Tuesday, September 4, 2018

📆 နောက်လမှာထွက်မယ့် iPhoneတွေနဲ့အတူပါလာမယ့်iOS12အကြောင်း



📆 နောက်လမှာထွက်မယ့် iPhoneတွေနဲ့အတူပါလာမယ့်iOS12အကြောင်
Appleဟာ နောက်လမှာ iPhone အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်သလို iOS 12ဟာလည်း သူတို့နဲ့အတူပါဝင်လာမှာဖြစ်ပါတယ်.ယခုအချိန်မှာတော့ iOS 12ဟာ beta versionမှာပဲ ရှိပါသေးတယ်.beta version ဆိုတော့ သုံးရတာအဆင်ပြေတဲ့လူတွေရှိသလို သိပ်မပြေတဲ့လူတွေလည်းရှိနေပါသေးတယ်
ဒါပေမယ့်လည်း iOS 12 Final versionမှာတော့ တော်တော်ကောင်းမွန်လာမယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါပဲ..ကဲဒါဆို iOS 12 Finalကျရင် ဘာတွေပိုကောင်းလာမလဲ နည်းနည်းလောက် စပ်စုရအောင် 😁
Appleရဲ့ ပြောကြားချက်အရတော့ iOS 12မှာ
-အရင် iPhone Modelအဟောင်းတွေဟာ 40% ကနေ 70 % ထိပိုမြန်လာမယ်လို့ပြောပါတယ်. ဘယ်လိုနေရာတွေမှာလဲဆိုရင်တော့ Appတွေကိုဖွင့်တဲ့နေရာမှာ 40%၊ Cameraဖွင့်တဲ့ချိန် နဲ့ သုံးတဲ့အချိန်မှာ 70%လောက်နဲ့ keyboard typingရိုက်ရာမှာ 50%လောက်ပိုမြန်လာမယ်လို့ ဆိုပါတယ်
-ဒါ့အပြင် iOS 12 ဟာ iPhone Xရဲ့ စိတ်ရှုပ်စရာ ပြဿနာတစ်ခုကို ဖြေရှင်းပေးတော့မှာပါ.. ကျွန်တော်တို့ iOS 11တုန်းက iPhone Xမှာ Multitasking Menu(Recent) ထဲက Appတွေကို ရှင်းခြင်ရင် အပေါ်ကိုဆွဲတင် အနီရောင် close buttonလေးပေါ်လာတဲ့ထိ ဖိနှိပ်ပြီးမှရှင်းရတာပါ. iOS 12မှာတော့ အဲ့လို ဖိထားစရာမလိုတော့ပဲ ဖျက်ချင်တဲ့ appကို အပေါ်ကိုဆွဲတင်လိုက်ရုံပါပဲ
-iOS 12 တင်လို့ရနိုင်မယ့် Deviceတွေကတော့ iPhoneမှာဆိုပြီး iPhone 5s ကနေစရမှာဖြစ်ပြီး၊iPad မှာဆို အနိမ့်ဆုံး iPad Mini 2 နဲ့ iPad Airကနေ စပြီးအသုံးပြုနိုင်မျာဖြစ်ပါတယ်.. ဒါကြောင့် iOS 12ဟာဆိုရင် ပေးခဲ့သမျှ iOS updateတွေထဲမှာ Deviceအများဆုံး Supportပေးတယ်လို့ဆိုရမှာ ဖြစ်ပြီး iPhone Model 11မျိုးနဲ့ iPad Model 11မျိုးထိ Supportပေးထားတာပဲဖြစ်ပါတယ်
-iOS 12ဟာ အသုံးပြုသူတွေရဲ့ လုံခြုံရေးအတွက်လည်း စဉ်းစားပေးထားပါတယ်.. ဘယ်လိုမျိုးလဲဆိုရင်တော့ အရေးပေါ်အခြေအနေတစ်ခုခုအတွက် 911 ကိုဖုန်းခေါ်လိုက်တဲ့အခါ Operatorဆီကို ကိုယ့်ရဲ့ Locationကိုပါတစ်ခါတည်းပြပေးမှာဖြစ်ပါတယ်.စိတ်မကောင်းစရာတစ်ခုကတော့ ဒီ featuresကတော့ U.S တစ်နေရာမှာပဲ ရနိုင်မှာဖြစ်ပါတယ် 😞
-Measure ဆိုတဲ့ Appတစ်ခုပါလာမယ်.. ဒီကောင်တော်တော်မိုက်တယ်ဗျ.. ကိုယ်အတိုင်းအတာသိချင်တဲ့ ပစ္စည်းတစ်ခုခုကို ဓာတ်ပုံရိုက်ပြီး သူ့ရဲ့ အနားတွေကို သတ်မှတ်ပေးလိုက်တာနဲ့ dimension တွက်ပေးမှာဖြစ်ပါတယ်
-Camera Appကိုလည်း အဆင်မြင့်မှုတွေလုပ်ထားတယ် သိရပါတယ်.. Portrait Lighting Modeနဲ့ရိုက်တဲ့ပုံတွေက သဘာဝပိုကျလာမယ်၊နောက်တစ်ခုက QR codeတွေလည်း Scanဖတ်နိုင်တော့မှာဖြစ်ပါတယ်.. iPhone အတွက် QR Readerရှာရတဲ့ ဒုက္ခတွေကတော့ ဝေးပြီပေါ့.ဒါ့အပြင် iPad Proမှာ Raw format နဲ့ fileတွေကပါ editလုပ်နိုင်တော့မှာဖြစ်ပါတယ်
-Siri ကနေ ဘာသာပြန်ပေးနိုင်တဲ့ languageတွေကိုလည်း ထပ်တိုးထားပါတယ်..ဒါကြောင့် iOS 12မှာဆိုရင် Siriက ဘာသာစကားပေါင်း 40ကျော်ကို တတ်မြောက်နေပါပြီ၊ပြီးတော့ Appတွေ Websiteတွေမှာ savedထားတဲ့ passwordတွေကိုလည်း ကိုယ်မေ့နေရင် siriကို ရှာခိုင်းလို့ ရမှာဖြစ်ပါတယ်
-iOS 12ဟာဆိုရင် သင့်ရဲ့ ဖုန်းအသုံးပြုချိန်ကို လျော့ချဖို့လည်း Screen Timeဆိုတဲ့ Feature နဲ့ ကူညီပေးဦးမှာပါ.ဒီ featuresဟာဆိုရင် သင့်ရဲ့ App အသုံးပြုချိန်တွေ၊ဘယ်တွေကို အများဆုံး အသုံးပြုနေလဲဆိုတာတွေကို စောင့်ကြည့်ပေးမှာဖြစ်ပြီး သင့်တော်တဲ့ limitတစ်ခုထားပေးမှာပါ.. limitကိုယ်တိုင်ချိန်ချင်ရင်လည်းရပါသေးတယ်.. သတ်မှတ်ထားတဲ့ အချိန်ရောက်ပြီဆိုရင်တော့ အချိန်ပြည့်ပြီဆိုတဲ့ messageလေးနဲ့ အတူ Appကိုပိတ်ပေးမှာဖြစ်ပါတယ်..ဖေဖေ မေမေတို့အတွက်တော့ သေချာပေါက်အသုံးတည့်မှာပါ 😁 😁 😁
-Anamoji အသစ်တွေနဲ့ Memojiဆိုတာလည်းပါလာဦးမှာပါ.. Anamoji maskအသစ်တွေအနေနဲ့ Ghost Koala, Tiger and T-Rex စတာတွေပါဝင်လာပြီး Memojiဆိုတာတော့ ကိုယ့်နဲ့ ပုံစံတူ အရုပ်လေးပြုလုပ်လို့ရမှာဖြစ်ပါတယ် 🤖 🤡 🍎
ကဲ ဒါကတော့ iOS 12မှာ ပါဝင်လာမယ့် New featuresနဲ့ ပြောင်းလဲမှုတွေထဲက တစ်ချို့ပဲ ဖြစ်ပါတယ်ဗျာ.. အားလုံးပဲ သာယာလှပသော နေ့လေးဖြစ်ပါစေ 🙏 🙏 🙏 🙏
 

No comments:

Post a Comment