Friday, October 16, 2020

LiDAR Scanner

 

iPhone 12 Pro နဲ့ 12 Pro Max မှာသုံးပေးထားတဲ့ LiDAR Scanner ဟာ NASA ကနေ Mars ဂြိုဟ်ပေါ်ဆင်းသက်မယ့်ယာဉ်မှာ အသုံးပြုမယ့်နည်းပညာပါ
ပုံထဲမှာမြင်ရတဲ့အတိုင်း တတိယမြောက် Camera Lens ရဲ့အောက်က အနက်ရောင်အဝိုင်းလေးက LiDAR Scanner ပဲဖြစ်ပါတယ်
အလုပ်လုပ်ပုံကတော့ LiDAR ကနေ အလင်းမှုန်လေးတွေထုတ်ပေးလိုက်ပြီး အဲ့အလင်းမှုန်လေးတွေကနေ အရာဝတ္ထုတွေကိုရိုက်ခတ်ပြီး LiDAR ဆီကို ပြန်လာတဲ့လမ်းကြောင်းကိုတွက်ချက်ပြီး Depth Map ထုတ်ပေးတာပဲဖြစ်ပါတယ် .. LiDAR ဟာ 5 မီတာ (16 ပေခွဲ) ထိကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ် .. LiDAR ဟာ ဒီ Process ကို တစက္ကန့်တောင်မကြာတဲ့ Nano-second အတွင်းမှာတင် ပြီးအောင်လုပ်ဆောင်နိုင်ပါတယ်
LiDAR ကြောင့်ဘာတွေတိုးတက်လာနိုင်လဲဆိုတော့ AR ပိုင်းနဲ့ ညဖက်ကင်မရာရိုက်တဲ့အခါအများကြီးတိုးတက်လာနိုင်ပါတယ် .. LiDAR ဟာကင်မရာရှေ့မှာရှိတဲ့ အရာဝတ္ထုတွေကို Depth Map ဆွဲပေးနိုင်လို့ Augmented Reality (AR) ပိုင်းအများကြီးတိုးတက်လာပြီး ပိုမိုတိကျလာမှာပါ
ဒါ့အပြင် LiDAR ကြောင့် ညဖက်ဓာတ်ပုံရိုက်ရင် ပုံမှန်ထက် 6 ဆလောက် Autofocus မြန်မှာဖြစ်ပြီး Portrait ဓာတ်ပုံတွေကိုပါ Night Mode နဲ့ရိုက်နိုင်မှာဖြစ်ပါတယ် .. ဒီလောက်ဆို LiDAR Scanner အကြောင်းနားလည်လောက်ပါပြီ



No comments:

Post a Comment