Wednesday, October 21, 2020

Phone , iPad ပေါ်က Notes တွေကို Two-Finger နဲ့ လွယ်လွယ်ကူကူ Delete လုပ်နည်း


 

iPhone , iPad ပေါ်က သင့်ရဲ့ Notes App ကို အကောင်းဆုံး ထိမ်းချုပ်မှုပြုလုပ်ချင်ပါသလား ? ဒါဆိုရင် Two-Finger Tap ဖြင့် ဘယ်လို Select လုပ်မယ် ၊ ဘယ်လို Move လုပ်ရမယ် ၊ Notes တွေကို ဘယ်လို Delete လုပ်လို့ရမယ်ဆိုတာကို ပြောပြပေးသွားပါမယ် ။

iOS 13 နဲ့ iPadOS 13 တို့မှာ Built-in iOS App ဖြစ်တဲ့ Notes App တွင် ပြောင်းလဲမှု အတော်များများ လုပ်ပေးထားပါတယ် ။ ဒီ Notes App ဟာ iOS 12 တုန်းကထက် Edit Options တွေကို လုပ်ဆောင်ရတာ ပိုခက်လာတာကတော့ အမှန်ပါပဲ ။ ဒါပေမယ့် Two-Finger Shortcut နဲ့သာ လုပ်ဆောင်မယ်ဆိုရင်တော့ တကယ့်ကို မြန်ဆန်ပြီး ကောင်းမွန်လှတဲ့ Feature တစ်ခုဖြစ်သွားပါလိမ့်မယ် ။

– Notes App ထဲကို ဝင်ပါ ။

Edit Mode ကို ဝင်ဖို့အတွက် Two-Finger ဖြင့် Screen ကို Tap လိုက်ပါ ။

– Two-Finger ဖြင့် အောက်ကို Drag ( ဆွဲချ ) လာပါက Notes တွေကို Multiple Select လုပ်လို့ရပါတယ် ။

– အဲဒီမှာပဲ သင့် iPhone , iPad ရဲ့ အောက်ခြေမှာ Move to ( Notes တွေကို ရွှေ့တာ ) ၊ Delete လုပ်လို့ရမှာတွေကို တွေ့ရပါလိမ့်မယ် ။

  • ( အခုလိုမျိုး Two-Finger Tap ဖြင့် Select လုပ်တာ ၊ Move လုပ်တာ ၊ Delete လုပ်တာတို့ကို အခြားသော Built-in Apps တွေဖြစ်တဲ့ Messages App တို့ Mail App တို့ပေါ်မှာလည်း အသုံးပြုလို့ ရပါတယ် ။ )

No comments:

Post a Comment