Friday, October 16, 2020

Apple Product ကိုင်သူတိုင်းသိထားသင့်တဲ့ Apple Warranty အကြောင်း


 

Apple Product ကိုင်သူတိုင်းသိထားသင့်တဲ့ Apple Warranty အကြောင်း

 

ကဲ အားလုံးပဲ iPhone အသစ်တွေလဲကြေငြာသွားပြီဆိုတော့ Apple fan တွေအနေနဲ့ဝယ်ဖို့စိုင်းပြင်နေကြပြီထင်ပါတယ် .. မိမိတို့ရဲ့ iPhone ကို Warranty အပြည့်အဝလိုချင်ရင် ဆိုင်ရွေးမမှားမိအောင် ဒီ Post လေးကို ဗဟုသုတအနေနဲ့ ဖတ်ထားဖို့လိုပါလိမ့်မယ်

ကျွန်တော်က end-user တွေဖက်က ရပ်တည်ပြီးရေးတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့် post ဟာ ဘယ်ဖုန်းဆိုင်ကိုမှ ထိခိုက်စေလိုခြင်းမရှိသလို promote လုပ်ပေးခြင်းလဲမရှိပါဘူးဆိုတာနားလည်စေချင်ပါတယ် .. အဆင်ပြေရင် share ပေးသွားကြဖို့လဲ တောင်းဆိုချင်ပါတယ်ခင်ဗျာ။

ပထမဆုံးအနေနဲ့ Apple Warranty အကြောင်းကိုပြောပြချင်ပါတယ် .. Apple အနေနဲ့ သူ့ product ဝယ်ယူသူတိုင်းကို 1 Year Official Warranty ပေးပါတယ် .. Refurbished လို product ကိုတောင်မှ 1 year official warranty ပေးတာပါ

Refurbished အကြောင်းဖတ်ရန်  – https://www.pyaeheinnkyaw.tech/refurbished-iphone/

ဒီ 1 နှစ်အတွင်းမှာ Factory Fault ကြောင့်ဖြစ်လာတဲ့ error တော်တော်များများကို အသစ်တလုံးလဲလှယ်ခြင်းပေးဖြင့် ဖြေရှင်းပေးပါတယ် .. ဒါပေမယ့် ခြွင်းချက်တွေရှိပါတယ် .. ဥပမာ iPhone X မှာ Touch error ဖြစ်တာက Apple ဖက်က error ကြောင့်ဖြစ်တာပါ .. ဒါကြောင့် Warranty ကျန်ကျန်/မကျန်ကျန် နောက် ၃ နှစ်အထိ Display free လဲပေးပါတယ်

ဒါ့အပြင် MacBook တွေမှာဆိုရင်လဲ Warranty ကို AppleCare+ plan ဝယ်ပြီး 3 နှစ်ထိတိုးလို့ရပါတယ် (MacBook, iPhone အတွက် AppleCare+ plan မြန်မာမှာမရသေးပါ, AppleCare သာရပါသေးသည်)

AppleCare+ အကြောင်းဖတ်ရန်  – https://www.pyaeheinnkyaw.tech/the-pros-of-apple-care/

ဟုတ်ပြီ Warranty claim ဖို့ဘာတွေလိုအပ်လဲပြောပြပါမယ် .. သင့်ရဲ့ Device က Non-authorized service provider တွေမှာဖွင့်ပြင်ထားရင်, ရေဝင်ထားရင် (iPhone 7 ကစပြီး IP67 အဆင့် Water resistant ပါလာတယ်ဆိုပေမယ့် water damage အတွက် warranty မပေးပါဘူး .. ရေစိုခံတာပဲရှိတာပါ ရေစိမ်ခံတဲ့ Water proof မဟုတ်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်)

iPhone တွေရေစိုသွားရင် ဘာလုပ်ထားရမလဲ – https://www.pyaeheinnkyaw.tech/how-to-protect-iphone-from-water-damage/

နောက်ပြီး မှန်ကွဲနေတာ, ဖုန်းရဲ့ အစိတ်အပိုင်းတခုခုက user fault ကြောင့် အလုပ်မလုပ်တော့တာ စတာတွေဖြစ်နေရင် Warranty claim ဖို့အခက်အခဲရှိပါတယ် .. အကယ်၍ သင့်ဖုန်းက warranty claim ဖို့လိုလာပြီဆိုရင် ဘယ်လိုလုပ်ရမလဲ .. မြန်မာနိုင်ငံမှာ Apple Authorized Service 2 ဆိုင်နဲ့ Reseller 2 ဆိုင်ရှိပါတယ်

Apple Authorized Service Centers

– mCare Apple Authorised Service Provider
– iPro Apple Authorised Service Provider (Mac Only)

Apple Authorized Resellers

– mDrive
– WaiYan Electronics

တို့တွေပဲဖြစ်ပါတယ် .. Warranty claim မယ်ဆိုရင် 2 မျိုးရှိပါတယ်

ပထမက ဒီက service မှာပဲပြင်လို့ရမလား .. ပြင်ရင်ရော ချက်ချင်းရနိုင်မလား နိုင်ငံခြားမှာရှိတဲ့ Apple Warehouse ကိုပစ္စည်းမှာပြီးရောက်လာမှ ပြင်လို့ရမလား စတဲ့ မြန်မာပြည်တွင်းမှာပဲ service လုပ်တဲ့အရာပါ (မြန်မာပြည်မှာ service လုပ်တာ ဖြစ်ပေမယ့် Apple ကနေ train ပေးထားတဲ့ service technicians တွေကြောင့် 100% စိတ်ချရပါတယ် .. Display လဲတာဘာညာက မြန်မာပြည်မှာတင်လုပ်ပေးနေပါပြီ)

နောက်တချက်က Apple ကိုအလုံးလိုက်ပြန်ပို့ပြီး ဟိုကအသစ်တလုံးပြန်ရောက်လာတာမျိုးပါ .. ဒါပေမယ့် Apple ကိုပြန်ပို့တဲ့အခါမှာ မြန်မာ region ဝင်တဲ့ iPhone တွေကိုပဲပြန်ပို့လို့ရပါတယ် .. region ဝင်တယ်ဆိုတာ model no နောက်ဆုံး ၃ လုံးဖြစ်တဲ့ LL/A, ZP/A တွေကိုပြောတာမဟုတ်ပါဘူး

Settings > General > Regulatory ကိုသွားကြည့်ရင် ထိပ်ဆုံးမှာတွေ့ရတဲ့ A နဲ့စတဲ့ model ကိုပြောတာပါ .. ဥပမာ iPhone X မြန်မာ region က A1901 ပါ .. A1865 ဆိုရင် မြန်မာနိုင်ငံ Apple Service ကနေ နိုင်ငံခြားကိုပြန်ပို့ပေးလို့မရပါဘူး .. အဲ့ဒီအတွက် အဲ့ဒီ model eligible ဖြစ်တဲ့ နိုင်ငံကိုသွားပြီး service လုပ်မှရပါမယ်


 

 

အပေါ်ကပုံကတော့ Model အလိုက် Region ဝင်တဲ့ နံပါတ်တွေကိုဖော်ပြထားတာပဲဖြစ်ပါတယ်

ဒီတော့ Myanmar Region Model တွေကိုပဲသီးသန့်ရောင်းတဲ့ Apple Authorized Reseller တွေဆီကဝယ်ရင် စိတ်ပူစရာမလိုတော့ပါဘူး .. ဒါပေမယ့် တခြား region အတွက်ကတော့ ကိုယ်ဝယ်ထားတဲ့ဆိုင်က ပြန်ပို့ပေးဖို့တာဝန်ရှိပါတယ် .. Admin ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံကိုဖတ်ချင်ရင် ဒီ link ကနေသွားပါ – https://www.facebook.com/100006857737198/posts/1937323589839547?sfns=mo

နောက်တခုက Apple ကိုပြန်ပို့ရတော့မယ်ဆိုရင် ကိုယ့်ရဲ့ iCloud acc ကို sign out လုပ်ပေးရပါတယ် .. ပြီးရင် data တွေအကုန်ဖျက်ပေးရပါတယ်

ဒီတော့ data တွေမဆုံးရှုံးချင်ရင် backup လုပ်ထားဖို့တော့လိုပါလိမ့်မယ် Data backup အတွက် iTunes ကိုသုံးတာပိုအဆင်ပြေပါတယ်

ဒီလိုနဲ့ကိုယ့်ဖုန်းကိုမပို့ခင်မှာ သက်ဆိုင်ရာဆိုင်က အရင်ဆုံး Diagnose လုပ်ပါတယ် .. အားလုံး Pass ဖြစ်ပြီး လဲရပြီဆိုပြီးအတည်ပြုမှ Apple ဖက်ကိုပို့ပေးတာဖြစ်ပြီး ၂ ပတ်ကနေ ၁ လကျော်ထိကြာနိုင်ပါတယ် ..

ပြန်ရလာတဲ့အလုံးက အသစ်ဆိုပေမယ့် တခြား accessories တွေပါမှာမဟုတ်ပါဘူး .. ဖုန်းပဲပြန်ပါလာမှာပါ .. အဲ့ဖုန်းရဲ့ Model no က N နဲ့စပါတယ် .. N ဆိုတာ Replacement unit အတွက်သီးသန့်ထုတ်ထားတဲ့ Model no ပါ .. Brand new original ဆိုရင် M နဲ့စပါတယ် (တချို့ non-official refur တွေလဲ M နဲ့စတတ်တာကိုသတိပြုပါ)

F နဲ့စရင်တော့ Official Refurbished ဖြစ်ပါတယ် .. တခါတလေမှာလဲ M နဲ့စတဲ့ Model တွေပြန်ပါလာတတ်ပါတယ် .. ဘာနဲ့ပဲစစ Quality တူတူပဲဖြစ်တဲ့အတွက် စိတ်ချရပါတယ်

နောက်ပြီးတော့ မှန်ကွဲရင် Warranty အကျုံးမဝင်ပါဘူး အဲ့အတွက်တခြားဆိုင်တွေမှာ ပြင်ရင် Original parts တွေလုံးဝမရနိုင်ပါဘူး .. Apple က Samsung ဆီကတောင်ပြန်ဝယ်နေရတဲ့အချိန်မှာ သူကတဆင့်ပြန်ရောင်းမယ်လို့ထင်ပါသလား? ဒီတော့ Original မှန်ပြန်ရချင်ရင် Authorized Service တွေမှာသွားပြင်ပါ

အဲ့တာဆို Service fees ပေးရပေမယ့် warranty ပျက်မှာမဟုတ်ပါဘူး .. Warranty မရှိတော့ရင်တောင် Apple ASP တွေဆီမှာပဲပြင်သင့်ပါတယ် မဟုတ်ပဲတခြားဆိုင်တွေမှာပြင်ထားရင် Apple Authorized Service တွေမှာပြင်လို့ရတော့မှာမဟုတ်ပါ ..

နောက်တချက်ကတော့ ကိုယ့်ဖုန်းက ကားတက်ကြိတ်လို့ ကြေမွပြီး လုံးဝသုံးလို့မရတဲ့အနေအထားလောက်ဆိုရင်တောင် Whole Unit Exchange လုပ်လို့ရပါတယ် ဖုန်းအဟောင်းကို Apple ကိုပြန်ပေး ငွေအလိုက်ပေးရင် Apple က Model တူ Color တူ Storage တူတလုံးပြန်ပေးတာပါ .. အဲ့လိုလုပ်ဖို့အတွက်လဲ အပေါ်မှာပြောထားတဲ့ Rules တွေနဲ့ညီမှရပါမယ် .. ဥပမာ Xs Max Whole Unit Exchange ဈေးက $600 ပါ 8 Plus ကတော့ $400 ပါ .. တခြားဆိုင်တွေမှာတော့မသိပေမယ့် mCare မှာတော့လုပ်လို့ရနေပါပြီ

***နောက်တခုရှိတာက AASP တွေမှာပိုက်ဆံပေးလဲထားတာဖြစ်ဖြစ် free လဲထားဖြစ်ဖြစ်လဲထားတဲ့ဟာမှန်သမျှကိုရက် 90 warranty ထပ်ပေးပါတယ်***

Apple ကOfficial လဲပေးလိုက်တာဟုတ်မဟုတ်ဘယ်လိုစစ်မလဲ? သင့်အရင်ဖုန်းအဟောင်းရဲ့Serial no ကိုသူတို့voucher ဖြတ်ကတည်းကရေးပေးလိုက်မှာ.. အဲ့serial no ကို https://checkcoverage.apple.com ကိုသွားစစ်လိုက်ရင်ဒီဖုန်းက Replace လုပ်ထားတယ်ဆိုတဲ့message လေးပြပါလိမ့်မယ်(အောက်ကပုံကိုကြည့်ပါ) ဒါဆိုApple ကတရားဝင်လဲပေးလိုက်တဲ့အလုံးဖြစ်ကြောင်းယုံကြည်ရပါပြီ။


 ကဲဒီလောက်ဆိုရင် ခိုင်မာမှုရှိတဲ့ Apple Warranty အကြောင်းကိုတော်တော်လေးတီးမိခေါက်မိရှိပြီလို့ ယူဆပါတယ် .. ကျွန်တော်ကလေ့လာနေဆဲကျောင်းသားတစ်ယောက်မလို့ ကျွန်တော်မသိသေးတာတွေလဲရှိနိုင်ပါတယ် မိတ်ဆွေတို့အနေနဲ့ မိတ်ဆွေတို့ရဲ့ Apple Official Warranty experience လေးတွေကို comment မှာဝေမျှပေးကြပါဦး။

No comments:

Post a Comment