Sunday, September 23, 2018

iPhone တွေကို Set up လုပ်နည်း …

ကျနော် မှီငြမ်းထားတဲ့ မူလ Post က အသစ်ထွက်လာတဲ့ iPhone XS နဲ့ iPhone XS Max ကို့ကို Set up လုပ်နည်း ဆိုတဲ့ဟာပါ ။ ဒီ Latest Flagship iPhone တွေမှာ Set up လုပ်နည်းနဲ့ အခြား iPhone Series တွေမှာ Set up လုပ်တဲ့ နည်းလမ်းက မတူလို့လား ။ 
တကယ်က မဟုတ်ပါဘူး ။
အကုန်လုံးက အတူတူပါပဲ ။
ဒါကြောင့်လည်း ကျနော်က iPhone တွေကို Set up လုပ်တဲ့နည်းလို့ ခေါင်းစဉ်ပြောင်းပေးလိုက်တာပေါ့ဗျာ ။
ကဲ .. ကဲ ဒါဆိုလည်း iPhone တွေကို Set up လုပ်တဲ့နည်းလေး စလိုက်ကြရအောင်ဗျာ ။ 
( ဪ ! မေ့လို့ Set up လုပ်တယ်ဆိုတာ အခုမှ ဝယ်လာတဲ့ iPhone အသစ်တွေကိုပဲ လုပ်လို့ရတာ မဟုတ်ဘူးနော် ။ ဖုန်းအဟောင်းတွေကိုလည်း Erase All လုပ်ပြီးရင် ၊ ဒါမှမဟုတ် Firmware အသစ် ပြန်ရေးပြီးတဲ့ အချိန်တွေမှာလည်း ဒီ Set up ကို လုပ်ပေးဖို့ လိုပါတယ် ။ ) 
သတိပေးချက် ။         Activate လုပ်ရမယ့် iPhone တွေဟာ ဖုန်းထဲမှာ SIM Cards ထည့်ထားပေးဖို့ လိုအပ်ပါတယ် ။

( 1 ) Power Button ( Side Button ) ကို နှိပ်ပါ ။ Hello ဆိုတဲ့ စာတန်း ပေါ်လာပါလိမ့်မယ် ။ ပြီးရင် အောက်က Set up ဆိုတဲ့ စာတန်းလေးကို နှိပ်လိုက်ရပါမယ် ။
( 2 ) Language & Region ကို ရွေးပေးရပါမယ် ။ ပြီး Next ကို နှိပ်ပါ ။

( 3 ) WiFi ရှိရင် WiFi နဲ့ Connect လုပ်ပေးပါ ။ 
မရှိရင်တော့ အောက်က Use Cellular Connection ကို နှိပ်ပြီး ထည့်ထားတဲ့ SIM ရဲ့ Internet Data ကို အသုံးပြုလိုက်ပါ ။
( 4 ) Location Services ကို Enable လုပ်ဖို့အတွက် ပြောပါလိမ့်မယ် ။ 
( Maps , Find My iPhone နဲ့ အချို့ Apps တွေရဲ့ GPS Access လုပ်ဖို့ရန်အတွက် ဖြစ်ပါတယ် ။ ) 
ဖွင့်ချင်ရင်တော့ Enable ကို နှိပ်ရပါမယ် ။
မလိုအပ်သေးဘူး ဆိုရင်တော့ Later From Setting ကို နှိပ်ရပါမယ် ။ ( ဖုန်းရဲ့ Home Screen ကို ရောက်မှ Enable လုပ်လည်း ဖြစ်ပါတယ် ။ ) 
( 5 ) WiFi နဲ့ ချိတ်ထားတယ် ၊ ဒါမှမဟုတ် SIM Cards ထည့်ထားတယ်ဆိုရင် Apple က Activate လုပ်သွားပါမယ် ။ 

( 6 ) ဒီနေရာမှာ Face ID နဲ့ Set up လုပ်သွားတာကို ပြောပြပါမယ် ။ Touch ID သမားတွေလည်း အလားတူ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ် ။ 
iPhone ကို Unlocking လုပ်ဖို့ရာမှာ Face ID နဲ့ Passcode လိုကို လိုအပ်ပါတယ် ။ 
စဉ်းစားရမှာက အခုတစ်ခါထဲ ဒီနေရာကနေ Face ID ကို Set up လုပ်သွားမလား ။ သို့မဟုတ် ဖုန်းထဲကို Access ရောက်ပြီးမှသာ Set up လုပ်မလား ဆိုတာကိုပါပဲ ။ 
တစ်ခါထဲ လုပ်သွားမယ်ဆိုရင် Continue ကို နှိပ်သွား ရပါမယ် ။ Face ID ကို ( ၂ ) ခါ Access လုပ်ပြီးရင်တော့ နောက်ထပ် လုံခြုံရေး တစ်ခုဖြစ်တဲ့ Passcode ကို သတ်မှတ်ပေးဖို့ လိုပါမယ် ။ သူကလည်း Passcode တွေ Comfirm ဖြစ်ဖို့ ( ၂ ) ခါ ရိုက်ထည့် ပေးရပါမယ် ။ ဒီ Passcode တွေကို မမေ့ဖို့ကတော့ အရေးကြီးပြီး လိုလဲ လိုအပ်တယ် ဆိုတာကိုတော့ သတိထားကြစေချင်ပါတယ် ။
မလုပ်သေးဘူး ။ 
အထဲရောက်မှပဲ လုပ်မယ် ဆိုရင်တော့ Set up later in Settings ကို နှိပ်လိုက်ရပါမယ် ။ 

( 7 ) ဒီနေရာမှာတော့ အရေးကြီးပါတယ် ။ 
ကိုယ်လုပ်ချင်တဲ့ဟာကိုလည်း ဂဃနဏ နားလည်ထားဖို့ လိုအပ်ပါတယ် ။ 
ဒီဟာကိုတော့ Apps & Data လို့ ခေါ်ပါတယ် ။
  • iCloud မှာ Backup လုပ်ထားလေ့ ရှိတဲ့ သူဆိုရင် Restore From iCloud Backup ကို နှိပ်ပြီး ကိုယ့်ရဲ့ ဖုန်းအဟောင်းက Data တွေကို တစ်ခါထဲ ရယူနိုင်ပါတယ် ။ ( WiFi ကောင်းကောင်း ၊ လိုင်းကောင်းကောင်းတော့ မဖြစ်မနေ လိုအပ်ပါတယ် ။ ) 
  • ကိုယ်က iPhone ကို Set up လုပ်ရာမှာ ကွန်ပျူတာက iTunes နဲ့ ချိတ်ပြီး Set up လုပ်နေတာဆိုရင် တစ်ခါထဲ Restore From iTunes Backup ကို နှိပ်ပြီး ကွန်ပျူတာထဲက Backup ဒေတာတွေကို အလုံးစုံ ပြန်လည် ရယူသွားလို့ ရပါမယ် ။ ( ကျနော်တို့ကတော့ ဖုန်းကနေပဲ တိုက်ရိုက် Set up လုပ်လေ့ ရှိတာဖြစ်တဲ့အတွက် မသုံးဖြစ်တာ များပါတယ် ။ )
  • အပေါ်က နည်းလမ်း ( ၂ ) ခုက ကိုယ့်အတွက် မလိုအပ်သေးဘူး ။ အသုံးပြုဖို့ မလိုသေးဘူး ။ ဖုန်းထဲရောက်မှပဲ Backup တွေကို Restore လုပ်မယ် ဆိုရင်တော့ ဒီ Set Up as New iPhone ကို နှိပ်သင့်ပါတယ် ။ ( ကျနော်ဆို ဒီဟာကိုပဲ အသုံးပြုတာ များပါတယ် ။ ကိုယ်တွေဆီက Internet လိုင်းကလဲ သိပ်ကောင်းတာ မဟုတ်ဘူးရယ် ။ ) 
  • အရင်က Andriod ကိုင်တယ် ။ အခု iOS ပြောင်းကိုင်မှာဖြစ်လို့ ဖုန်းအဟောင်းက Data တွေကို iPhone အသစ်ဆီကို ပြောင်းရွှေ့ပေးချင်တယ် ဆိုရင်တော့ ဒီ Move Data From Andriod ကို နှိပ်ရပါမယ် ။ ဘာတွေ ရွှေ့ပြောင်းပေးလို့ရမလဲဆိုတော့ Contacts တို့ Photos တို့ကို ရွှေ့ပေးနိုင်ပါမယ် ။ ဒါပေမယ့် ဒီအတွက် Andriod ဖုန်းပေါ်မှာ Move to iOS ဆိုတဲ့ App ကို install လုပ်ပေးထားဖို့တော့ လိုအပ်ပါမယ် ။ ( ကျနော်ကတော့ ဒီနည်းလမ်းကို တစ်ခါမှ အသုံးမပြုခဲ့ဖူးပါဘူး ။ Andriod တွေရဲ့ Apps တွေကို စိတ်ချ လက်ချနဲ့ အသုံးမပြုရဲလို့ပါ ။ ) 

( 8 ) ကိုယ်က Apple ID ကို တစ်ခါထဲ ထည့်သွားချင်တယ် ဆိုရင်တော့ အပေါ်က Apple ID အကွက်မှာ ရိုက်ထည့်ပေးရပါမယ် ။ ပြီးရင် Next ကို နှိပ် ။ Apple ID ရဲ့ Password ကို ရိုက်ထည့်ပေး ။ 
Apple ID ကို မထည့်သေးဘူး ။ 
Sign in မလုပ်ချင်သေးဘူး ။ 
ရတယ်လေ ။
Forget password or don’t have an Apple ID ? ကိုသာ စိတ်ချလက်ချ နှိပ်လိုက်ပါ ။
( 9 ) ကိုယ်က Apple ရဲ့ အသိအမှတ်ပြုထားတဲ့ Banks Card တွေ ၊ Credit Cards တွေ ၊ Debit Cards တွေ အသုံးမပြုလို့ မလိုအပ်ဘူးဆိုရင် Set Up Later in Wallet ကို နှိပ်ရပါမယ် ။ ( ကျနော်တော့ တစ်ခါမှကို ထည့်ဖူးပါဘူးဗျာ ။ ) 
( 10 ) ကိုယ့်အနေနဲ့ iCloud ကိုပါ တစ်ခါထဲ အသုံးပြုချင်တယ် ဆိုရင်တော့ iCloud ကို Enable လုပ်သွားပါ ။ ဒါက ကိုယ့်ဖုန်းရဲ့ Data တွေကို Backup လုပ်ဖို့ရာ အသုံးဝင်ပါတယ် ။ ( ကျနော်ကတော့ မလုပ်ဘူးဗျ ။ ဖုန်းထဲရောက်မှပဲ ။ ) 

( 11 ) iPhone 6S ကနေ အထက်ဆိုရင်တော့ Continue ကို နှိပ်ပြီး ၊ Hey Siri ဆိုပြီး လုပ်လိုက်ရုံပါပဲ ။ 
ကျနော်ကတော့ မလုပ်ပါဘူး ။ 
Set Up Later in Settings ကိုပဲ နှိပ်ပြီး သွားပါတယ် ။ 

( 12 ) ဒါကတော့ iOS 12 မှာမှ ပါလာတဲ့ New Feature တစ်ခုပဲ ဖြစ်ပါတယ် ။ ကိုယ်နေ့စဉ် အသုံးပြုနေတဲ့ Apps တွေကို အချိန်ကန့်သတ်ပြီး အသုံးပြုလို့ရတဲ့ ဟာပေါ့ ။ ကိုယ့်အိမ်က ခလေးတွေကိုလည်း Apps တွေကို အချိန်မှတ်ပြီး ပေးသုံးလို့ ရတယ်ပေါ့ ။
ကျနော်ကတော့ ဖွင့်ထားပေးလိုက်တယ် ။
ဒီတော့ Continue ပေါ့ ။ 
မလုပ်ထားချင်လည်း ရတယ်လေ ။
Set Up in Settings Later ကိုသာ နှိပ်လိုက် ။
( 13 ) Diagnostic Informations ( iOS ရဲ့ ချို့ယွင်းချက်တွေကို ) ရှာဖွေ တွေ့ရှိပါက Apple သို့ informations တွေကို Share ပေးမလားလို့ မေးပါလိမ့်မယ် ။ 
အာ့ဒါတွေက ကိုယ်တွေလို Normal ယူစာတွေအတွက် လိုမှ မလိုတဲ့ဟာ ။ 
Don’t Share ပဲ ချတယ် ။ 
( 14 ) ဒီ Display Zoom ဆိုတဲ့ Feature ကို iPhone 6 ကနေ အထက်မှာ ရရှိပါတယ် ။ 
ဘာကြီးလဲ ဆိုတော့ iOS ရဲ့ UI တွေ ၊ Text တွေကို မူလထက် အရွယ်အစား ကြီးသွားစေတဲ့ Feature ပဲ ဖြစ်ပါတယ် ။ 
အဓိကကတော့ အရွယ်အစားကြီးတဲ့ iPhone Plus ဆိုဒ်ကို ကိုင်ဆောင်တဲ့ သူတွေအတွက် ဖုန်းနဲ့ Compatibles ဖြစ်တဲ့ UI တွေ အသုံးပြုနိုင်အောင်လို့ပဲ ဖြစ်ပါတယ် ။ လူကြီးပိုင်းတွေ အတွက်ပေါ့ဗျာ ။ ( ကျနော်တော့ မသုံးဖြစ်ပါဘူး ။ ) 
ကိုယ်ကြိုက်တဲ့ Zoom ကိုသာ ရွေးပေးလိုက်ဗျ ။ 
( 15 ) ဒါကတော့ iOS 12 မှာမှ စတင်ပြီး ပါလာတဲ့ Feature အသစ်စက်စက်ကြီးပဲ ဖြစ်ပါတယ် ။ 
ညဖက် ကိုယ်အိပ်ခါနီးမှာ iPhone ကို WiFi နဲ့ ချိတ်ပြီး iOS Software Update လုပ်တော့မယ် ဆိုပါစို့ ။ 
WiFi နဲ့တော့ ချိတ်ထားလိုက်မယ် ။
လူကတော့ အိပ်မယ် ။ 
ကိစ္စမရှိ ။ 
ဒီ Automatic Updates ကိုသာ On ပေးထားလိုက် ။ ဖုန်းက သူ့ဖာသာ iOS ကို ဒေါင်းပြီး install လုပ်ပေးသွားလိမ့်မယ် ။ 
( လုပ်ချင်ရင် ပြောပါတယ် ။ မလုပ်ချင်လည်း ရတယ်လေ ။ ကျော်ပစ်လိုက်ပေါ့ ။ Turn on လုပ်မနေနဲ့ပေါ့ဗျာ ။ ) 
( 16 ) Okay ! 
Set up လုပ်တာ လုံးဝ ပြီးဖို့အတွက် Get Started ကို နှိပ်ပြီး Finish လိုက်လို့ ရပါပြီဗျားးး … ။
ပြောပြီးပြီနော် ။
ဒီ Set Up လုပ်တာက iPhone အသစ်တွေ ဖြစ်တဲ့ iPhone XS တို့ ၊ iPhone XS Max တို့မှ မဟုတ်ပါဘူး ။ ကျန်တဲ့ iPhone Model Series တွေကိုလည်း ဒီလိုပဲ Set Up လုပ်ပေးရမှာပဲ ဖြစ်ပါတယ် ။

No comments:

Post a Comment