Saturday, October 24, 2020

MagSafe

 

MagSafe နဲ့ပတ်သက်ပီး စိတ်မကောင်းစရာလေးတော့ ရှိတယ်နော် 😁
MagSafe ဆိုတာက iPhone 12 နဲ့အတူ ပွဲထုတ်ခဲ့တဲ့ wireless charger လေးတစ်ခုဖြစ်ပါတယ်။ iPhone 12 series တွေအတွက် အဓိကဦးတည်ထုတ်ထားဖြစ်လို့ အခြားဖုန်းတွေမှာတော့ အားသွင်းတဲ့အမြန်နှုန်းက သိပ်ပီးမကောင်းလှပါဘူး။ Apple ရဲ့ပြောကြားချက်အရတော့ MagSafe က သံလိုက်ဓာတ်အားထည့်ထားတဲ့ iPhone 12 မှာ 15W နဲ့ တစ်နာရီအတွင်း 50% ထိရောက်အောင် အားသွင်းပေးနိုင်ပါတယ်။ MagSafe နဲ့အားသွင်းဖို့အတွက်ဆိုရင် Adapter ကလည်း အနည်းဆုံး 12W ရှိနေဖို့လည်း လိုပါတယ်။
ဒီ MagSafe က iPhone 12 အပြင် iPhone X ကစလို့ iPhone 11 အထိ အားသွင်းလို့ရပါတယ်။ ဒါပေမဲ့ speed ကတော့ iPhone 12 တွေမှာလို 12W နဲ့အားသွင်းမပေးနိုင်ပါဘူး။ 7.5W ရဖို့တောင် အနိုင်နိုင်ပါ။ စမ်းသပ်ချက်အရဆိုရင်
iPhone SE
iPhone SE က wireless charging အတွက် 7.5W အထိပဲ ထောက်ပံ့ထားတာပါ။ MagSafe ကို 20W adater နဲ့ချိတ်ပီး ဆယ်မိနစ်လောက် SE ကိုအားသွင်းကြည့်တဲ့အခါ 1.8W ပဲထောက်ပံ့ပေးနိုင်ခဲ့ပြီးတော့ 1% တက်ဖို့အတွက် 179s ကြာပါတယ်။ နောက်တစ်ကြိမ်ထပ်စမ်းကြည့်တဲ့အခါမှာလည်း 1.4W ပဲ ရခဲ့ပါတယ်။ စိတ်မကောင်းစရာပါ။ SE သမားတွေအနေနဲ့ MagSafe ကို၀ယ်ဖို့ စဥ်းစားဖို့လိုပါတယ်။
11 Pro Max
11 Pro Max ကိုလည်း MagSafe + 20W adater နဲ့အားသွင်းတဲ့အခါ 2.9W ပဲ ရှိပါတယ်။ ဒါက 1% တက်ဖို့အတွက်ကို စက္ကန့်ပေါင်း ၁၆၀ ကြာပါတယ်။
MagSafe လေးက smart ကျပြီးတော့ ချစ်စရာကောင်းပါတယ်။ သေးသေးလေးနဲ့ ပါးပါးလေးပါ။ နောက်ဘက်မှာကပ်လိုက်ရုံနဲ့ အားသွင်းပေးနိုင်တာဆိုတော့ အထင်ကြီးစရာကောင်းပါတယ်။ ဒါပေမဲ့ တကယ် နားလည်လိုက်တာကတော့ MagSafe က iPhone 12 မှမဟုတ်ရင် ကျန်တဲ့ wireless charging ထောက်ပံ့ထားတဲ့ iPhone တွေကိုအားသွင်းရင် W အရမ်းနည်းပြီးတော့ အားသွင်းတာလည်း အနည်းဆုံး ၃နာရီကြာမှာပါ။ ၀ယ်ဖို့တော့ တော်တော်စဥ်းစားရမှာပါ။



No comments:

Post a Comment