Thursday, September 20, 2018

iOS 12 Official က Siri ဖြင့် ဖုန်းခေါ်ခိုင်းခြင်း



iOS 12 ရဲ့ Beta Versions တွေတုန်းက မပြည့်မစုံ ဖြစ်ခဲ့တဲ့ Siri ရဲ့ Shortcuts ဟာ Public Official အဖြစ် ထွက်လာတဲ့အခါမှာတော့ အလွန့်ကို အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ကို ပြီးပြည့်စုံစွာနဲ့ ထွက်ရှိလာခဲ့ပါပြီ  
iOS 12 ရဲ့ Beta မှာတုန်းက ကျနော်ကိုယ်တိုင် တင်ပေးခဲ့တဲ့ Siri Shortcuts များကို အသုံးပြုခြင်းဆိုတဲ့ Post နဲ့ Siri ကို ဖုန်းခေါ်ခိုင်းခြင်းဆိုတဲ့ Post ( ၂ ) ခုကို မှတ်မိကြဦးမယ် ထင်ပါတယ် ။ အဲဒီတုန်းက Siri Shortcuts တွေကို အသုံးပြုဖို့အတွက် Setting >> Siri & Search ကနေ သွားပြီး ပြုလုပ် ဖန်တီး အသုံးပြုခဲ့ရပါတယ် ။ 
ဟော အခု ! 
iOS 12 ရဲ့ Official မှာတော့ အဲဒီကနေ သွားလို့ မရတော့ပါဘူး ။ 
Apple ကနေ ထုတ်ပေးထားတဲ့ Shortcuts ဆိုတဲ့ App ကနေ ခင်များတို့ ကျနော်တို့ ပြုလုပ် ဖန်တီးချင်တဲ့ Siri Shortcuts တွေကို ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ် ။ ဒီ Shortcuts ဆိုတဲ့ App ကို Apple ဟာ iOS 12 Official ကို Public အား မချပေးခင် နာရီပိုင်းအတွင်းလေးကမှပဲ App Store ပေါ်ကို တရားဝင် တင်ပေးလိုက်တာပဲ
ဖြစ်ပါတယ် ။
ကဲ ! 
ဒါတွေ ထားလိုက်ပါလေ ။ 
ဒီ Shortcuts ဆိုတဲ့ App လေးကို အသုံးပြုကြည့်လိုက်ကြရအောင်ဗျာ ။ 
ဒီ App လေးကို ကျနော်ကိုယ်တိုင် အခုမှ စမ်းသပ် အသုံးပြုကြည့်နေရသေးတာ ဖြစ်လို့ ဘာတွေ ဘယ်လိုတွေ လုပ်လို့ ရတယ် ဆိုတာကို နောက် Posts တွေမှာ တဖြည်းဖြည်းချင်း စမ်းသပ်ရင်း ပြောပြပေးသွားပါမယ် ။ 
အခုတော့ Siri ကို အရင်ဆုံး ဖုန်းခေါ်ခိုင်းကြည့်လိုက်ရအောင်ဗျာ ။
မခေါ်ခိုင်းခင် ဒီ App လေးကို ဒေါင်းလိုက်ပါဗျ ။
Shortcuts by Apple
https://itunes.apple.com/us/app/shortcuts/id915249334?mt=8
အောက်မှာတော့ Siri အတွက် Shortcuts မှာ ထည့်တဲ့နည်းကို ပုံနှင့်တကွ ပြပေးထားပါတယ် ။ ဒါက Siri ကို ဖုန်းခေါ်ခိုင်းဖို့နော် ။ 














အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment