Tuesday, September 18, 2018

iOS 12 မှာပါဝင်လာမယ့် Feature သစ်များ


iOS 12 မှာပါဝင်လာမယ့် Feature သစ်များ
Apple မှနှစ်စဉ် September လတိုင်းမှာ မျိုးဆက်သစ် iPhone model များထွက်ရှိသလို iPhone အသစ်များမှာပါဝင်လာမယ့် Operating System သစ်ကိုလည်း ဒီလထဲမှာဘဲဖြန့်ချီပြီး အရင်ထွက်ရှိပြီးသား iPhone များကိုလည်း Upgrade လုပ်ပြီးသုံးနိုင်မှာဖြစ်ပါတယ်။ ယခုနှစ်မှာလည်း iPhone Xs, iPhone Xs Max, iPhone Xr ဆိုတဲ့ model သစ် ၃ မျိုးကို ၁၂ ရက်နေ့ကမိတ်ဆက်ပြသခဲ့ပြီးဖြစ်သလို မကြာခင်ရက်ပိုင်းအတွင်းမှာ ဈေးကွက်ထဲမှာဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။ iPhone Xs series များမှာ built in အနေနဲ့ပါဝင်လာမယ့် Operating System သစ်ဖြစ်တဲ့ iOS 12 ကိုတော့ စက်တင်ဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲမှာ တစ်ကမ္ဘာလုံးမှာတပြိုင်တည်း တရားဝင်ထုတ်ပေးလိုက်ပါပြီ။ Developer တွေနဲ့ Tester တွေအတွက် အစမ်းသုံးဖို့ Beta version ကိုလွန်ခဲ့တဲ့ ၃လ ဇွန်ကလည်းက ကြိုထုတ်ထားပေးခဲ့ပါတယ်။ Official version ကတော့ Septemberလမှထွက်ရှိလာတာဖြစ်ပါတယ်။ iOS 12 ကိုတော့ iOS 11 ရတဲ့ model အားလုံး update လုပ်နိုင်မှာဖြစ်ပါတယ်။ iOS 12 မှာပါဝင်လာမယ့် feature အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
Apple မှ iOS 12 update တင်နိုင်မယ့် model များထဲမှာ အနိမ့်ဆုံးဖြစ်တဲ့ ၂၀၁၃ ခုနှစ်ထုတ် A7 Chipset သုံးထားတဲ့ iPhone 5s, iPad Air, iPad Mini 2 များအတွက် အဓိက fix လုပ်ထားပေးတယ်လို့ဆိုပါတယ်။ App ၀င်တာ၊ Camera ၀င်တာနဲ့ စာရိုက်တဲ့နေရာမှာ အရင်ထက်သိသိသာသာပိုမြန်လာမယ်လို့လည်း ဆိုထားပါတယ်။
Lock screen ကနေ Camera ဖွင့်တာ အရင်ထက် ၇၀% အထိပိုမြန်လာမှာဖြစ်ပြီး Keyboard ကတော့ ၅၀% အထိပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ app တွေဝင်ရာမှာတော့ heavy ဖြစ်တဲ့ app များ run ထားလို့ CPU အလုပ်လုပ်တာများနေတဲ့အခြေအနေမှာတောင် အရင်ထက် ၂ဆပိုမြန်လာမှာပါ။
Facetime သုံးမယ့်သူများအတွက်လည်း Group Chat ကို ၃၂ ယောက်ထိတပြိုင်တည်း Video call ရော Audio call ပါပြောနိုင်လာမှာဖြစ်ပါတယ်။ (ဒီ feature ကိုတော့ နှစ်ကုန်လောက်မှသုံးလို့ရနိုင်မှာဖြစ်ပါတယ်)
Memoji ဆိုတဲ့ feature အသစ်တစ်မျိုးလည်းပါဝင်လာပါတယ်။ iOS 11 မှာပါခဲ့တဲ့ Animoji ကိုမှ မိမိစိတ်ကြိုက် emotion လေးတွေနဲ့အလွယ်တကူဖန်တီးလို့ရတဲ့ feature လေးတစ်ခုဖြစ်ပါတယ်။
iOS 12 ရဲ့Animoji မှာလည်း iOS 11 မှာမရခဲ့တဲ့ မျက်တောင်ခတ်တာနှင့် လျှာထုတ်တာတွေကိုပါလုပ်ဆောင်လာနိုင်ပြီဖြစ်ပါတယ်။ Koala, Tiger, Ghost, T rex လို့ခေါ်တဲ့ animoji အသစ် ၄ မျိုးလည်းပါဝင်လာပါတယ်။
Camera effect များအနေနဲ့လည်း iMessage နှင့် Facetime တို့ရဲ့ app camera မှတိုက်ရိုက် Animoji, Memoji, filter, sticker များအပြင် စာသားများကိုပါ animation များဖြင့်အလွယ်တကူပို့ဖန်တီးပြီး ပို့လို့ရပါပြီ။
ARKit 2 ကိုပါ upgrage လုပ်ထားပေးပါတယ်။ AR app သစ်ဖြစ်တဲ့ Measure app လည်း built in ပါဝင်လာပါတယ်။ Measure app ကတော့ AR function များအသုံးပြုပြီး ပြင်ပအရာဝတ္ထုများကို camera ဖွင့်ပြီးတိုင်းတာနိုင်ပါတယ်။ iOS 11 မှာတည်းက AR measure it တို့လို third party app များဖြင့်အသုံးပြုနိုင်ပေမယ့် ယခု iOS 12 မှာတော့ built in အနေနဲ့ပါဝင်လာတာဖြစ်ပါတယ်။ AR function များကိုတော့ A9 chipset သုံးထားတဲ့ iPhone SE နှင့် iPhone 6s အထက်မှသာသုံးလို့ရမှာပါ။ 5s, 6, 6 Plus များမှာတော့သုံးလို့ရမှာမဟုတ်ပါဘူး။
Screen Time ဆိုတဲ့ feature တစ်ခုလည်းပါဝင်လာပါတယ်။ သင်နှင့်သင့်ကလေးတို့ ဖုန်းသုံးချိန်များလွန်းနေပါသလား ပူစရာမလိုတော့ပါဘူး။ screen time ဆိုတဲ့ feature လေးကနေ app တွေသုံးတာ၊ website တွေကြည့်တာ တွေကိုစိတ်ကြိုက်ကန့်သတ်ဖို့ ကူညီပေးပါလိမ့်မယ်။ Facebook ကိုတစ်နေ့ဘယ်နှစ်နာရီဘဲသုံးမယ်။ ကလေးတွေကို တစ်နေ့ဂိမ်းဘယ်နှစ်နာရီဘဲပေးဆော့မယ်ဆိုတောတွေ စိတ်ကြိုက်ကန့်သတ်ထားနိုင်တယ်လို့ဆိုပါတယ်။ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘ၀မှာ လူမှုကွန်ယက်တွေကို မလိုအပ်ဘဲအလွန်အကျွံသုံးမှန်းမသိသုံးဖြစ်နေတာတွေကို လျှော့ချပေးနိုင်လာမယ်လို့ထင်ပါတယ်။
Nofification တွေကိုလည်း တူရာတွေစုပြီး Folder လေးတွေဆောက်ပေးထားတာတွေ့ရပါတယ်။ Notification center မှာ facebook ဆိုလည်း facebook ရဲ့ Noti တွေ Viber ဆိုလည်း Viber နဲ့ပတ်သတ်တဲ့ Noti လေးတွေကိုသတ်သတ် folder လေးတွေစုထားပေးမှာဖြစ်ပါတယ်။ Folder ထဲဝင်ကြည့်မှသာ အကုန်လုံးကိုမြင်ရမှာဖြစ်ပါတယ်။ ဒီတစ်ချက်တော့တော်တော်လေးသဘောကျမိပါတယ်။ အရင်လို Notification center မှာ မျက်စိရှုတ်လောက်အောင် Noti တွေအရမ်းများနေတာမျိုးတွေ့ရတော့မှာမဟုတ်ပါဘူး။
Do Not Disturb ဆိုတဲ့ DND mode ကိုလည်း improve လုပ်ထားပေးပါတယ်။ iOS 12 မှာ Noti တွေကိုစိတ်ကြိုက်စံမံနိုင်မယ့် နည်းတွေအများအပြားထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့်အစည်းအဝေးခန်းလိုနေရာမျိုးမှာတော့ Noti တွေခဏခဏတက်တာ စိတ်အနှောက်အယှက်ဖြစ်စေမှာပါ။ ဒါကြောင့် DND mode ကိုဟိုးယခင် version တွေတည်းကထည့်ပေးထားပါတယ်။ iOS 12 မှာတော့ feature အသစ်တွေနဲ့ပိုမိုကောင်းမွန်အောင်လုပ်ထားပေးတာတွေ့ရပါတယ်။ DND mode ကို အစည်းအဝေးခန်း ဒါမှမဟုတ်သတ်မှတ်ထားတဲ့နေရာတစ်ခုအတွက်ဘဲ location နဲ့ auto လုပ်ထားပေးလို့ရပါတယ်။ သတ်မှတ်ထားတဲ့နေရာကထွက်သွားတာနဲ့ DND mode ကို auto ပိတ်ပေးမှာဖြစ်ပါတယ်။ iOS 11 မှာပါဝင်ခဲ့တဲ့ Do not Disturb on driving mode နဲ့အနည်းငယ်ဆင်ပါတယ်။ DNDOD ကတော့ကားမောင်းနေတဲ့အချိန် သို့မဟုတ် ကားစီးနေတဲ့အချိန်တွေမှာ သတ်မှတ်မြန်နှုန်းရောက်တာနဲ့ လှုပ်ရှားမှုအပေါ်လိုက်ပြီး auto ဖွင့်ပိတ်လုပ်ပေးမှာဖြစ်ပါတယ်။ မကြိုက်ရင်လည်းပိတ်ထားလို့ရပါတယ်။
Camera roll ထဲမှ ပုံများကိုလည်း ပိုမိုလွယ်ကူစွာ စာရိုက်ပြီး ရှာဖွေနိုင်တော့မှာဖြစ်ပါတယ်။
Privacy ပိုင်းနဲ့ပတ်သတ်ပြီးလည်း အဆင့်မြှင့်တင်ထားပေးပါတယ်။ Privacy ဆိုတာလူတစ်ယောက်ရဲ့ အခွင့်အရေးလို့ Apple မှယုံကြည်ထားပါတယ်။ iOS 12 ရဲ့ built in browser ဖြစ်တဲ့ safari သုံးနေချိန်များမှာ Website များပေါ်မှာသင့်ခွင့်ပြုချက်မရဘဲ Share ခြင်း၊ Comment ပေးခြင်း၊ Tracking လုပ်ခြင်းများကိုလည်း ကာကွယ်ပေးမယ်လို့ဆိုထားပါတယ်။ ထို့ပြင်သင့်ဖုန်းရဲ့ ထူးခြားတဲ့လုပ်ဆောင်ချက်များကိုလည်း ကြောငြာများအတွက် data များစုဆောင်းခြင်းမလုပ်နိုင်အောင်လည်း တားဆီးပေးထားမှာပါ။
ဒါတွေကတော့ iOS 12 မှာပါဝင်လာမယ့် feature သစ်အချို့ဘဲဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်တိုင်သုံးကြည့်ဖို့ဘဲတိုက်တွန်းချင်ပါတယ်။
iOS 12 တင်သုံးလို့ရမယ့် model များကတော့
- iPhone 5s
- iPhone 6, 6 Plus
- iPhone 6s, 6s Plus
- iPhone SE
- iPhone 7, 7 Plus
- iPhone 8, 8 Plus, iPhone X
- iPad Air, Air 2
- iPad Mini 2,3,4
- iPad Pro (all models)
- New iPad 2017, 2018
- iPod Touch 6th Gen
Apple official Website ရဲ့ iOS 12 preview ကိုဆီလျော်အောင်ဘာသာပြန်ရင်း လိုအပ်တာလေးတွေဖြည့်စွက်ထားပေးထားပါတယ်။ ကျွန်တော်က ကိုယ်သိထားတာလေးဘဲဝေမျှပေးဖူးတာဖြစ်ပြီး ဘာသာပြန်ဆင်ဆက်ပေးတာ ပထမအဆုံးအကြိမ်ဖြစ်ပါတယ်။ ပြီးတော့အချို့ feature တွေဆိုမသုံးကြည့်ရသေးလို့ လိုအပ်ချက်များရှိပါက သည့်ခံပေးပါရန်

No comments:

Post a Comment