Thursday, September 20, 2018

Apple Watch Series 4 😍😘


30 % ပိုမိုကြီးမားတဲ့ Display ရယ် ၊ ပါးပါးလျားလျား Body ရယ် ၊ 64-Bit Chip ရယ်အပြင် ECG ပါ လုပ်နိုင်တဲ့ Apple Watch Series 4 ကို Apple က မိတ်ဆက်ကြေငြာပေးသွားခဲ့ပါတယ် ။ 😍

New ဖြစ်တဲ့ Apple Watch Series 4 ဟာ မနှစ်က ထွက်ခဲ့တဲ့ Series 3 နဲ့ နှိုင်းယှဉ်ပါက ( ၃၀ ) ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ OLED Display နဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ် ။ Display ရဲ့ Edge ဟာ Rounded ( လုံးချောနေသော ) ပဲ ဖြစ်ပြီး အောက်ကိုယ်ထည်ကိုတော့ Glass နဲ့ ဖုံးအုပ်ထားပါတယ် ။ 
Apple Watch Series 4 ကို 40mm နဲ့ 44mm ဆိုပြီး အရွယ်အစား ( ၂ ) မျိုးနဲ့ ထွက်လာတာပဲ ဖြစ်ပါတယ် ။ 
Apple Watch Series 4 ရဲ့ နောက်ကျောဖက်ကို Black Ceramic & Sapphire Crystal တို့ဖြင့် ပြုလုပ်ပေးထားပါတယ် ။ ဒါက Network Connectivity ကို improve ဖြစ်စေရန် အကူအညီ ပေးပါလိမ့်မယ် ။ Apple ဟာ Microphone ရဲ့ နေရာကိုလည်း ရွှေ့လိုက်ပါတယ် ။ အသံကျယ်ကျယ် ထွက်စေရန်အတွက်ပဲ ဖြစ်ပါတယ် ။ Crown ကလည်း ဒီဇိုင်းအသစ်နဲ့ဖြစ်ပြီး Haptic Feedback ကိုလည်း ခံစားရမှာ ဖြစ်ပါတယ် ။ 😍😘
Apple ရဲ့ S4 Chip ကို ထည့်သွင်းပေးထားပြီး ၊ 64-Bit Dual-Core Chip ဟာ Apple ရဲ့ နာရီအသစ်ဖြစ်တဲ့ Series 4 ကို ( ၂ ) ဆ ပိုမြန်စေပါတယ် ။ ဒီ Processor အသစ်ဟာ မျိုးဆက်သစ် Gyroscope and Accelerometer Sensors တို့နဲ့ Paired လုပ်နိုင်မှာပဲ ဖြစ်ပါတယ် ။  
လမ်းလျှောက်တာတို့ ၊ Wearable ပြုတ်ကျတာတို့ ဖြစ်ရင် အလိုအလျှောက် Tracking လုပ်ပြီး သိရှိမှာပဲ ဖြစ်ပါတယ် ။ ပြုတ်ကျတာမျိုး ဖြစ်ရင် Detect ဖြစ်ပြီး ယူစာရဲ့ Contact ကို Emergency Services အတွက် ချက်ချင်း ဆက်သွယ်မှာပဲ ဖြစ်ပါတယ် ။ 😱
Apple Watch Series 4 ထဲမှာ ပါရှိတဲ့ New Electrical Heart Rate Sensor နည်းပညာဟာ မတူညီတဲ့ Heart Rate Notifications ( ၃ ) မျိုးကို ခွင့်ပြုပေးနိုင်ပါတယ် ။ Low Heart Rate , Atrial fibrillation & Electrocardiogram ( ECG ) ဆိုပြီး ဖြစ်ပါတယ် ။ 😍😍😘
Apple Watch ရဲ့ Crown အတွင်းထဲကနဲ့ Device တို့ရဲ့ နောက်ကျောဖက်က Electrodes တို့ကို အသုံးပြုပြီး တတိယမြောက် Feature ကို ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ ECG Feature ကို အသုံးပြုဖို့ ယူစာအနေဖြင့် သူ့ရဲ့ လက်ချောင်းလေးကို ECG ဖတ်ဖို့ Crown ပေါ်မှာ တင်ပေးထားဖို့တော့ လိုပါမယ် ။ 🙄
Apple ဟာ Consumers တွေဆီကို ECG ပါတဲ့ Apple Watch ကို တိုက်ရိုက် ပို့ဆောင်ပေးလိုက်တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဒီ Data တွေ အကုန်လုံးဟာလည်း iPhone နဲ့ ချိတ်ဆက်တဲ့အခါ ဖုန်းအပေါ်က Health App ထဲမှာ သိမ်းဆည်းပေးထားမှာပဲ ဖြစ်ပါတယ် ။ 
Apple ကတော့ Series 4 ဟာ တစ်နေ့တာ ဘက်ထရီ ခံနိုင်တယ်လို့ ပြောထားပါတယ် ။ GPS Tracking Battery Life ကတော့ ( ၆ ) နာရီ ခံပါမယ် ။

Apple Watch Series 4 ကို Silver , Space Gray နဲ့ Gold ဆိုပြီး ရရှိနိုင်ပြီး သူတို့ကတော့ Aluminum Case နဲ့ပဲ ဖြစ်ပါတယ် ။ Polish , Gold Stainless နဲ့ Space Black တို့ကတော့ Stainless Steel Case နဲ့ပဲ ဖြစ်ပါတယ် ။ 😍😘
Apple Watch Series 4 ( GPS ) က $ 399 ကနေ စပါမယ် ။ ☺️
Apple Watch Series 4 ( GPS + Cellular ) ကတော့ $ 499 ကနေ စပါမယ် ။ ☺️
September ( 14 ) ရက်နေ့က စပြီး Pre-order မှာလို့ ရမှာ ဖြစ်ပြီး ၊ Apple Store တွေမှာတော့ September ( 21 ) ရက်နေ့မှ ရရှိမှာပဲ ဖြစ်ပါတယ် ။ ✌️👍

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment