Wednesday, September 26, 2018

iPhone Xs ကိုဝယ်သင့်၊မဝယ်သင့်စဉ်းစားနေကြတဲ့မိတ်ဆွေများဖတ်ဖို့ပါ


Nyo Min Lwin Post တွေဖတ်ကြည့်နေရင်းက မနေနိုင်လို့ရေးလိုက်ပါတယ်၊
iPhone Xs ကိုဝယ်သင့်၊မဝယ်သင့်စဉ်းစားနေကြတဲ့မိတ်ဆွေများဖတ်ဖို့ပါ...
ချီတုံချတုံဖြစ်နေကြတဲ့သူများအနေနဲ့ ပထမဆုံးစဉ်းစားကြတာက ပုံစံမပြောင်းဘူး ဆိုတဲ့ကိစ္စပါ...
ဒီလိုစဉ်းစားကြည့်ရအောင်ဗျာ...
ခင်ဗျားမနက်အိပ်ရာထ၊ မျက်နှာသစ်ရင် မှန်ကြည့်တယ်မဟုတ်လား...
ခင်ဗျားမျက်နှာကြီးပြောင်းသွားလား၊ မပြောင်းသွားဘူးဗျ၊
မနေ့ကလည်း ဒီမျက်နှာပဲ၊ ဒီနေ့လည်း ဒီမျက်နှာပဲ၊
မနက်ဖြန်လည်း ပြောင်းသွားမယ်လို့ထင်လား၊
မပြောင်းဘူးဗျ၊
ခင်ဗျားသာ တစ်ခုခုလုပ်ပြီး ဟိုပြင်၊ဒီပြင်နဲ့ လျှောက်မပြောင်းရင် ခင်ဗျားမျက်နှာက ဆယ်နှစ်လောက်အတွင်းမှာမှ ဖြည်းဖြည်းချင်းစီပြောင်းတာ...
အဲဒါနဲ့ပဲ ခင်ဗျားကို ကိုင်နေတဲ့...( sorry ဖုန်းနဲ့မှားတာ ) ခင်ဗျားကို နေ့စဉ်တွေ့နေတဲ့ ခင်ဗျားဇနီး၊ခင်ပွန်း၊မိသားစု၊ ခင်ဗျားချစ်သူက ခင်ဗျားကိုကြည့်ပြီး...
ဟင်...ဘာမှလည်းမပြောင်းဘူး ဆိုပြီးထားခဲ့ရောလား၊
မထားခဲ့ဘူး မဟုတ်လား၊
ခင်ဗျားကရော ခင်ဗျားနားကလူတွေကိုကြည့်ပြီး ဘာမှမပြောင်းဘူး ဆိုပြီးထားခဲ့သလား၊
မထားခဲ့ဘူး မဟုတ်လား၊
အဲဒါအဖြေပဲလေဗျာ...
ခင်ဗျား တနေ့တနေ့ကြည့်နေတဲ့ ခင်ဗျားမျက်နှာကြီးတောင် မပြောင်းသေးတာ၊ တစ်နှစ်မှတစ်ခါလေးထွက်လာတဲ့ဖုန်းကို ခင်ဗျားက ဘာလို့အတင်းပြောင်းခိုင်းနေရတာလဲ...
Apple ကုမ္ပဏီ ဒီနေ့အထိ သိက္ခာရှိရှိနဲ့ရပ်တည်နေတာ ပေါ်ပင်နောက်ကိုလိုက်နေတဲ့ Design ကြောင့်မဟုတ်ဘူးဗျ၊ အရိုးရှင်းဆုံး Design အောက်က အဆန်းသစ်ဆုံးနည်းပညာတွေကြောင့် ဒီနေ့ ကမ္ဘာမှာ iPhone က နံပါတ်တစ်ဖြစ်နေတာ၊
iPhone ကိုတကယ်အရူးအမူးကိုင်နေကြတဲ့လူတွေက ဒီဇိုင်းကိုကိုင်နေကြတာမဟုတ်ဘူး၊
နည်းပညာအဆင့်အတန်းမြင့်တဲ့ပစ္စည်းတစ်ခု အိတ်ကပ်ထဲထည့်ထားရတဲ့ခံစားမှုကို တခြားဘယ် smartphone ကမှ မပေးနိုင်လို့ ငွေကုန်ကြေးကျခံပြီးကိုင်နေကြတာဗျ၊
Design မပြောင်းတာက iPhone ကိုစွန့်လွှတ်စရာအကြောင်းပြချက် လုံးဝမဟုတ်ဘူးဆိုတာ သေချာပါတယ်၊
နောက်ထပ် ခင်ဗျားတွေဝေနေတဲ့အချက်တစ်ခုက ဈေးနှုန်းလို့ထင်တယ်၊
အဲဒါလည်းတွေဝေစရာမဟုတ်ဘူးဗျ၊ iPhone ကိုလုံးဝ ဝယ်ဖို့အစီအစဉ်မရှိတဲ့သူမျိုးကိုတော့ မပြောလိုပါဘူး၊ ဝယ်မယ်လို့စဉ်းစားထားရင်တော့ ဈေးနှုန်းကိုထည့်ကိုစဉ်းစားမနေနဲ့တော့ဗျ၊
Apple က ထုတ်တဲ့ပစ္စည်းမှန်သမျှက ကြိုက်ရင်ဝယ်၊မကြိုက်ရင်မဝယ်နဲ့ဆိုတဲ့အချိုးနဲ့လာတဲ့ဟာတွေချည်းပဲ၊ သူဌေးဈေးရောင်း ဆိုတဲ့စကားက Apple နဲ့ကွက်တိပဲ၊
ပြီးတော့ လက်ရှိအမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကိုယ်တိုင်က သူ့ရဲ့ Twitter စာမျက်နှာမှာ တရားဝင်ရေးထားခဲ့ပြီးသား၊ သူနဲ့တရုတ်နိုင်ငံရဲ့ပြဿနာကြောင့် Apple ထုတ်ကုန်တွေဟာ ဈေးတက်လာနိုင်ချေရှိတယ် တဲ့... ၊ ကြည့်ရတာ တရုတ်က စက်ရုံမှာမထုတ်လုပ်တော့ပဲ ပြည်တွင်းမှာတင်ထုတ်လုပ်တော့မယ့်သဘောပဲဗျ၊
အဲဒီတော့ အလုပ်သမားစားရိတ်တွေကြီးလာတာနဲ့အမျှ ရှေ့လျောက် Apple ထုတ်ကုန်တွေအားလုံးက ဈေးကြီးလာဖို့ပဲရှိတယ်၊ ဒါပေမယ့်လည်း ဘယ်သူကမှဓားထောက်ပြီးရောင်းတာမှ မဟုတ်ပဲ၊
ဘယ်ပစ္စည်းမဆို ကိုယ်ကြိုက်ရင်တန်တာချည်းပဲဗျ၊
ရှမ်းကြိုက်ရင်နွားချောတယ် ဆိုတဲ့စကားပုံတောင်ရှိသေးတာပဲ၊ ကိုယ်ကြိုက်တယ်၊တန်တယ်ထင်ရင်ဝယ်၊ မကြိုက်လည်းမဝယ်ရုံပဲပေါ့၊ Apple လည်း အခြေအနေအရဈေးတက်လိုက်ရတာပဲ၊ ဒီအပေါ်မှာ သိပ်တွေဝေနေစရာမရှိပါဘူး၊
ပိုက်ဆံရှိရင် ဝယ်သာဝယ်လိုက်ပါ၊ iPhone ကိုင်လိုက်မိလို့ နောင်တရသွားတယ်ဆိုတာ မရှိပါဘူး၊
ဒီ iPhone Xs series မှာ နောက်ထပ် ခင်ဗျားစဉ်းစားနေတာ Dual SIM မြန်မာနိုင်ငံမှာသုံးလို့ရ မရ ဆိုတဲ့ကိစ္စ ဖြစ်နိုင်တယ်၊
အဲဒါကတော့ ပိုပြီးတော့တောင်ထည့်စဉ်းစားဖို့မလိုတဲ့ကိစ္စပဲဗျ၊ iPhone တောက်လျောက်ကိုင်လာတဲ့လူတိုင်းက X အထိကို Single SIM နဲ့ပဲအသားကျလာပြီးသားဗျ၊ တခြားဖုန်းတွေ SIM Card နှစ်ကဒ်သုံးနေကြတဲ့အချိန်မှာ SIM Card တစ်ကဒ်ပဲထည့်လို့ရတဲ့ iPhone ကို ကျေကျေနပ်နပ်ကိုကိုင်ခဲ့ကြတာ၊ အခု Xs မှာ Dual SIM သုံးလို့ရခြင်း၊မရခြင်းက ခင်ဗျားခေါင်းခြောက်ခံပြီးစဉ်းစားနေစရာကိုမလိုတာ၊ SIM Card နှစ်ကဒ်မကလို့ အကဒ်နှစ်ဆယ်ထည့်လို့ရလည်းပဲ တစ်ကြိမ်မှာ Conversation တစ်ခုပဲလက်ခံစကားပြောလို့ရတာ၊
Apple က အခု Xs မှာထည့်ပေးလိုက်တဲ့ Dual SIM ဆိုတဲ့ကိစ္စက အလှူအိမ်မှာချပေးထားတဲ့ လက်ဘက်ပွဲလို့ပဲ သဘောထားလိုက်၊ ခင်ဗျား စားစား မစားစား အရေးကိုမကြီးတာ၊
နောက်တစ်ခု ခင်ဗျားချက်ချင်းထမဝယ်သေးတဲ့တစ်ချက်က အောက်တိုဘာမှာထွက်လာမယ့် iPhone XR ကိုစောင့်ချင်တာလည်းဖြစ်နိုင်တယ်၊
မစောင့်ပါနဲ့လို့စေတနာနဲ့အကြံပေးချင်ပါတယ်၊
iPhone XR ကိုမစောင့်သင့်တဲ့အထင်ရှားဆုံးတစ်ချက်က iPhone XR ရဲ့ Display က LCD အဆင့်ပဲရှိပါတယ်၊ Apple က Liquid Retina Display လို့နာမည်ပြောင်းပေးလိုက်ပေမယ့်လည်း Display Panel က လိုက်မပြောင်းသွားပါဘူး၊ LCD က LCD ပါပဲ၊ Apple ရဲ့ထုံစံအတိုင်း LCD ချင်းယှဉ်ရင်တော့ သူကသာနေဦးမှာပါပဲ၊ ဒါပေမယ့် Xs နဲ့ Xs Max ရဲ့ Display ကိုတော့ XR က ဘယ်လိုမှမယှဉ်နိုင်ဘူးဆိုတာသေချာပါတယ်၊
နောက်ထပ် XR ကိုမစောင့်သင့်တဲ့တစ်ချက်က Budget ဖုန်းလို့ပြောထားပေမယ့် သူ့ရဲ့ဈေးနှုန်းအရ Budget ဖုန်းဖြစ်မနေပါဘူး၊ Xs ၊ Xs Max တို့နဲ့ယှဉ်ရင် သက်သာတယ်လို့ပဲပြောလို့ရပါတယ်၊
အဲဒီတော့ Display က အရေးမကြီးဘူး၊ဈေးနည်းနည်းသက်သာတာကိုပဲရွေးမယ် ဆိုရင်တော့ October လ တတိယအပါတ်မှာ XR ထွက်လာပါလိမ့်မယ်၊ ဒါမှမဟုတ် Smartphone ဆိုတဲ့အဓိပ္ပာယ်ကို အပြည့်စုံဆုံးပေးနိုင်တဲ့ဖုန်းကိုရွေးမယ်ဆိုရင်တော့ ဘာမှစဉ်းစားမနေပါနဲ့၊ ဒီအချိန်မှာ iPhone Xs နဲ့ Xs Max တို့်ဟာ ကမ္ဘာ့အကောင်းဆုံး Smartphone တွေဆိုတာ လုံးဝသံသယရှိစရာမလိုပါဘူး၊
Real time Camera Tracking Data ကို Export လုပ်လို့ရနေတဲ့တစ်ချက်တည်းနဲ့တင် တခြားဖုန်းတွေထက် အပြတ်အသတ်ကိုသာနေပါပြီ၊ Real time Camera Tracking Data ဟာဘယ်လောက်အသုံးဝင်သလဲဆိုတာ ရုပ်ရှင် Post-Production နဲ့အကျွမ်းတဝင်ရှိသောသူများကတော့ အထူးပြောစရာကိုမလိုတော့ပါဘူး၊ မသိသေးသူများလည်း Apple website မှာ September Keynote ကိုပြန်ကြည့်ရင် Basket ball ပုတ်တာကိုရိုက်ပြပြီးရှင်းပြထားတာကိုတွေ့ရပါလိမ့်မယ်၊
ကျွန်တော်ဒီစာတွေကို ကျွန်တော့်လိုပဲ iPhone အရူးတွေအတွက် ရေးလိုက်ပါတယ်၊
ဘယ်သူကမှ၊ဘယ်ဖုန်းဆိုင်ကမှ Sponsor ပေးထားတာမဟုတ်ပါဘူး၊ ကျွန်တော်ကတော့ ရှင်းပါတယ်၊ တခြားဖုန်းတစ်ခုကို အလကားရရင်တောင် ကိုင်မှာမဟုတ်ပါဘူး၊ iPhone ပဲကိုင်မှာပါ၊ ဒါက ကျွန်တော်အရမ်းချမ်းသာနေလို့လည်းမဟုတ်၊ ကြွားဝါချင်တာလည်းမဟုတ်ပါဘူး၊
2007 ခုနှစ်တုန်းက ကမ္ဘာ့ပထမဆုံး iPhone ကိုမိတ်ဆက်ပေးတုန်းက Steve Jobs ပြောသွားသလိုပါပဲ၊
Apple reinvent the phone တဲ့...
ခင်ဗျားမှာ တီထွင်ကြံဆချင်စိတ်၊ဖန်တီးချင်စိတ်ရှိတယ်ဆိုရင် iPhone ထက်ပိုပြီးသင့်တော်တဲ့ဖုန်းတစ်လုံးကမ္ဘာပေါ်မှာမရှိနိုင်တော့ပါဘူး၊
မယုံမရှိပါနဲ့ မိတ်ဆွေ...
ကျွန်တော်ရိုက်ထားတဲ့ အနန္တ ရုပ်ရှင်ဇာတ်ကားထဲမှာ iPhone X နဲ့ Visual Effects တွေပြုလုပ်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခု ပါ ပါတယ်၊
ဘယ်ဇာတ်ဝင်ခန်းလဲ၊ ဘယ် Application ကိုအသုံးပြုခဲ့သလဲဆိုတာ Behind the Scenes တွေပြန်ပြဖြစ်တဲ့အချိန်ကျရင် ပြပါ့မယ်၊
With love,
ညိုမင်းလွင်

No comments:

Post a Comment