Thursday, September 20, 2018

အချို့သော Older iPhones များတွင် မရနိုင်မည့် iOS 12 Features များ …


Apple ဟာ သူ့ရဲ့ အိုဟောင်းနေပြီဖြစ်တဲ့ Older iPhones များနဲ့ iPads မော်ဒယ်လ်များကို ကာလအတော်ကြာသည့်တိုင်အောင် Support လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။ 
အခုဆိုရင်လည်း ( 2013 ) ခုနှစ်ကထဲက ထုတ်ပေးခဲ့တဲ့ iPhone 5S ကိုတောင်မှ Apple ဟာ iOS 12 ဖြင့် Support လုပ်ပေးခဲ့ပါသေးတယ် ။ 
ဒါပေမယ့်လည်း iPhone 5S , iPhone 6 နဲ့ သူ့ထက် မြှင့်တဲ့ iPhone အချို့ဟာလည်း Apple ရဲ့ Latest iOS 12 Features အချို့ကို ရရှိနိုင်မှာ မဟုတ်ပါဘူး ။ 
iPhone , iPad တွေရဲ့ Hardware Limitations ကြောင့်သော်လည်းကောင်း ၊ Apple ကိုယ်တိုင်ကိုက iOS 12 ရဲ့ Features တွေ အားလုံးကို Older Devices တွေအတွက် ယူမလာတာလည်း ဖြစ်နိုင်ပါတယ် ။ ဒါတွေကို အခုမှ အသစ်ထွက်လာတဲ့ iPhone XS Series တွေအတွက် အထူးသီးသန့်အဖြစ် သတ်မှတ်ထားလည်း ဖြစ်နိုင်ပါသေးတယ် ။


iOS 12 ကို တင်လို့ရမယ့် iPhone များ … 
  • iPhone XS
  • iPhone XS Max
  • iPhone XR
  • iPhone X
  • iPhone 8
  • iPhone 8 Plus
  • iPhone 7
  • iPhone 7 Plus
  • iPhone 6s
  • iPhone 6s Plus
  • iPhone 6
  • iPhone 6 Plus
  • iPhone SE
  • iPhone 5s
iOS 12 ဟာ အထက်ပါ iOS Device များနဲ့ Compatible ဖြစ်စေပါတယ် ။ 
Apple ဟာ iOS 12 ကို သိပ်ကို ဆန်းပြား ထူးခြားတဲ့ New Features တွေအစား မူလ ရှိနေပြီးသား Features တွေကိုပဲ improvements ဖြစ်အောင် လုပ်ခဲ့သလို ၊ iOS 11 တုန်းက မကောင်းမွန်ခဲ့တဲ့ Performance တွေကိုလည်း အကောင်းဆုံးနဲ့ အငြိမ်ဆုံး Stability ဖြစ်အောင်လို့ လုပ်ထားပါတယ် ။ 

အချို့သော Older iPhones များတွင် မရနိုင်မည့် iOS 12 Features များ …
#1. Depth Control
iOS 12 ရဲ့ New Feature အသစ် တစ်ခုဖြစ်တဲ့ ဒီ Depth Control ကို iPhone XS Lineup အတွက်ပဲ သီးသန့်ပေးမှာ ဖြစ်ပါတယ် ။ 
Portrait Mode နဲ့ Photos တွေ ရိုက်ပြီးတဲ့နောက် Depth Effect ဖြင့် Control လုပ်နိုင်တာပဲ ဖြစ်ပါတယ် ။ 
A11 Bionic Chip အသုံးပြုထားတဲ့ iPhone X နဲ့ iPhone 8 Plus တို့တောင်မှ Older iPhone များလိုပဲ ဒီ Feature ကို အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး ။
#2. Siri Suggestions for Shortcuts
Siri Shortcuts App ကို iOS 12 အသုံးပြုနေတဲ့ iPhones အားလုံးနဲ့ iPads တွေမှာ အသုံးပြုလို့ ရပါမယ် ။ 
အဲ ! 
ဒါပေမယ့် ဒီ App ဟာ iPhone 5S , iPhone 6 နဲ့ iPhone 6 Plus တို့ အပေါ်မှာတော့ အလုပ်မလုပ်ပါဘူး ။ 
ဘာလို့လဲ ဆိုတော့ ဒီ Shortcuts App ဟာ AI အပေါ်မှာပဲ အခြေခံပြီး အလုပ်လုပ်လို့ ဖြစ်ပါတယ် ။ 
#3. Memoji
Hardware အပေါ်မှာပဲ အခြေခံထားတာဖြစ်တဲ့ iOS 12 ရဲ့ Memoji ဟာ iPhones တွေ အကုန်လုံးမှာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ် ။ 
အဲ ! 
ဒီအတွက် TrueDepth Camera ကို အသုံးပြုဖို့ လိုအပ်တဲ့အတွက် ဒီ Feature ကို တကယ်ကတော့ iPhone X တစ်ခုပဲ ရရှိဦးမှာ ဖြစ်ပါတယ် ။
#4. Camera Effects
Instagram နဲ့ Snapchat တို့အတွက် ဓါတ်ပုံ ရိုက်တာဖြစ်ဖြစ် ၊ Messages နဲ့ FaceTime တို့ရဲ့ ကင်မရာမှာ Filters , Stickers & Text Effects တို့ကို Apple က ထည့်ပေးလာပါတယ် ။
ဓါတ်ပုံတွေကို သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ Sharing မလုပ်မှီ အဆိုပါ Effects တွေကို အသုံးပြုဖို့ Apple က ခွင့်ပြုပေးထားပါတယ် ။ 
ဒီ Feature ဟာလည်း iPhone 6S နဲ့ အထက်မှာပဲ Available ရမှာပဲ ဖြစ်ပါတယ် ။ 6th Generation ဖြစ်တဲ့ iPad , 2nd Generation 10.5 inch နဲ့ 12.0 inch iPad Pro တို့မှာလည်း ရရှိမှာပဲ ဖြစ်ပါတယ် ။ 

အားလုံးချမ်းမြေ့ပျော်ရွှင်ကြပါစေ ။

No comments:

Post a Comment