနိုင်စေရန်ရည်ရွယ်ပါတယ်။ Siri ကို လွန်ခဲ့သော သုံးနှစ်ကထက် အချက်အလက်တွေကို အဆ ၂၀ ကျော် အဆင့်မြင့်ထားပါတယ်။ Siri ခေါ်လိုက်တာနဲ့ pop up icon အသေးလေးတစ်ခုပဲ screen အောက်ခြေမှာတက်လာမှာဖြစ်ပြီး results တွေကိုလည်း noti banner နဲ့ပဲပြမှာပါ။


Safari

Safari Broswer ဟာ ယ္ခင်ကထက် ပိုမိုမြန်ဆန်လာပြီး သင့်ရဲ့ Privacy ကို ကာကွယ်ပေးမယ့် Function တွေကိုလဲအဆင့်မြင့်တင်ပေးထားပါသေးတယ်။ Safari မှာ Translate to english ဆိုတယ့် Function ကိုထည့်သွင်းပေးထားပြီးဘာသာစကား မျိုးကို ဘာသာပြန်ပေးနိုင်ပါတယ်။ Privacy Report ကိုနှိပ်၍လဲ သင့်ရဲ့ Privacy ကို Track လုပ်နေတယ့် Link တွေကို ကြည့်ရှုနိုင်ပါသေးတယ်။


Recording indicator

iOS 14 ကို အသုံးပြုနေပြီဆိုရင် ဒီ Function ကို

iOS User တိုင်းသတိထားမိကြမှပါ ကျွန်တော်တို့ iOS Banker Group မှာလဲ အမေးများလာမယ့် Function တစ်ခုလို့လဲ မြင်မိပါတယ်။ သင်ဟာ မိုက်ခရိုဖုန်းသို့မဟုတ်ကင်မရာကိုသုံးသည့်အခါ Control Center မှာပေါ်လာမယ့် အစိမ်းရောင်နဲ့ အဝါရောင် အစက်ကလေးတွေကြောင့်ပါ။


ကင်မရာကို အသုံးပြုချိန်တိုင်း အစိမ်းရောင် အစက်ကလေးပေါ်နေမည်ဖြစ်ပြီး မိုက်ခရိုဖုန်းကိုအသုံးပြုနေရင်တော့ အဝါရောင်အစက်ကလေးပေါ်နေပါလိမ့်မယ်။ ဒီ Function ဟာThird Party App များမှ သင့်ရဲ့ Privacy ကို Track လုပ်နေတယ့် အချိန် သင်သတိထားမိနိုင်စေရန် ရည်ရွယ်၍ထည့်သွင်းပေးထားတာဖြစ်ပါတယ်။


ယခုပြောပြပေးထားတယ့် Function တွေဟာ iOS User တိုင်း နေ့စဉ်အသုံးပြုနေမယ့် Function တွေဖြစ်တာကြောင့်ကြိုတင်ရှင်းလင်းပြောပြထားတာဖြစ်ပါတယ်။ iOS 14 မှာ မြန်မာပြည်တွင်းအသုံးနည်းတယ့် Function အသစ်တွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

No comments:

Post a Comment