Thursday, September 20, 2018

iPhone XS & iPhone XS Max 😍😍😍




Apple ဟာ A12 Bionic Chip နဲ့အတူ IP68 Waterproof Rate ( Waterproof Rating ကို ပြောတာနော် ) ပါလာတဲ့ iPhone XS နဲ့ iPhone XS Max တို့ကို မိတ်ဆက် ကြေငြာပေးခဲ့ပါတယ် ။ 
အောင်မြင်မှုတွေ ရရှိခဲ့တဲ့ iPhone X ရဲ့ ဒီဇိုင်းတွေနဲ့ပဲ ပြန်လည် ထွက်ရှိလာတာဖြစ်ပြီး ၊ အတွင်းပိုင်းမှာတော့ ပိုမိုမြန်ဆန်တဲ့ လှုပ်ဆောင်မှုတွေ ၊ ကင်မရာပိုင်း ပိုမိုကောင်းမွန်လာမှုတွေနဲ့အတူ ( ၆.၅ ) လက်မ ရှိတဲ့ iPhone XS Max ကိုပါ မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ 
iPhone X ကို Upgrade လုပ်ထားတယ် ဆိုတဲ့ သဘောနဲ့ အနောက်မှာ ‘ S ‘ ထည့်ပေးထားတဲ့ S Series တွေပဲ ဖြစ်ပါတယ် ။ ဒီဇိုင်းပိုင်း ပြောင်းလဲထားမှု မရှိပေမယ့်လည်း အဓိကဖြစ်တဲ့ Performance ကောင်းမွန်မှုကို Focus ထားပြီး Camera Improvements တိုးတက်မှုတွေနဲ့အတူ ထုတ်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။


Design and Display
iPhone XS မှာ Dolby Vision ပါဝင်ပြီး ၊ True Tone OLED Display နဲ့ဖြစ်ကာ ( ၅.၈ ) လက်မ ရှိပါတယ် ။ HDR10 and 3D Touch ကိုလည်း ထောက်ပံ့မှု ရှိပါတယ် ။ 
iPhone 7 Plus / 8 Plus တို့ နေရာကို ဝင်ယူမယ့် iPhone XS Max ကတော့ ( ၆.၅ ) လက်မ ရှိကာ Super Retina Display နဲ့ ဖြစ်ပါတယ် ။ Resolution ( 2688 x 1242 ) pixels ရှိပါမယ် ။ 
iPhone XS Max ဟာ Display သာ ပိုမိုကြီးမားလာတာ ဖြစ်တဲ့အတွက် အရွယ်အစားကတော့ iPhone 7 Plus / 8 Plus တို့ အရွယ်ပဲ ရှိပါမယ် ။ သူတို့ထက် ပိုပြီး မကြီးပါဘူး ။ iPhone X လိုပဲ Bezel-less Front , Notched Display တို့နဲ့ပဲ ဖြစ်ပါတယ် ။ 
iPhone XS Max ဟာ iPhone X ထက် Minor ပြောင်းလဲမှုတွေပဲ ရှိပါမယ် ။ အသစ်ထွက်လာတဲ့ iPhone XS , XS Max တို့မှာ ( ၂ ) မီတာ ရေအနက်မှာ ( ၃၀ ) မိနစ်အထိ ထားရှိနိုင်မယ့် Water – Resistant IP68 Certified ပါလာပါတယ် ။ 
အရွယ်ကြီးတဲ့ iPhone XS Max မှာ Wider Soundstage အတွက် Stereo Speakers တွေကို Apple ကအဆင့်မြှင့်တင်မှုများ ပြုလုပ်ပေးလိုက်ပါတယ် ။ 
iPhone XS နဲ့ iPhone XS Max တို့ကို Silver , Gold နဲ့ Space Gray ဆိုပြီး အရောင် ( ၃ ) မျိုးနဲ့ မိတ်ဆက်ပေးလာတာပဲ ဖြစ်ပါတယ် ။


Faster Face ID
iPhone XS နဲ့ iPhone XS Max တို့ရဲ့ Face ID ဟာ အရင်တုန်းက မရှိခဲ့ဖူးသေးတဲ့ Faster Algorithms & Faster Secure Enclave တို့ ပါဝင်ပါတယ် ။ Apple ကတော့ စမတ်ဖုန်းတွေထဲမှာတော့ ဒီ Facial Recognition နည်းပညာဟာ အကောင်းဆုံးပါပဲလို့ အခိုင်အမာကို ဆိုလိုက်ပါတယ် ။

A12 Bionic
A12 Bionic ဟာ ( 6.9 ) billion ရှိတဲ့ Transistors တွေကို မယုံနိုင်စရာကောင်းလှအောင်ပဲ 7nm node ပေါ်မှာ တည်ဆောက် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ် ။ သူဟာ A11 Bionic ထက် High – Performance မှာ ( ၁၅ ) ရာခိုင်နှုန်း ပိုမိုမြန်ဆန်ပါတယ် ။ 2 High – Performance Cores နဲ့ 4 Energy Efficient Processors တို့နဲ့ ဖွဲ့စည်းထားပြီး 6 – Core CPU ပဲ ဖြစ်ပါတယ် ။ Apple က ဒီဇိုင်းထုတ်ထားတာဖြစ်တဲ့ 4 – Core GPU ကလည်း ( ၅၀ ) ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပါတယ် ။ 
Neural Engine ကတော့ A12 Bionic ရဲ့ အကြီးမားဆုံးသော Upgrade ပြုလုပ်မှုပဲ ဖြစ်ပါတယ် ။ A11 Bionic ပေါ်မှာ 600 million neural operations per second ပဲ ရှိရာက 5 trillion neural operations per second လုပ်နိုင်စွမ်းရှိတဲ့ 8 – Core Chip ပဲ ဖြစ်ပါတယ် ။ iPhone XS ပေါ်မှာ Apps တွေကို Launch လုပ်တာထက် ( ၃၀ ) ရာခိုင်နှုန်း ပိုမိုမြန်ဆန်မှု ရှိမယ်လို့ Apple ကတော့ ပြောပါတယ် ။ iPhone X ထက် အခြား System Features တွေမှာ ဒီ Neural Engine ကြောင့် ပိုမိုမြန်ဆန်မှုတွေကို ရရှိမှာပဲ ဖြစ်ပါတယ် ။

Camera
Dual – Camera System ကတော့ iPhone ( ၂ ) မျိုးစလုံးမှာ အတူတူပဲ ဖြစ်ပါတယ် ။ Primary 12MP ( Wide – Angle Lens ) နဲ့ Secondary 12MP ( Telephoto Sensor ) တို့နဲ့ပဲ ဖြစ်ပါတယ် ။ 
Apple ဟာ Larger Sensor အသစ်ဖြစ်တဲ့ ( 1.4um ) pixels နဲ့ Camera System ကို အဆင့်မြှင့်တင်ပေးထားပါတယ် ။ 6 – Element f/1.8 Lens , OIS and Focus Pixels တို့နဲ့လည်း Paired ထားပါသေးတယ် ။ Telephoto Sensor ကလည်း အသစ်ဖြစ်ပြီး f/2.4 Aperture Feature OIS နဲ့ ဖြစ်ပါတယ် ။ 
True Tone Flash ကိုလည်း အဆင့်မြှင့်တင်ပေးထားပြီး ဆန်းသစ်လှတဲ့ Flicker – Detect System ပါဝင်လာပါတယ် ။ 
iPhone XS နဲ့ iPhone XS Max တို့မှာ Smart HDR ဆိုတဲ့ Mode အသစ် ပါဝင်လာပါတယ် ။ ပိုပြီး Details ကျပြီး ကောင်းမွန်လှတဲ့ Dynamic Range ရှိတဲ့ ဓါတ်ပုံတွေ ရရှိနိုင်ဖို့ ဒီ Smart HDR က iPhone အသစ်တွေကို အကူအညီ ပေးပါလိမ့်မယ် ။ A12 Bionic ပေါ်က New ISP နဲ့ Neural Engine တို့ကလည်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အကောင်းဆုံးသော အရည်အသွေး ရှိတဲ့ ဓါတ်ပုံတွေကို ရရှိနိုင်ဖို့အတွက် ကူညီပါလိမ့်မယ် ။ 
iPhone XS , XS Max တို့ရဲ့ Portrait Mode ထဲက Bokeh Effect ဟာလည်း အခုဆို ကလိကြည့်လို့ရတဲ့ အဆင့်ကို ဖြစ်လာပါပြီ ။ Camera App ထဲကနေပဲ အဲဒီ Bokeh Effect ကို Increased or Decreased ( အတိုးအလျော့ ) လုပ်လို့ ရလာတာပဲ ဖြစ်ပါတယ် ။ 
သိပ်ကို မြန်ဆန်တဲ့ ISP နဲ့ Microphones ( 4 ) လုံးတို့ဟာ Videos Recording လုပ်နေစဉ်မှာ Stereo အသံတွေကို Record လုပ်နိုင်ဖို့ ခွင့်ပြုပေးပါလိမ့်မယ် ။ 
Front – Facing ကင်မရာမှာလည်း 7MP TrueDepth Lens နဲ့ပဲ ဖြစ်ပါတယ် ။ New Sensor ဟာ သိပ်ကို မြန်ဆန်လှပြီး f/2.2 Aperture Feature ကိုလည်း ထည့်ထားပါတယ် ။ အခုဆို EIS နဲ့ Full HD Videos တွေကို ( 60fps ) နဲ့ Recording လုပ်နိုင်ပြီပဲ ဖြစ်ပါတယ် ။


Battery Life
iPhone XS နဲ့ iPhone XS Max တို့ကို နှိုင်းယှဉ်တဲ့ အခါမှာတော့ iPhone XS Max ရဲ့ Battery Life ဟာ XS ထက် ( ၃၀ ) မိနစ် ပိုခံပါတယ် ။ ကြီးမားတဲ့ ဘက်ထရီနှင့်အတူ iPhone XS Max ရဲ့ Battery Life ဟာ မနှစ်က ထွက်ခဲ့တဲ့ iPhone X ထက် အနည်းဆုံး ( 1.5 ) hours ပိုအားခံမှုနဲ့အတူ ထွက်ရှိလာတာပဲ ဖြစ်ပါတယ် ။ 
Connectivity
သိက်ကိုမြန်တဲ့ Gigabit LTE ပါဝင်ပါတယ် ။ 
Bluetooth 5.0 ကို ထောက်ပံ့ပါတယ် ။
Apple အခေါ် DSDS ( Dual – SIM Capabilities ) လည်း ပါဝင်လာပါတယ် ။ 
ဒါပေမယ့်ပေါ့လေ !
iPhone အသစ်တွေမှာ Single SIM Slot တစ်ခုပဲ ပါဝင်မှာ ဖြစ်ပါတယ် ။ Second SIM Slot အစား eSIM နဲ့ အစားထိုးထားပြီး ၊ ဖုန်းထဲကနေ ဝင်ရောက်ပြီး Secondary Network အတွက် Register လုပ်ပေးရမှာပဲ ဖြစ်ပါတယ် ။ ဒီအတွက် အဆိုပါ eSIM Feature ကို Network Operators တွေက Support လုပ်ဖို့တော့ လိုအပ်ပါတယ် ။ 😔😔
China မှာတော့ Dual SIM Slots ပါတဲ့ iPhone XS Max ( Special Edition ) ကို Apple က Launch လုပ်ပေးပါမယ် ။ 😍😘

Pricing and Release Date
iPhone XS နဲ့ iPhone XS Max တို့ကို September ( 14 ) ရက်နေ့မှာ Pre – Order မှာယူနိုင်မှာ ဖြစ်ပြီး ၊ Apple Store တွေပေါ်ကိုတော့ September ( 21 ) ရက်နေ့မှ ရောက်ရှိမှာပဲ ဖြစ်ပါတယ် ။ 
iPhone XS က $ 999 ကနေ စတင်မှာ ဖြစ်ပြီး ၊ iPhone XS Max ကတော့ $ 1099 ကနေ စတင်မှာပဲ ဖြစ်ပါတယ် ။ 😱😱

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment