Saturday, October 17, 2020

Apple ProRAW ဆိုတာ ?


 

Apple Event မှာ iPhone 12 တွေမှာ ရရှိလာမယ့် Photo Format အသစ်ဖြစ်တဲ့ Apple ProRAW ဆိုတာကို မိတ်ဆက်သွားပါတယ်
Apple ProRAW ဆိုတာဘာလဲ ProRAW ကြောင့် iPhone Photography မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လဲ ကျွန်တော့်အမြင်လေးပြောပြချင်ပါတယ်
Apple ProRAW အကြောင်းမပြောခင် RAW ဆိုတာဘာလဲအရင်ရှင်းပြပါမယ် RAW photo ဆိုတာ ကင်မရာရဲ့ Sensor ကနေ ထွက်လာတဲ့ ပုံကို ဘာ Processing မှမလုပ်ပဲ အရှိအတိုင်းထုတ်ပေးတဲ့ RAW data တွေအများကြီးပါဝင်တဲ့ ပုံကြမ်းတစ်ပုံဆိုပါတော့ RAW photo တစ်ပုံဟာ ပုံအနေအထားပေါ်လိုက်ပြီး 20MB ကနေ 40MB+ အထိ File Size ရှိနိုင်တယ် နောက်တစ်ဖက်မှာက ကျွန်တော်တို့တွေအသိများကြတဲ့ JPEG ရှိမယ် TIFF ရှိမယ် Apple ကဆို HEIC ဆိုတဲ့ Format ရှိမယ် ဒီ Format တွေက စောနက ပြောတဲ့ RAW ပုံကို Chipset ကနေ Process လုပ်ပြီး Compress လုပ်ပေးလိုက်တဲ့ ပုံချောတွေပေါ့ ဒီတော့ ပုံတွေက လှမယ် အရောင်တွေစိုမယ် Noise နည်းမယ် Exposure မှန်မယ်ပေါ့ဗျာ
RAW photo တွေဟာ Chip က Process မလုပ်ထားပေးတဲ့အတွက် ကောင်းလေ့မရှိဘူး ပြောချင်တာက ကြည့်ပျော်ရှုပျော်မဖြစ်ဘူး အရောင်တွေစိုမနေဘူး ဒါပေမယ့် အဲ့ RAW ပုံကို edit လုပ်မယ်ဆိုရင်တော့ RAW data တွေအများကြီးပါတာဖြစ်တဲ့အတွက် ရှယ်ပြင်လို့ရတယ် ကိုယ်လိုသလို စိတ်ကြိုက်ပြင်လို့ရတယ် Hollywood ရုပ်ရှင်တွေထဲက Color မျိုးဖြစ်တဲ့ထိ ပြင်လို့ရတယ် တခြား JPEG, HEIC, TIFF တွေက RAW လို စိတ်ကြိုက်ပြင်လို့မရဘူး အပြင်ကြမ်းသွားရင် ပုံကို Damage ဖြစ်သွားစေတယ် ပုံပျက်သွားမယ်ပေါ့ဗျာ
လာပါပြီ Apple ရဲ့ ProRAW ... Apple ProRAW ဆိုတာ A14 Chipset ကနေ Process လုပ်ပေးလိုက်တဲ့ RAW ဓာတ်ပုံပါ ...?????...ရှုပ်သွားလားမသိ .. Chip က ဘာ process မှမလုပ်ပဲ အရှိအတိုင်း ထုတ်ပေးတဲ့ ပုံက RAW ဆိုပြီး အခုက Process လုပ်ထားတဲ့ RAW ဆိုတော့ ... အမှန်က ဒီလိုပါ..... RAW ဓာတ်ပုံပဲ ဒါပေမယ့် A14 နဲ့ Process လုပ်ပေးထားတဲ့အတွက် တခြားကင်မရာနဲ့ရိုက်တဲ့ RAW ပုံတွေလို မဟုတ်ဘူး လှနေမယ် အရောင်တွေကောင်းနေမယ် Exposure မှန်မယ် Noise နည်းမယ် ရိုက်ပြီးတာနဲ့ Social Media ပေါ်တန်းတင်လို့ရမယ့် အရောင်အဆင်းရှိမယ် သို့သော် RAW data တွေလဲ အပြည့်ပါဝင်တဲ့ RAW format ဖြစ်တဲ့အတွက်နောက်ပိုင်း ပြန် edit ချင်လဲ ရှယ် edit လို့ရမယ် Best of both worlds ပေါ့ဗျာ
ဒါ့အပြင် ဒီ ProRAW format ကို Apple က 3rd Party App တွေအထိပါ API တွေထုတ်ပေးမယ်ဆိုတော့ Snapchat တို့ Instagram တို့ Enlight, Afterlight, B612, etc အစရှိတဲ့ App တွေက အရင်တုန်းက Compressed လုပ်ထားတဲ့ JPEG အပေါ် HEIC တွေအပေါ်မှာ Filter အုပ်ရတဲ့ အနေအထားကနေ နောက်ပိုင်းမှာ RAW data အပြည့်နဲ့ ProRAW ပုံတွေ​ကိုသာ Filter လုပ်ရရင် အများကြီး Deep ဖြစ်တဲ့ Effect တွေ ပိုပြီး မိုက်တဲ့ အရောင်တွေနဲ့ Next Level တစ်ခုဆီ ရောက်သွားနိုင်မလားလို့တော့ ကျွန်တော်အနေနဲ့ တွေးကြည့်နေမိပါတယ်

No comments:

Post a Comment