Thursday, September 20, 2018

iPhone XR 😍😍😍




iPhone XR ဟာ ( ၆.၁ ) လက်မ ရှိပြီး Liquid Retina Display ကို အသုံးပြုထားပါတယ် ။ Face ID လည်း ပါဝင်ပါမယ် ။ ကင်မရာကတော့ Single Rear Camera သာ ဖြစ်ပါတယ် ။ ဆိုလိုတာကတော့ ကင်မရာတစ်လုံးထဲပေါ့ ။ 
Apple ဟာ iPhone XS နဲ့ iPhone XS Max တို့နောက် တန်ဖိုးနည်း ဖုန်းတစ်လုံးအဖြစ် ရည်ရွယ်ပြီး iPhone XR ကို LCD Display နဲ့ ထုတ်ခဲ့တာပဲ ဖြစ်ပါတယ် ။ တန်ဖိုးနည်း ဆိုသော်ငြားလည်း Face ID ကိုတော့ ထည့်သွင်းပေးခဲ့ပါတယ် ။ နောက်ဆို Apple ထုတ် iPhone တွေမှာ Fingerprint Touch ID ကို မြင်ရဖွယ် မရှိတော့ပါဘူး ။

iPhone XR ဟာ အဓိကအချက် အတော်များများမှာ iPhone XS နဲ့ တူညီပါတယ် ။ ဒါပေမယ့် တန်ဖိုးနည်းစေရန် ရည်ရွယ်ချက်ကြောင့် အချို့နေရာတွေမှာ ညှိထားတာမျိုး ရှိပါတယ် ။ ဥပမာ iPhone X & iPhone XS တို့ရဲ့ Body လိုမျိုး Stainless Body မဟုတ်ပဲ iPhone XR ရဲ့ အောက်ခံကိုယ်ထည်ဟာ Aluminum နဲ့ လုပ်ထားတာမျိုး ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီအချက်ကြောင့်နဲ့တော့ iPhone XR ရဲ့ တန်ဖိုးကြီး စမတ်ကျနေတဲ့ ဒီဇိုင်းစတိုင်ကိုတော့ အနှောင့်အယှက် မဖြစ်စေပါဘူး ။


iPhone X ရဲ့ ဒီဇိုင်းပိုင်းနဲ့ အကုန်တူညီပြီး ၊ မတူတာဆိုလို့ LCD Display ကို အသုံးပြုထားတာပဲ ရှိပါတယ် ။ Bezels တွေဟာ ပါးပါးလေးနဲ့ သွယ်သွယ်လေးပါပဲ ။ အဲ .. iPhone XS နဲ့ မတူညီတာကတော့ iPhone XR ဟာ IP67 အာမခံချက်သာ ပါရှိပါတယ် ။ ( iPhone XS နဲ့ XS Max တို့က IP68 ပါ ။ ) Waterproof အဆင့် မဟုတ်ပဲ Water Resistant အဆင့်ပဲ ပါတာကတော့ iPhone X နဲ့ တူညီနေပါတယ် ။ ဒါဆို ( ၁ ) မီတာ အနက်မှာ မိနစ် ( ၃၀ ) ခန့်အထိတော့ ရေစိမ်ခံနိုင်ပါလိမ့်မယ် ။ ( iPhone XS နဲ့ XS Max တို့ကတော့ ( ၂ ) မီတာ အနက်ထိ ရေစိမ်ခံနိုင်ပါတယ် ။ ) 
*** Water Damage ဟာ Warranty မရပါ *** 
iPhone XR ကို Black , White , Blue , Red, Yellow and Coral ဆိုပြီး အရောင် ( ၆ ) မျိုးနဲ့ ရရှိနိုင်ပါမယ် ။

( ၆.၁ ) လက်မ Liquid Retina LCD Display တပ်ဆင်ထားတဲ့ iPhone XR ဟာ ( 1792 x 828 ) Resolution ရှိပါတယ် ။ ( 326 ppi ) Density ရှိပါမယ် ။ 3D Touch မပါဝင်ပေမယ့် Tap to Wake တော့ ပါပါတယ် ။ Apple ဟာ MacBook Pro ရဲ့ Trackpad မှာ အသုံးပြုထားတဲ့ Haptic Touch နဲ့ အစားထိုးထားပါတယ် ။ iPhone X မှာ အသုံးပြုထားတဲ့ Face ID ထက် ပိုကောင်း ပိုမြန်တဲ့ Second Generation Face ID ကို iPhone XR မှာ တပ်ဆင်ပေးထားပါတယ် ။

ကြောက်မက်ဖွယ်ရာ Monster ကဲ့သို့သော iPhone XR ရဲ့ အဓိကကြီးမားလှတဲ့ စွမ်းအားကြီးကတော့ Apple ၏ A12 Bionic Chip ပဲ ဖြစ်ပါတယ် ။ ပထမဦးဆုံးသော 7nm ( 7 နာနိုမီတာ ) Chip ဖြစ်တဲ့အပြင် ( 6.9 ) billion ထရန်စစ်စတာတွေနဲ့ အံ့မခန်း တည်ဆောက်ထားပါတယ် ။ 6 – Core CPU , 4 – Core GPU နဲ့ 8 – Core Neural Engine တို့နဲ့ ဖြစ်ပါတယ် ။ 😍😘

iPhone XR ဟာ 12MP Single Camera ဖြစ်ပြီး f/1.8 Aperture နဲ့ဖြစ်ကာ Wide – Angle Shooter လုပ်နိုင်ပါတယ် ။ iPhone XR ဟာ Single Camera ဖြစ်သော်ငြား Bokeh Effects ဖြင့် Portrait Photos တွေကို ရိုက်ယူနိုင်ပါတယ် ။ iPhone XS နဲ့ အလားတူ ကြီးမားတဲ့ ( 1.4um ) Sensor ပါဝင်တဲ့အတွက် Smart HDR Feature ကိုလည်း အသုံးပြုနိုင်ပါမယ် ။ 😍😘
Front Camera ကလည်း iPhone XS ရဲ့ 7MP Camera နဲ့ အတူတူပါပဲ ။ TrueDepth Camera ဖြစ်တဲ့အတွက်ကြောင့် Portrait Mode ဖြင့် Bokeh Effect တွေကို ပြုလုပ်နိုင်ပါမယ် ။ အဆင့်မြှင့်ထားတဲ့ TrueTone Flash လည်း ပါဝင်ပါတယ် ။
Storage အနေနဲ့ကတော့ 64GB , 128GB နဲ့ 256GB ဆိုပြီး ရရှိမှာပဲ ဖြစ်ပါတယ် ။ $ 749 ကနေ စတင်မှာဖြစ်ပြီး ၊ October ( 19 ) ရက်နေ့မှ Pre – Order တင်နိုင်မှာပဲ ဖြစ်ပါတယ် ။ Apple Store တွေပေါ်ကိုတော့ October ( 26 ) ရက်နေ့မှ ရောက်ရှိမှာပဲ ဖြစ်ပါတယ် ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment