Saturday, September 22, 2018

E-Sim ဆိုတာ ဘာလဲ ..

E-Sim ဆိုတာ ဘာလဲ ..
12.9.2018 apple event ပြီးထဲက ခေတ်စားနေတာပါ .. e-sim ဆိုတာကြီးက..
ဒါပေမယ့်.. e-sim ဆိုတာကို သိနေတဲ့သူတွေရှိနေပေမယ့် မသိနေတဲ့သူတွေလဲ အများကြီးပါ..
အဲ့တော့ မသိရင် သိအောင် မျှဝေရမယ် ရှင်းပြပေးရမယ် ဆိုတဲ့ အလုပ်က group admin team နဲ့ member တွေရဲ့ အလုပ်တစ်ခုထဲမှာ ပါဝင်ပါတယ်..
E-Sim ဆိုတဲ့ အရှည်စာသားကတော့ ..
""embedded sim ""လို့ ခေါ်ပါတယ်..
မြန်မာလို ဒဲ့ ပြန်ရင်တော့ မြုပ်ဝင်နေတဲ့ ဆင်းကဒ်ပေါ့...
e-sim ရဲ့ အသုံးပြုပုံ အလွယ် ပြောပြရရင်ဖြင့်..
e-sim function ပါတဲ့ ဖုန်းတွေက sim card ထည့်စရာ မလိုပဲ အလုပ်လုပ်နိုင်ဖို့အတွက်.. ဖုန်းအတွင်း မှာ ကိုယ်သုံးချင်တဲ့ sim card phone number နဲ့ ဆိုင်တဲ့ code တွေကို ရိုက်ထဲ့ လိုက်တာနဲ့ အလုပ်လုပ်သွားမယ့် chip ပြားလို ဟာမျိုးကို ဖုန်ူအတွင်းမှာ မြုပ်ထည့်ထားတဲ့ သဘောပါပဲ..
ဒါကလဲ..
ဖုန်း carrier တွေက supporting ပေးနိုင်တဲ့ carrier ဖြစ်မှပါ..
ခက်တာက မြန်မာပြည် မှာ ဒီ service မျိုးပေး နိုင်တဲ့ carrier မရှိသေးပါဘူး..
မြန်မာပြည်မှာ supporting ပေးနိုင်တဲ့ carrier မရှိသေးဘူး ဆိုတော့ကာ အခြား နိုင်ငံတွေ မှာရော ရှိနေပြီလား ဆိုတော့ လည်း..
တစ်ကမ္ဘာ လုံး မှာမှာ apple iphone ရဲ့ e-sim ကို supporting ပေးနိုင်တဲ့ နိုင်ငံ က ၁၀ နိုင်ငံ ပဲရှိပါသေးတယ်..
အာရှတိုက် မှာဆို india တစ်နိုင်ငံ ပဲ ရှိပါသေးတယ်..
e-sim ကို supporting ပေးနိုင်တဲ့ carrier ရှိတဲ့ နိုင်ငံ တွေကတော့ ..
Only ten countries offer eSIM support right now:
Austria,
Canada,
Croatia,
Czech Republic,
Germany,
Hungary,
India,
Spain,
UK,
US.
တို့ပဲ ဖြစ်ပါတယ်..

No comments:

Post a Comment