Sunday, September 16, 2018

eSIM အကြောင်းတစေ့တစ်စောင်း



eSIM အကြောင်းတစေ့တစ်စောင်း
*****************************
ဒီနှစ်အတွင်းမှာ eSIM ပါဝင်တဲ့ ထုတ်ကုန်သုံးမျိုး ထွက် ရှိခဲ့ပါတယ်။ အဲဒီထုတ်ကုန်တွေက Apple Watch 3, Pixel 2 နဲ့ Pixel 2 XL တို့ဖြစ်ပါတယ်။ မနှစ်ကထွက်ရှိခဲ့ တဲ့ Samsung Galaxy Gear S2 3G နဲ့ iPad 9.7 မှာ လည်း eSIM ပါဝင်လာပါတယ်။ဒါကြောင့် eSIM လို့ခေါ် တဲ့ နည်းပညာပါဝင်တဲ့ထုတ်ကုန်များကိုထုတ်လာခဲ့ပါပြီ
များမကြာမိက iphone အသစ်မှာ eSIM ဆိုတာကို ထည့်သွင်းလာပါပြီ သို့သော် မြန်မာပြည်မှာ
အသုံးပြုဖို့အဆင်မပြေနိုင်ဘူးလို့လည်း ခန့်မှန်း
ထားပါသည်။

eSIM/eUICC
(embedded SIM ဒါမှမဟုတ် embedded UICC)ဟာ လက်ရှိစမတ်ဖုန်းတွေမှာ အသုံးပြုနေကြတဲ့ SIM ကတ် နေရာအစားထိုးလိုက်တာပါ။သုံးစွဲသူက ဖုန်းအတွင်း SIM ကတ်ကိုဖြုတ်နိုင်ပေမယ့် eSIM ကိုတော့ မဖယ် ရှားနိုင်ပါဘူး။ဒါကြောင့် eSIM ဘယ်လိုအလုပ် လုပ် တယ်ဆိုတာ မသိသေးတဲ့သူတွေအတွက် ရည်ရွယ် ပြီး ဖော်ပြပေးလိုက်ပါတယ်။

SIM ကတ်တွေ ပြောင်းလဲဖြစ်ထွန်းလာပုံ
*****************************************
မိုဘိုင်းဖုန်းတွေ ရေပန်းစားလာတာနဲ့အမျှ သုံးစွဲသူက နှစ်သက်ရာ အော်ပရေတာရဲ့ဝန်ဆောင်မှုအလိုက် SIM ကတ်တွေကို ရွေးချယ်ဝယ်ယူလာကြပါတယ်။အဲဒီ SIM ကတ်တွေမှာ နံပါတ်နဲ့ လုံခြုံရေး key ပါဝင်တာကြောင့် ကွန်ရက်အနေနဲ့ဝန်ဆောင်မှုသုံးစွဲသူတွေကို အတည်ပြု ဖော်ထုတ် စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် SIM ကတ်မှာ contact တွေနဲ့ text message တွေကိုလည်း သိမ်း ဆည်းနိုင်ပါတယ်။နှစ်အနည်းငယ်အတွင်း SIM ကတ် တွေရဲ့ အရွယ်အစားကလည်း သေးငယ် လာပါတယ်။ ပထမဆုံး Mini SIM ထွက်ပေါ်လာပါတယ်။နောက်ပိုင်း မှာ အရွယ်တဖြည်းဖြည်းငယ်လာပြီး Micro SIM ဖြစ် လာသလို နောက်ဆုံးမှာတော့ Nano SIM ဖြစ်လာပါ တယ်။ ဒီ SIM ကတ်ပုံစံ သုံးမျိုးကို အသုံးပြုနေကြသေး ပေမယ့် Micro SIM နဲ့ Nano SIM က နောက်ပိုင်းမှာ အသုံးများလာပါတယ်။

စမတ်ဖုန်းတွေမှာ နေရာလွတ်တွေရရှိနိုင်ဖို့ SIM ကတ် တွေဟာ တဖြည်းဖြည်းသေးငယ်လာပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေက ပါးလွှာလာပြီး နေရာလွတ်တွေကလဲ တန်ဖိုးရှိလာပါတယ်။Mini SIM ကတ်တွေဟာ tray တစ်ခု နဲ့အတူ နေရာများစွာရယူလေ့ရှိပါတယ်။SIM ကတ် အရွယ်အစားကိုလျှော့ချလိုက်တာနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေက ထုတ်ကုန်တွေမှာ ပိုကောင်းတဲ့ အစိတ်အပိုင်းတွေကို ထည့်သွင်းနိုင်သလို ပါးလွှာတဲ့ ထုတ်ကုန်ကိုလည်း ဖန်တီးလာနိုင်ပါတယ်။
eSIM တွေဘယ်လို အလုပ်လုပ်လဲ
*******************************
eSIM ရဲ့အရွယ်အစားက nano SIM လောက်ပဲရှိပြီး SIM tray မပါဝင်ပါဘူး။ ဒါကြောင့် eSIM ပါဝင်တဲ့ စမတ်ဖုန်းတွေက ပါးလွှာပြီး အခြားအစိတ်အပိုင်းတွေ အတွက် နေရာလွတ်တွေ ထွက်လာပါတယ်။

eSIM တွေကို အသုံးပြုသူတွေအတွက် အားသာချက် က ကွန်ရက်တွေကို အလွယ်တကူပြောင်းလဲ အသုံးပြု နိုင်တာပါ။အဲဒီလို ပြုလုပ်တာဟာ roaming နဲ့ကွာခြား ပါတယ်။eSIM တွေက မတူညီတဲ့ကွန်ရက် profileတွေ ကိုသိမ်းဆည်းပေးပြီး ကွန်ရက်တစ်ခုနဲ့ တစ်ခုအကြား အလွယ်တကူပြောင်းလဲအသုံးပြုနိုင်ပါတယ်။eSIM ပေါ် မှာ profile အမျိုးမျိုး သိမ်းဆည်းထားနိုင်တာကြောင့် သုံးစွဲသူတွေက ကွန်ရက်တွေကိုအလွယ်တကူ ပြောင်း လဲအသုံးပြုနိုင်ပါတယ်။ SIM profile တစ်ခုမှာ data plan နဲ့ အခြား SIM profile မှာ voice plan တစ်ခု သတ်မှတ်ထားနိုင်ပြီး နံပါတ်တူညီတာကြောင့် ဖုန်းခေါ် ဆိုမှုတွေနဲ့ SMS တွေလွတ်သွားတာမျိုး မဖြစ်နိုင်ပါဘူး။
ကွန်ရက်တွေကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ဖို့ စံသတ်မှတ်ချက် သတ်မှတ်ရပါမယ်။ ဒါမှပဲ eSIM ပေါ် က SIM profile တွေကို အလွယ်တကူ သုံးနိုင်မှာပါ။ GSMA ကုမ္ပဏီမှာ အော်ပရေတာတွေနဲ့ OEM တွေ အကြားက ဆက်ဆံရေးလွယ်ကူစေဖို့နဲ့လုပ်ငန်းစဉ်တွေ ရိုးရှင်းစေဖို့အတွက် Profile Interoperability လို့ခေါ် တဲ့ စံသတ်မှတ်ချက် ရှိပါတယ်။ကမ္ဘာတစ်ဝန်းမှာ SIM profile အမျိုးမျိုးနဲ့အော်ပရေတာ ရာပေါင်းများစွာရှိပါ တယ်။ဒါကြောင့် လူတိုင်းရပ်တည်သုံးစွဲနိုင်တဲ့ စံသတ် မှတ် ချက်ကို ပြုလုပ်နိုင်တယ်လို့ ယူဆရပါတယ်။
Pixel 2 နဲ့ Pixel 2 XL ရဲ့ eSIM ကတော့လတ်တလော မှာ Google ရဲ့ Project Fi ကွန်ရက်မှာပဲ အသုံးပြုနိုင် ပါတယ်။ Apple Watch 3 မှာပါဝင်တဲ့ eSIM ကတော့ Verizon, T-Mobile နဲ့ Sprint တို့မှာ အသုံးပြုနိုင် ပါတယ်။သုံးစွဲသူအနေနဲ့ ကွန်ရက်တွေကို ပြောင်းလဲ အ သုံးပြုတဲ့အခါမှာ မိုဘိုင်းဖုန်းနံပါတ်တွေကို ဆက်လက် ရယူထားသင့်ပါတယ်။ပထမဆုံးအကြိမ်အဖြစ် အော်ပရေတာသစ်ကို အသုံးပြုတဲ့အခါ အခကြေးငွေ တစ်စုံတစ်ရာ ပေးရပါမယ်။အဲဒီအခကြေးငွေက SIM ကတ်တစ်ကတ်ကို ဝယ်ယူတဲ့အခါ ပေးရတဲ့ ပမာဏနဲ့ အလားတူဖြစ်ပေမယ့် package အတွင်းမှာအခမဲ့ data နဲ့ voice call တွေလည်း ပါဝင်လာနိုင်ပါတယ်။
eSIM တွေရဲ့ အနာဂတ်
**********************
စမတ်ဖုန်းတွေမှာ eSIM တွေကိုအသုံးပြုဖို့အတွက် အချိန်အတော် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိုဘိုင်းချိတ်ဆက်မှုလိုအပ်တဲ့ဝတ်ဆင်နိုင်တဲ့ နည်းပညာ ထုတ်ကုန်တွေ၊ကားတွေနဲ့ကွန်ပျူတာလို ထုတ်ကုန် တွေမှာ အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ Microsoft ရဲ့ Qualcomm ရဲ့အသစ်ထွက်ရှိမယ့် ARM ထောက်ပံ့မှုပါဝင်တဲ့ ကွန်ပျူတာတွေမှာ on-the-go ချိတ်ဆက်မှုအတွက် eSIM ပါဝင်လာနိုင်ပါတယ်။ Surface Pro မှာ eSIM ကတစ်ဆင့် LTE ထောက်ပံ့မှု ပါဝင်လာမယ်လို့ Microsoft ကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဗားရှင်းဟာ လာမယ့်နှစ်အစောပိုင်းမှပဲ ထွက်ရှိလာ နိုင်ပါတယ်။

eSIM တွေပါဝင်တဲ့ Windows ကွန်ပျူတာတွေအတွက် သုံးစွဲသူက Windows Store ကနေ data plan တွေ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ T-Mobile, AT&T နဲ့ အခြားနိုင်ငံရပ်ခြား အော်ပရေတာတို့က Microsoft နဲ့ပူးပေါင်းဖို့ သဘောတူညီမှု ရယူထားပါတယ်။
eSIM အသုံးပြုမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေ ပါတယ်။ သမားရိုးကျ SIM ကတ်ကိုအသုံးပြုတဲ့အခါ ဖုန်းဘက်ထရီ အလွန်အားနည်းနေတဲ့အချိန်မှာ ဖြုတ်ပြီး အခြားဖုန်းတစ်လုံးမှာ ပြောင်းလဲထည့်သွင်းပြီး အသုံး ပြုနိုင်ပါတယ်။ တကယ်လို့ eSIM အသုံးပြုမယ်ဆိုရင် ဒီလိုလုပ်လို့ မရတော့ပါဘူး။
eSIM တွေဟာ ဆက်သွယ်ရေးကုမ္ပဏီတွေက lock လုပ်ထားတဲ့ ဖုန်းတွေကို မပျောက်ကွယ်စေနိုင်ပါဘူး။ အဲဒီ carrier-lock ထုတ်ကုန်ဆိုတာက သုံးစွဲသူနဲ့ contract plan တစ်ခုချုပ်ဆိုထားတာပါ။ ဖုန်းအတွက် လစဉ်ကြေးကို ပိုင်ရှင်က ပုံမှန်ပေးသွင်းရပါတယ်။ ဒီနည်းလမ်းဟာ ဖုန်းအသစ်တစ်လုံးဈေးနှုန်းသက်သက် သာသာနဲ့ ဝယ်ယူစေနိုင်ပါတယ်။ စာချုပ်ပြည့်ပြီ ဆိုတာ နဲ့ ပိုင်ရှင်က နှစ်သက်ရာကွန်ရက်ကို ပြောင်းလဲ အသုံး ပြုနိုင်ပါတယ်။

No comments:

Post a Comment