Friday, October 16, 2020

iPhone တွေမှာ Noti တက်ရင်ဘယ်သူကဘာပို့တယ်ဆိုတာမမြင်ရအောင်လုပ်နည်း

 


iPhone တွေမှာ Noti တက်ရင်ဘယ်သူကဘာပို့တယ်ဆိုတာမမြင်ရအောင်လုပ်နည်း

အားလုံးပဲမင်္ဂလာပါ .. ဒီနေ့ပြောပြပေးသွားမှာကတော့ iPhone/iPad တွေမှာ Messenger ကပဲဖြစ်ဖြစ် Message ကပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြား social media apps တွေကပဲဖြစ်ဖြစ် notification ဝင်လာတဲ့အခါ အောက်ကပုံမှာပြထားသလို Notifications ဆိုတာပဲပေါ်ပြီး ဘယ်သူက ဘာပို့တယ်ဆိုတာကို မပေါ်အောင်ပိတ်ထားနည်းပဲဖြစ်ပါတယ် 

 

Add caption


အရင်ဆုံး Settings > Notifications > ကိုယ်ပိတ်ချင်တဲ့ App Name > Previews ထဲဝင်လိုက်ပါ .. အောက်ပါပုံအတိုင်းမြင်ရပါလိမ့်မယ် ..

Face ID ပါတဲ့ Device တွေကတော့ When Unlocked က Default ဖြစ်ပြီး Touch ID device တွေကတော့ Always က Default ပါ … ဒီ 3 ခုအကြောင်းကိုရှင်းပြချင်ပါတယ် ..

Always ကတော့ ဖုန်းကို locked လုပ်ထားထား မလုပ်ပဲထားထား Noti တက်လာရင် ဘယ်သူကဘာပို့တယ်ဆိုတာကိုပြသွားပေးသွားဖြစ်ပြီး ..

When Unlocked ကတော့ Phone ကို Unlocked လုပ်ထားချိန်မှာပဲ ပြသပေးမှာဖြစ်ပါတယ် .. Locked ထားချိန်မှာတော့ အပေါ်ပုံမှာပြထားသလို Notification ပဲပြပေးနေမှာပါ ..

Never ကတော့ Locked ထားထား Unlocked လုပ်ထားထား ဘယ်သူကဘာပို့တယ်ဆိုတာကိုပြသပေးမှာမဟုတ်ပဲ အမြဲတမ်း Notification ဆိုပြီးပဲပြသနေမှာပါ .. ဒါကတော့ ကိုယ်ဖုန်းသုံးနေတာကို တခြားတစ်ယောက်ကလာကြည့်နေတဲ့အချိန်မှာလုပ်ထားရင် အသုံးဝင်ပါတယ်

Add caption


နောက်တချက်ကတော့ မိမိဖုန်းကို Locked လုပ်ထားချိန်မှာ Lock Screen ကနေ အသုံးပြုခွင့်တွေကိုထိန်းချုပ်တာပဲဖြစ်ပါတယ် ..

Settings > Face ID & Passcode > Today View ဆိုတာကိုပိတ်ထားရင် Locked လုပ်ထားချိန်မှာ Widget တွေကိုကြည့်လို့ရမှာမဟုတ်ပါဘူး ..

အလားတူပဲ Notification Centre ကို ပိတ်ထားရင် Noti Bar ကိုကြည့်လို့ရမှာမဟုတ်ပါဘူး ..

Control Centre ကိုပိတ်ထားရင်လဲ Lock Screen ကနေ Internet ဖွင့်ပိတ်လုပ်တာတွေ, Airplane Mode လုပ်တာတွေကိုလဲ ကာကွယ်နိုင်ပါတယ် ..

Siri ကိုပိတ်ထားရင်တော့ Lock screen ကနေ Siri ကိုအသုံးပြုနိုင်မှာမဟုတ်ပဲ Reply with message ကိုပိတ်ထားရင်တော့ Lock screen ကနေ Notification တွေကို 3D Touch or Haptic Touch သုံးကာ reply ပြန်နိုင်တော့မှာမဟုတ်ပါဘူး ..

Home Control တို့ Wallet တို့ကိုပိတ်ထားရင်တော့ Smart HomeKit accessories တွေ, Bank Card တွေ, Boarding Passes တွေကို Lock screen ကနေ access လုပ်လို့ရမှာမဟုတ်ပါဘူး ..

Return missed call ကတော့ missed call တွေကိုပြန်ခေါ်တာကို lock screen ကနေ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး ..

USB Accessories ကတော့ iPhone တွေကို unlock လုပ်မှာ computer နဲ့ချိတ်ဆက်ပြီး data transfer လုပ်လို့ရအောင် control လုပ်တာပဲဖြစ်ပါတယ် … ဒီလောက်ဆိုနားလည်လောက်ပါပြီ

တခုသိထားရမှာက Locked Screen ဆိုတာ Unlocked မလုပ်ရသေးတဲ့အခြေအနေကိုပြောတာဖြစ်ပါတယ် .. မိမိမျက်နှာ သို့မဟုတ် လက်ဗွေနဲ့ unlock လုပ်ပြီးရင်တော့ ခုနကပိတ်ထားတာတွေကို access လုပ်လို့ရသွားမှာဖြစ်ပါတယ်





No comments:

Post a Comment