Wednesday, September 26, 2018

iPhone , iPad ပျောက်ခဲ့သည်ရှိသော် …

iPhone / iPad ပျောက်ဆုံးခြင်းမှ ကာကွယ်ရန် နည်းလမ်းများ ( သို့မဟုတ် ) ပျောက်ဆုံးခဲ့လျှင် ဘာတွေလုပ်ထားရမလဲ ။

ဘယ်သူမဆို မိမိတို့ရဲ့ တန်ဖိုးကြီး iPhone / iPad ပျောက်ဆုံးသွားလျှင် ရုတ်တရက်တော့ စိတ်ဒုက္ခ အနည်းနဲ့အများဆိုသလို ဖြစ်ကြမှာပါပဲ ။ ဖုန်းပိုင်ရှင်အနေဖြင့် ပျောက်ဆုံးသွားတဲ့ မိမိဖုန်းရဲ့ Battery အားကုန်သွားမှာ ၊ ဖုန်းပိတ်ထားလိုက်မှာကို ပိုမိုစိုးရိမ်စိတ် ဝင်နေကြမယ်လို့လဲ ထင်ပါတယ် ။ သို့ပေမယ့် ပျောက်ဆုံးသွားတဲ့ ဖုန်းမှာ Battery အားကုန်သွားတာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲဖြစ်ဖြစ် အဆိုပါအခြေအနေမျိုးမှာတောင် ပျောက်ဆုံးသွားတဲ့ ဖုန်းကို track လုပ်လို့ရနေတဲ့ feature တစ်ခုတော့ ရှိနေပါသေးတယ် ။
Battery ကုန်သွားတဲ့ဖုန်း ၊ ပိတ်ထားတဲ့ဖုန်း ဖြစ်ပါစေဦးတော့ ( နောက်ဆုံး ) ပျောက်သွားခဲ့တဲ့ နေရာကို ပြန်ရှာနိုင်တဲ့အစွမ်း ကျွန်တော်တို့ iCloud ကြီးက ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ် ။
ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဗျ ။
ခင်ဗျားတို့အနေနဲ့ iCloud ကို Sign in လုပ်ထားပြီး ၊ ” Find My iPhone ” ကို အမြဲတမ်း On ထားဖို့တော့ လိုမယ်နော် ။
” How to find your iPhone ”
ခင်ဗျားတို့ရဲ့ iPhone မှာ ” Find My iPhone ” ကို On ထားပြီးသားဆိုရင်တော့ အလုပ်က တစ်ဝက်ပြီးနေပြီလို့တောင် ဆိုရမှာပါပဲ ။ ဖုန်းမှာ အားမရှိ ၊ ဖုန်းပိတ်ထားတယ် ဆိုရင်တောင် အောက်မှာဖော်ပြမယ့် အချက်အလက်များက ခင်ဗျားတို့အတွက် အလွန့်အလွန်ကို အထောက်အကူ ဖြစ်စေမှာပါ ။
Battery အားမရှိဘူး ဆိုရင်တောင် iPhone အနေဖြင့် နောက်ဆုံးရှိနေခဲ့တဲ့ နေရာကို send လုပ်လို့ ရနိုင်ပါတယ် ။ အဲဒီအတွက် ” Send Last Location ” ကို enable လုပ်ပေးထားဖို့တော့ လိုပါမယ် ။
ကဲ .. ဘယ်လိုလုပ်ထားရမလဲဆိုတာကို ပြောပြပါမယ် ။
1. Setting ကို ဝင်လိုက်ပါ ။
2. iCloud ကို ဝင်ပါ ။
3. Find My iPhone ကို နှိပ်လိုက်ပါ ။
4. Find My iPhone ထဲကို ရောက်ပြီဆိုလျှင် ” Send Last Location ” ကို On ပေးထားရပါမယ် ။
ပျောက်ဆုံးသွားတဲ့ iPhone ကို အခြား iPhone တစ်လုံးကို အသုံးပြုပြီး ဘယ်လို ရှာမလဲ ?
ခင်ဗျားရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ အပေါင်းအသင်းများ၏ iPhone ဒါမှမဟုတ် iPad ဖြင့် ပျောက်သွားတဲ့ iPhone ရဲ့ တည်နေရာကို ရှာလို့ရတဲ့ နည်းလမ်း ရှိပါတယ် ။
အဲဒီဖုန်း iPhone ( or ) iPad ထဲက
1. Find iPhone App ကို ဝင်လိုက်ပါ ။
2. ဒါက ခင်ဗျားရဲ့ iPhone , iPad မဟုတ်တဲ့အတွက် ညာဖက်အပေါ်နားက Sign Out ကို နှိပ်လိုက်ရပါမယ် ။
3. အခု ခင်ဗျားရဲ့ ID နဲ့ Sign In လုပ်ရပါမယ် ။
4. ID ကို Sign In လုပ်ပြီး သွားပြီဆိုတော့ အဲဒီမှာ ခင်ဗျားရဲ့ iDevice တွေ ပေါ်လာပါလိမ့်မယ် ။ ပျောက်သွားတဲ့ iPhone ကို ရွေးပေးရပါမယ် ။ ( နှိပ်ရမယ်ပေါ့ဗျာ ။ )
5. ပျောက်သွားတဲ့ iPhone ရဲ့ နောက်ဆုံးရှိနေခဲ့တဲ့ တည်နေရာကို မြေပုံပေါ်မှာ Big dot ( အစက်ကြီးကြီး ) တစ်ခုနဲ့ ဖော်ပြပေးပါလိမ့်မယ် ။
6. ခင်ဗျားရဲ့ လက်ချောင်းလေးများဖြင့် location ကို အနီးကပ် Zoom ဆွဲယူပြီး ကြည့်ရှုလိုက်ပါ ။
7. အခုအောက်မှာရှိတဲ့ Actions ကို နှိပ်ပြီး ခင်ဗျားဘာလုပ်ချင်လဲ လုပ်လို့ ရပါပြီ ( Play Sound , Lost Mode and Erase iPhone )
မှတ်ချက် >> ဖုန်းပိတ်နေတယ်ဆိုရင်တောင် Find My iPhone feature က ပျောက်သွားတဲ့ iPhone ရဲ့ နေရာကို ဆက်ပြီး ရှာဖွေပေးနေမှာ ဖြစ်ပါတယ် ။ ဖုန်းဖွင့် အင်တာနက်ပွင့်တာနဲ့ တပြိုင်နက် Location ကို ပြန်လည် Tracking လုပ်မှာပဲ ဖြစ်ပါတယ် ။
ပျောက်ဆုံးသွားတဲ့ iPhone ကို ကွန်ပျူတာဖြင့် ဘယ်လိုရှာမလဲ ?
အပေါ်က နည်းလမ်းနဲ့ ရှာဖွေဖို့ အခက်အခဲ ရှိခဲ့မယ်ဆိုရင် ကွန်ပျူတာနဲ့ ရှာဖွေလို့ရတဲ့ နည်းလမ်း ရှိပါသေးတယ် ။
1. ကွန်ပျူတာရဲ့ Browser မှနေပြီး iCloud.com ကို သွားပါ ။
2. Apple ID နဲ့ Sign In ဝင်လိုက်ပါ ။
3. iCloud ထဲကို ရောက်ပြီဆိုရင် ” Find My iPhone ” App icon ကို နှိပ်လိုက်ပါ ။
4. ခင်ဗျားရဲ့ iDevice များကို တွေ့ရပြီဆိုရင် ပျောက်သွားတဲ့ iPhone ကို ရွေးပြီး နှိပ်လိုက်ပါ ။
5. ကဲ .. ဒါဆို ခင်ဗျားဘာတွေ ဆက်လုပ်ရမလဲဆိုတာကို သိပါပြီနော် ( မသိရင် အပေါ်ကဟာကို ပြန်ဖတ်ကြည့် )
မှတ်ချက် >> ဖုန်းပိတ်နေတယ် ဆိုရင်တောင် ပျောက်ဆုံးသွားတဲ့ဖုန်း ဘယ်နေရာမှာ ရှိနေခဲ့လဲဆိုတာကို မြေပုံပေါ်မှာ ပြပေးသွားနိုင်ပါတယ် ။( ဘယ်နေရာမှာ ရှိနေခဲ့သလဲနော် )
What is Lost Mode ?
” Find My iPhone ” ကို အသုံးပြုထားမယ်ဆိုလျှင် သူ့ရဲ့ အခြား option တစ်ခုဖြစ်တဲ့ ” Lost Mode ” ကိုလဲ သိထားသင့်ပါတယ် ။
Lost Mode ကို enabled လုပ်လိုက်မယ်ဆိုလျှင် ပျောက်သွားတဲ့ iPhone ကို Lock လုပ်ပေးလိုက်မည် ဖြစ်ပြီး ၊ အဆိုပါ ဖုန်းရဲ့ Display Screen ပေါ်မှာ ဖုန်းနံပါတ်တစ်ခုနဲ့ Custom message တစ်စောင် သွားပေါ်နေမှာ ဖြစ်ပါတယ် ။ ခင်ဗျားကိုယ်တိုင် ဖုန်းကို ပြန်ရပြီး Lost Mode ကို disable လုပ်ပေးမှသာ ဒီစာတွေက ပျောက်သွားမှာ ဖြစ်ပါတယ် ။
တစ်ခုရှိတာက Lost Mode ဟာ iPhone ရဲ့ Battery life ပေါ်မှာပဲ အလုပ်လုပ်တာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ internet ဖြင့် သူ့ဘာသာ ချိတ်ဆက်နိုင်လို့ ဖြစ်ပါတယ် ။ ခင်ဗျားရဲ့ ဖုန်းမှာ Battery အား အနည်းငယ်ရှိနေဦးမယ် ဆိုရင်တော့ အခြား options များကို အသုံးပြုတာထက် ” Lost Mode ” ကို အသုံးပြုဖို့အတွက် ကျွန်တော်တို့ အကြံပြုချင်ပါတယ် ။
Lost Mode ကို အသုံးပြုဖို့အတွက် …
1. Find iPhone App ကို ဝင်ပါ ။
2. ပျောက်ဆုံးသွားတဲ့ ဖုန်းကို နှိပ်ပါ ။
3. Lost Mode ကို နှိပ်ပါ ( Turn On Lost Mode ဆက်ပြီး နှိပ်ပါ )
4. ပျောက်သွားတဲ့ ဖုန်းရဲ့ Lock Screen မှာ ပေါ်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်သလို စာရိုက်ထည့်ပေးပါ ။
5. Done ကို နှိပ်ပါ ။
မှတ်ချက် >> ခင်ဗျားရဲ့ ဖုန်းကို ပြန်ပြီး ရှာတွေ့လို့ password ဖြင့် unlock ပြုလုပ်ပြီး Lost Mode ကနေ ထွက်လို့ ရပါတယ် ။
What is Play sound ?
Play sound – ဖုန်းသည် Silent or Vibrate အနေအထား ဖြစ်နေသည့်တိုင် ကျယ်လောင်ပြီး ကြားနိုင်လောက်မည့် Tone အသံ ထွက်ပေါ်လာပါလိမ့်မည် ။ ဒီ option ကိုတော့ ခင်ဗျားတို့ရဲ့ အိမ်အနီးအနား ဝန်းကျင်မျိုးတွင် iPhone or iPad ပျောက်သွားခဲ့ပါက အသုံးပြုသင့်ပါတယ် ။
What is Erase ?
Erase – ခင်ဗျားအနေဖြင့် ပျောက်ဆုံးသွားတဲ့ iDevice ကို ပြန်မရနိုင်တော့ဘူး ဒါမှမဟုတ် အဲဒီအထဲမှာ ရှိနေတဲ့ Data တွေကို တစ်စုံတစ်ဦးမှ ရယူ အသုံးပြုသွားမှာ စိုးလို့ စသည်ဖြင့် အဲဒီလို အနေအထားမျိုး ဆိုရင်တော့ ခင်ဗျားရဲ့ informations များကို အကာအကွယ် ဖြစ်ရန်အတွက် ကျိန်းသေ ဒီနည်းဖြင့် Delete လုပ်ပစ် ရပါမယ် ။

Find My iPhone ကို enable မလုပ်ထားဘူးဆိုရင် ဘယ်လိုရှာရမလဲ ?
ဒီလို အခြေအနေမျိုးမှာ ဆိုရင်တောင် ခင်ဗျားအနေဖြင့် Google Maps ကို အသုံးပြုပြီး ရှာလို့ ရပါသေးတယ် ။ ဒါပေမယ့် Google Maps မှာ location history ကို enable လုပ်ပေးထားဖို့တော့ လိုအပ်ပါတယ် ။
1. ခင်ဗျားရဲ့ ဖုန်းမှာ Google location history ကို enable လုပ်မယ်ဆိုရင် ။
2. maps.google.com/locationhistory ကို သွားပါ ။
3. Account ကို ဝင်မထားရသေးဘူးဆိုရင် ခင်ဗျားရဲ့ Google account ဖြင့် Log In ဝင်လိုက်ပါ ။
4. ပျောက်သွားတဲ့ဖုန်းကို ပြန်ပြီး ရှာဖို့ ကြိုးစားမှု အနေဖြင့် ဖုန်းနောက်ဆုံးပေါ်ခဲ့တဲ့ နေရာကို စစ်ဆေးကြည့်ပါ ။
Battery အားကုန်တာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲ ဖြစ်ဖြစ် အထက်ပါ နည်းလမ်းများဟာ ပျောက်သွားတဲ့ ဖုန်းကို ရှာဖွေရာမှာတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ။
အားလုံးအဆင်ပြေကြပါစေ ။


No comments:

Post a Comment