Wednesday, September 26, 2018

How to manage Notifications

ပုံမှန်အတိုင်းဆိုလျှင် ကျနော်တို့ iPhone တွေဆီကို လာတဲ့ ဝင်တဲ့ Notification Messages တွေကို ဖုန်းရဲ့ Setting ထဲကနေ Notifications Page ကို သွားပြီး Manage လုပ်ရပါလိမ့်မယ် ။ 
အသစ်ထွက်လာခဲ့တဲ့ iOS 12 မှာတော့ အဲဒီအထိ တကူးတက သွားစရာ မလိုပဲ Lock Screen ပေါ်ကနေပဲ Noti တွေကို Manage လုပ်နိုင်လာပြီပဲ ဖြစ်ပါတယ် ။ 
ဒါဟာ ဘာအတွက် အသုံးဝင်လဲ ? 
ဘာအတွက် ပိုကောင်းလာလဲ လို့မေးရင်တော့ … 
ကိုယ့်အနေနဲ့ Noti တွေကို ကြည့်လို့ မဖြစ်သေးတဲ့အချိန် ၊ Noti ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ အချိန်မျိုးမှာ Lock Screen ပေါ်ကနေပဲ အဆိုပါ Noti Messages တွေကို မိမိစိတ်ကြိုက် Manage လုပ်သွားလို့ ရတာက တကယ့်ကို နှစ်သက်စရာ ကောင်းပါတယ် ။ 
ကဲ ! ဘယ်လိုတွေတောင်မှ Lock Screen ပေါ်ကနေ Noti Messages တွေကို Manage လုပ်သွားနိုင်လဲ ဆိုတာကို အောက်မှာ ကြည့်လိုက်ရအောင်ဗျာ ။ 

ကိုယ့်ဖုန်းရဲ့ Lock Screen မှာ ပေါ်နေတဲ့ Noti Messages ရဲ့ အပေါ်ကနေ ဖိပြီး ဘယ်ဖက်ကို ဆွဲသွားရပါမယ် ။ 
အောက်ကပုံလိုပဲ တွေ့ရရင် Manage Option ထဲကို ဝင်လိုက်ပါ ။
ပေါ်လာတဲ့ View ထဲက Deliver Quietly ကို နှိပ်ပေးလိုက်ရင် Noti Messages တွေဟာ Lock Screen မှာ လာပြီး မပေါ်တော့ပါဘူး ။ 
Banners လို့ ခေါ်တဲ့ ဖုန်း Screen ရဲ့ အပေါ်နားလေးကနေ အောက်ကို လျှောဆင်းလာပြီး ဖော်ပြပေးတဲ့ Noti တွေလည်း မြင်ရမှာ မဟုတ်တော့ပါဘူး ။
ဒါ့အပြင် Noti လာကြောင်း အချက်ပေးတဲ့ Alert Sound ကိုပါ Off ဖြစ်သွားစေမှာပဲ ဖြစ်ပါတယ် ။ 
ဒါတင်ပဲ မဟုတ်သေးပါဘူး ။ 
Badges လို့ ခေါ်တဲ့ သက်ဆိုင်ရာ Apps တွေရဲ့ အိုင်ကွန်တွေ အပေါ်မှာ Noti Messages အစောင် အရေအတွက်ကို  ဖော်ပြပေးလေ့ ရှိတဲ့ဟာကိုပါ Off ဖြစ်သွားနိုင်စေပါတယ် ။ 
ဒါက Deliver Quietly ရဲ့ အစွမ်းပါ ။ 🤗
ဒီတစ်ခါတော့ Manage ထဲက Turn Off … အကြောင်းကို ဆက်ပြောပြပါမယ် ။ 
ဒါကတော့ ရိုးရှင်းပါတယ် ။ 
Turn Off လို့ ဆိုတဲ့အတွက် Allow Notifications တစ်ခုလုံးကို ပိတ်ချထားလိုက်တာပဲ ဖြစ်ပါတယ် ။ 🤗
ကိုယ် Manage လုပ်နေတဲ့ သက်ဆိုင်ရာ Apps ရဲ့ Noti Messages တွေကို သင်မမြင်နိုင်အောင်လို့ ကွယ်ပျောက် ပေးထားလိုက်တာပဲ ဖြစ်ပါတယ် ။ 
ဒီနေရာမှာ ကျနော်က ” ကွယ်ပျောက်ပေးထားတယ် ” ဆိုတဲ့ စကားလုံးကို အသုံးပြုထားတာကို သတိပြုကြစေချင်ပါတယ် ။ ဒါက Noti Messages တွေကို မလာအောင် Blocking လုပ်နေတာ မဟုတ်ပါဘူး ။ ကိုယ့်ဖုန်းဆီ ဝင်လာတဲ့ Noti Messages တွေကို ကိုယ့်မျက်စိရှေ့မှာ မပေါ်လာစေရန်အတွက် Apps တစ်ခုချင်းအလိုက် Manage လုပ်နေတာပဲ ဖြစ်ပါတယ် ။ 
အားလုံးအဆင်ပြေကျေနပ်နိုင်ကြမယ်လို့ ယူဆပါတယ် ။ 
ကျေးဇူးတင်ပါတယ် ။

No comments:

Post a Comment