Sunday, September 23, 2018

SIM Card ရှိရဲ့နဲ့ No SIM Card Installed ဖြစ်နေရင် ဘယ်လိုဖြေရှင်းနိုင်မလဲ..??

အခု ကျွန်တော်ပြောပြမယ့် အကြောင်းအရာဟာ No SIM Card Installed ကိုဖြေရှင်းမယ့် အကြောင်းအရာဖြစ်ပြီး No Service သော်၎င်း Searching သော်၎င်း ဖြေရှင်းပေးမည့်နည်းလမ်းများထိ အကျယ်တဝင့် ပါဝင်ခြင်းမရှိကြောင်း ကြိုတင်သတိပေးအပ်ပါတယ်
Level (1)
ပထမဆုံးအနေနဲ့ Airplane Mode ကို အပိတ်အဖွင့် ၃ ကြိမ်လောက်လုပ်ကြည့်ပေးပါ Control Center မှာရှိနေတယ့် လေယာဉ်ပုံလေးပါ
Level (2)
SIM Card ရှိရဲ့နဲ့ No Sim တတ်နေခြင်းဟာ ပထမဆုံး Sim Card ပိုင်းနဲ့လည်း သက်ဆိုင်ပါသေးတယ် ဒါကြောင့် ပထမဆုံး လုပ်ဆောင်သင့်တာဟာ SIM card ကိုပြန်ထုတ်ပြီး ပြန်ထည့်ကြည့်ပါ
Level (3)
မရရင်တော့ Sim Card ကိုရော SIM card ထည့်တယ့်အပေါက်ကိုပါ သန့်ရှင်းရေးလုပ်ပေးပါ SIM card ကိုတော့ Alcohol နဲ့ သန့်ရှင်းနိုင်ပေမယ့် SIM card slot ပေါက်ကိုတော့ အရည် အတတ်နိုင်ဆုံး မသူံးဆွဲပါနဲ့ ရိုးရိုး ဂွမ်းစလေး sim ဖြုတ်တယ့် အတံရှေ့ စွတ်ပြီး သန့်ရှင်းပါတယ်
 Level (4)
ဒါမှမရသေးရင် ဖုန်းကို Reboot ချပေးလိုက်ပါ Reboot/Restart ချခြင်းဟာ ပြသနာများစွာကို ဖြေရှင်းနေကြ နည်းလမ်းကောင်းတစ်ခုပါပဲ
 Level (5)
Level (4) ထိမရရင်တော့ Network Setting Reset ပြုလုပ်ကြည့်ပေးပါ ဘာမှ ပျက်မသွားနိုင်တာမို့ မစိုးရိမ်ပါနဲ့ Carriers Setting လေးတော့ ပြန်ချိန်ပေးရပါမယ်
Level (6)
နောက် မဆင်မပြေသေးရင် iOS Version အသစ်တင်ဖို့ ကြိုးစားကြည့်ပါ ဒါမှမဟုတ် Erase All လုပ်ကြည့်ရပါမယ် သူကတော့ အကုန်ပျက်မှာမို့ အကြံမပြုလိုပါဖူး Update တင်ဖို့ပဲ ကြိုးစားကြည့်ပါ
Level (7)
ဒီအဆင့်ထိတော့ ရောက်လာခဲလှပါတယ် ဒီမှာတော့ ကျွန်တောတို့ လုပ်နိုင်တာမရှိတော့တာမို့ လုပ်ခြင်သေးရင် Apple Support ကိုဆက်သွယ်မေးမြန်းရုံပဲ ကျန်ပါတော့တယ် ဒီအပိုင်းမှာတော့ ယုံကြည်စိတ်ချရမယ့် Service စီကိုသာ ပြပေးရမယ့် အချိန်ဖြစ်လာပါပြီ

1 comment:

  1. ပြည်ကြီးမဏ္ဍိုင်: Sim Card ရှိရဲ့နဲ့ No Sim Card Installed ဖြစ်နေရင် ဘယ်လိုဖြေရှင်းနိုင်မလဲ..?? >>>>> Download Now

    >>>>> Download Full

    ပြည်ကြီးမဏ္ဍိုင်: Sim Card ရှိရဲ့နဲ့ No Sim Card Installed ဖြစ်နေရင် ဘယ်လိုဖြေရှင်းနိုင်မလဲ..?? >>>>> Download LINK

    >>>>> Download Now

    ပြည်ကြီးမဏ္ဍိုင်: Sim Card ရှိရဲ့နဲ့ No Sim Card Installed ဖြစ်နေရင် ဘယ်လိုဖြေရှင်းနိုင်မလဲ..?? >>>>> Download Full

    >>>>> Download LINK

    ReplyDelete