Saturday, September 29, 2018

How to use Virtual Trackpad ?

Virtual Trackpad ဟာ iPhone ပေါ်ကနေပြီး 3D Touch နည်းပညာကို အသုံးပြုနေရသလိုမျိုး အလန်းစား Feature တစ်ခုပဲ ဖြစ်ပါတယ် ။ 
အရင်က ဒီ Feature ကို 3D Touch ပါတဲ့ iPhone 6S ကနေပဲ စပြီး ရရှိ အသုံးပြုနိုင်ခဲ့ပါတယ် ။ ဒီလို နည်းပညာ ကန့်သတ်မှုတွေကြောင့် Virtual Tracpad အကြောင်းကို လူသိနည်းခဲ့ပါတယ် ။ 
အခုတော့ ဒီ Virtual Trackpad ကို iPhone အမျိုးအစား အားလုံး ( 5S ကနေ စပြီး ရရှိပါမယ် ) , iPad တွေ , iPod Touch တွေပေါ်ကနေပါ ရရှိနိုင်ပါပြီ ။ 
တစ်ခုတော့ ရှိပါမယ် ။ 
အဲဒါကတော့ အဆိုပါ Devices များဟာ iOS 12 ကို အသုံးပြုနေတာ ဖြစ်ရပါမယ် ။ 
ဆိုချင်တာကတော့ iOS 12 အသုံးပြုနိုင်တဲ့ iDevices မှန်သမျှ ဒီ Virtual Trackpad ကို အသုံးချလို့ ရမယ်ပေါ့ဗျာ ။ 

Virtual Trackpad ကို ဘယ်လိုဖော်ရမလဲ ?? 
Keyboard ပေါ်မှ Spacebar ( စာရိုက်လို့ ပုဒ်စကားစု တစ်ခုနှင့် တစ်ခုအကြား နဲနဲ ခြားစေချင်တဲ့အခါ ရိုက်တဲ့ Key ) ကို ( ၁ ) စက္ကန့် ( ၂ ) စက္ကန့်လောက် ဖိထား ရပါမယ် ။ 
Virtual Trackpad အသက်ဝင်လာပြီဆိုရင် Keyboard တစ်ခုလုံးက စာတွေ , အက္ခရာတွေ အကုန်ပျောက်သွားပြီး Keyboard တစ်ခုလုံး ပြောင်ရှင်းနေပါလိမ့်မယ် ။ အဲဒီအခါမှာမှ ဖိထားတဲ့ လက်ကို ဟိုရွှေ့ ဒီယူနဲ့ စိတ်ကြိုက် Cursor ကို Moves လုပ်လို့ ရပါလိမ့်မယ် ။ 
ဘယ် , ညာ , အပေါ်နဲ့ အောက် စတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ Directions ကို ရွှေ့သွားလို့ ရပါမယ် ။ ( ဖိထားတဲ့ လက်ကိုတော့ မလွှတ်လိုက်နဲ့နော် ။ ) 
ဒါဆို Virtual Trackpad ကို ဖော်ပြီး အသုံးလဲ ပြုတတ်ပြီပေါ့ ။ 
*** တစ်ခု ရှိတာက ဒီ Feature ကို iOS ရဲ့ Built – in ပါလာတဲ့ Keyboard ပေါ်မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ် ။ ***

iPhone Xs Max Teardown.


Friday, September 28, 2018

ဘယ်ဖုန်းက Battery အချိန်အကြာဆုံးခံမလဲ

iPhone XS Max, iPhone XS, iPhone X, Note9 နှင့် One Plus 6 ဖုန်းတွေကို တူညီတဲ့ Application တွေဖွင့်ထားကြည့်ပြီ ဘယ်ဖုန်းက Battery အချိန်အကြာဆုံးခံလဲဆိုတာကို စမ်သပ်ပြထားတဲ့ Video လေးပါ။
ဘယ်ဖုန်းက အချိန်အကြားဆုံးဖုန်းဖြစ်မလဲ ?????

Thursday, September 27, 2018

Apple Iphone

လူ​တွေကြားထဲ ဖုန်းထုတ်​ကိုင်​ရင်
စောက်​ချဉ်​ မဟုတ်​ဘူးလို့
အထင်​ခံရတာ(သို့)မိမိကိုယ်​ကို
ယုံကြည်​​စေတာ
ပန်းသီးတခြမ်းပဲ့ ပဲရှိပါတယ်
ကိုယ့်​ iPhone ကို Cover မတပ်​ဘဲ
ဒီတိုင်းသုံးဖို့​တော့ လိုတာ​ပေါ့​နော်​ :3

  

ဒေါ်လာ သန်း ၁ သန်း ဆိုတော့... ၁၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ပါ။ အက်ပဲလ် က အဲလောက်အထိ ကမ္ဘာ့ သမိုင်းဝင် ပထမဆုံး တန်ဖိုး အကြီးဆုံး ကုမ္ပဏီ ဖြစ်ခဲ့ပြီ။ ဘယ်လို ဗျူဟာကြောင့်လဲ...

Apple က iPhone တစ်လုံးကို ၃ဆ အမြတ်တင်ပြီး ရောင်းနေတာလား???

Apple က iPhone တစ်လုံးကို ၃ဆ အမြတ်တင်ပြီး ရောင်းနေတာလား???
iPhone Xs Max တစ်လုံးရဲ့ ခန့် မှန်းကုန်ကြမ်းပစ္စည်းတန်ဖိုးက $443 ပဲရှိတယ်။ Apple က ပြန်ရောင်းတော့ $1100-1500 တောင်။
ဒို့ မြန်မာတွေ ဥာဏ်ကောင်းလွန်းတယ်။ လွယ်လွယ်နဲ့ တော့ ဂျင်းအထည့်မခံဘူးဆိုပြီး တွက်ကြတာပေါ့။ ပစ္စည်းတန်ဖိုးက $443၊ ပြန်ရောင်းတော့ $1100-1500 ဆိုတော့ Apple က အမြတ်တွေ သိပ်ကြမ်းတယ်ပေါ့။ ၃ ဆ လောက်အမြတ်ယူတယ်ပေါ့။ မတန်တစ်ဆဈေးတွေတောင်းတယ်ပေါ့။ !@#$%^&* ပြောကြတာပေါ့ဗျာ။
ပထမဆုံးပြောချင်တာက Apple ဆိုတာ စီးပွားရေးလုပ်ငန်းဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတိုင်းရဲ့ အဓိကရည်ရွယ်ချက်က ကုမ္ပဏီရဲ့ တန်ဖိုးတိုးတက်ဖို့ နဲ့  အမြတ်ရရှိရေးဆိုတာ သေချာပေါက်ပါပဲ။ အမြတ်တွေရလို့ လည်း ကမ္ဘာ့ပထမဆုံး တန်ဖိုး ၁ ထရီလီယံဒေါ်လာရှိတဲ့ ကုမ္ပဏီကြီးဖြစ်လာခဲ့ပါပြီ။
(ယခု သုံးသပ်ချက်က Apple iPhone တစ်ခုတည်းအတွက်မရည်ရွယ်ပါဘူး။ ထုတ်ကုန်ပစ္စည်းတွေရဲ့ ကုန်ကြမ်းတန်ဖိုး (Bill of material) သာမက အခြားနောက်ကွယ်က ကုန်ကျစရိတ်တွေအများအပြားရှိသေးတယ်ဆိုတာကို ဖော်ပြလိုတာပါ။)
အထက်မှာဖော်ပြခဲ့သလို့  တစ်ကယ် ၃ဆ လောက်မြတ်နေသလားပေါ့။ $443 ဆိုတဲ့ ကုန်ကျစရိတ်ကို သေချာကြည့်လိုက်ရင် ဖုန်းတစ်လုံးရဲ့အစိတ်အပိုင်းအားလုံးကို ထည့်သွင်းတွက်ချက်ထားတာပါ။ ဖုန်းတစ်လုံးမှာ ထည့်သွင်းတပ်ဆင်ထားတဲ့ အရာအားလုံး (Bill of material) ရဲ့ တန်ဖိုး ဖြစ်ပါတယ်။ ဒီတော့ ဖုန်းတစ်လုံးရဲ့ ကုန်ကြမ်းတန်ဖိုးအပြင် ဘာကုန်ကျစရိတ်တွေရှိဦးမလဲ တွေးကြည့်ရအောင်...
၁။ Research and Development – iPhone တွေကို Tim Cook က စဉ်းစားလိုက်ပြီး ပြောပြလိုက်တာနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ အင်ဂျင်နီယာပေါင်းများစွာက စမ်းသပ်မှုအမျိုးမျိုးကို ပြုလုပ်ပြီး နမူနာများစွာအရင်ပြုလုပ်ကြည့်ရပါတယ်။ အသုံးမဝင်တာ၊ မအောင်မြင်တာနဲ့  အချိန်၊ ပိုက်ဆံတွေရင်းပြီးမှ နောက်ဆုံး အပြီးသတ် ဆုံးဖြတ်ရွေးချယ်ရတာပါ။ ဟတ်ချလောင်းလို့ မရပါဘူး။
၂။ Software Development - ကျွန်တော်တို့ ပြောပြောနေတဲ့  iOS ကြီးက အလကားမရပါဘူး။ ဖန်ရှင်တိုင်း၊ App တိုင်း၊ ဆော့ဝဲလ်ဝန်ဆောင်မှုတိုင်းရဲ့နောက်ကွယ်မှာ ငွေတွေရင်းနှီးရပါတယ်။ Update လုပ်ဖို့ ဆိုရင်တောင် Server တွေ၊ အင်တာနက်တွေက အလကားရတာမဟုတ်ပါဘူး။
၃။ Marketing - iPhone တွေထုတ်လိုက်တိုင်း ဝယ်သူတွေလက်ထဲကို ချက်ချင်းရောက်မလာပါဘူး။ ဝယ်သူတွေ ဝယ်ချင်လာအောင် ကြေငြာနဲ့ အရောင်းမြှင့်တင်ခြင်းတွေ ကို အလုံးအရင်းနဲ့ လုပ်ကြရပါတယ်။ Apple နဲ့  iPhone တွေရဲ့ အဆင့်အတန်းဆိုတာကို အသိအမှတ်ပြုဖို့  ထုတ်ကုန်အမှတ်တံဆိပ် (Brand) ကို လန်းနေအောင် ငွေတွေအများကြီးသုံးကြရပါတယ်။
၎။ Distribution – Apple က နိုင်ငံတိုင်း ဆိုင်တိုင်းမှာ ကိုယ်တိုင်ရောင်းချတာမဟုတ်ပါဘူး။ ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ လက်လီ၊ လက်ကားအရောင်းဆိုင်တွေ အတွက် အမြတ်ရာခိုင်နှုန်းပေးပြီး ရောင်းချရတာပါ။ အမြတ်မရဘဲ ဆိုင်တွေမှာ တင်ရောင်းဖို့ မဖြစ်နိုင်တဲ့ ကိစ္စပါ။
၅။ Logistics - စက်ရုံကနေ ထုတ်လိုက်တဲ့ iPhone တွေက ရောင်းချမယ့်နေရာကို အလိုလို တောင်ပံပေါက်ပြီး ရောက်မလာပါဘူး။ လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းတို့ နဲ့ အဆင့်ဆင့်သယ်ယူရပါတယ်။ ပြီးတော့ ရောက်လာသမျှ ဖုန်းတွေက ရောက်ရောက်ချင်း ရောင်းကုန်ချင်မှ ကုန်ပါမယ်။ ဒါတွေကို ထားသိုဖို့ ကုန်ကျစရိတ်တွေ ကျခံရပါတယ်။ ကုန်ပစ္စည်းတွေကို တင်သွင်းတယ်ဆိုရင် အခွန်အကောက်တွေပေးဆောင်ရပါတယ်။ သယ်ယူပို့ ဆောင်ခ၊ ထိန်းသိမ်းထားသိုခ၊ အခွန်အခ၊ ဝန်ထမ်းခ စတာတွေအားလုံး ဖုန်းရဲ့ တန်ဖိုးထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်။ ဖုန်းဖိုးအပြင် သက်သက်ပေးရတယ်ဆိုတာမရှိပါဘူး။
(ဝယ်သူကပေးချေရမယ့် ကုန်သွယ်လုပ်ငန်းခွန်နှင့် အလားတူအခွန်မျိုးကတော့ ဝယ်သူက ဘာဝယ်ဝယ်ပေးချေရမှာဖြစ်ပါတယ်။)
၆။ After-sales service – ထုတ်ကုန်ပစ္စည်းဆိုတာ ဘယ်လောက်ပဲအရည်အသွေးကောင်းကောင်း ချွတ်ယွင်းနိုင်ပါတယ်။ ထုတ်လုပ်သူအမှားကြောင့်ပဲပျက်ပျက်၊ သုံးစွဲသူအမှားအကြောင့်ပဲပျက်ပျက် ပြင်ဆင်ပေးနိုင်ဖို့  Service Center တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ အပိုပစ္စည်းတွေကို ထားရှိရပါတယ်။ ဝရန်တီအကျုံးဝင်ရင် အခမဲ့ လဲလှယ်ပေးရပါတယ်။ ဒါတွေကို ကနဦး ကုန်ကြမ်းတန်ဖိုးထဲမှာ ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါဘူး။
၇။ Interest & Tax - စီးပွားရေးလုပ်ငန်းတွေမှာ ချေးငွေတွေရှိရင် အတိုးပေးရသလို အခွန်အခတွေလဲ ရှောင်လွှဲလို့ မရပါဘူး။ ဒါတွေကိုလည်း အသားတင်အမြတ်က ဖဲ့ပေးရပါတယ်။ (Apple ကုမ္ပဏီကတော့ အကြွေးမရှိလို့ အတိုးတော့ မပေးရပါဘူး။)
၈။ Intellectual Property - ဥာဏကုန်ကျစရိတ်တွေရှိပါတယ်။ မူပိုင်ခွင့်အသစ်တွေကို ရှာဖွေနေရသလို ရှိပြီးသား မူပိုင်ခွင့်တွေအတွက်လည်း ကာကွယ်ရပါတယ်။ တစ်ပါးသူပိုင် မူပိုင်ခွင့်တွေအတွက် တရားရင်ဆိုင်ရတာတွေရှိသလို မူပိုင်ခွင့်ကြေး (Loyalty Fee) တွေလည်း လိုအပ်ရင် ပေးချေရပါတယ်။
၉။ HR, Admin and General - ရှေ့ တန်းကဖြစ်ဖြစ်၊ နောက်တန်းကဖြစ်ဖြစ် ဝန်ထမ်းတွေရဲ့ ကုန်ကျစရိတ်တွေ၊ မြေနေရာနဲ့ ငှားရမ်းခတွေ၊ အဆောက်အဦးများနဲ့  ရုံးပစ္စည်းအားလုံးရဲ့ကုန်ကျစရိတ်တွေနဲ့ အခြားကုန်ကျစရိတ်အများအပြားလည်းရှိဦးမှာဖြစ်ပါတယ်။
၁၀။ နောက်ထပ်ပြောပြချင်တာက တော့ Economies of Scale ဆိုတဲ့ အရေအတွက်ကြောင့် တွက်ချေကိုက်ခြင်းပါ။ မြင်လွယ်အောင်ပြောရရင် iPhone Xs Max ရဲ့ မျက်နှာပြင် (Display) အခုရေ သန်း ၃၀ မှာလို့ တစ်ခုကို $80 ပေးရတယ်ဆိုရင် အခုရေ တစ်သောင်းသာမှာရင် $80 ထက်ပိုပြီး ပေးရမှာတော့ သေချာပါတယ်။ ဆိုလိုတာက အခုလို Economies of Scale ဖြစ်ဖို့  သန်း ၃၀ ရောင်းရဖို့ တာဝန်ယူမှုနဲ့  စွန့် စားမှုတစ်ခုတော့လုပ်ရပါတယ်။ တစ်စုံတစ်ခုချွတ်ချော်ခဲ့ရင် ကြီးမားတဲ့ တန်ဖိုးတစ်ခု ဆုံးရှုံးနိုင်ပါတယ်။
Apple ရဲ့ ဝင်ငွေကြေငြာလွှာကို အောက်ပါ လင့်(ခ) မှာ လေ့လာနိုင်ပါတယ်။
https://www.nasdaq.com/symbol/aapl/financials…
Apple ရဲ့ ၂၀၁၇ခုနှစ် အသားတင် အမြတ်ငွေက ရောင်းရငွေရဲ့ ၂၀% လောက်ပဲရှိတာကို တွေ့ ရမှာပါ။ ၂၃၀ ဘီလီယံ ဒေါ်လာလောက် အရောင်းဝင်ငွေရှိခဲ့ပြီး အသားတင်အမြတ်က ၄၈ ဘီလီယံ ဒေါ်လာရရှိခဲ့ပါတယ်။
(ကုမ္ပဏီကြီးတစ်ခုအတွက် အလွန်ကောင်းတဲ့ အမြတ်ရာခိုင်နှုန်းတန်ဖိုးဖြစ်ပါတယ်။) ဖုန်းတန်ဖိုးကပြောသလို ၃ဆ (၃၀၀%) လောက်တော့ မြတ်မနေပါဘူး။
ဥပမာလေးတစ်ခုပေးပါရစေ။ သင်က ငါးအစိမ်းတစ်ကောင်ကို ၁၀၀၀ ကျပ်နဲ့ ဝယ်ပြီး ငါးကင်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းတယ်ဆိုပါတော့။ သင် ၂၀၀၀ ကျပ်မြတ်နေပြီလား။ ငါးတစ်ကောင်းချင်းမှာတော့ ၂၀၀၀ ကျပ်မြတ်ပါလိမ့်မယ်။ ဒါပေမယ့် စာရင်းချုတ်လိုက်ရင်တော့ ၂၀၀၀ ကျပ်မမြတ်နိုင်ပါဘူး။
ဆိုင်ခန်းငှားခ၊ စည်ပင်ခ၊ ဆိုင်းဘုတ်ခ၊ အကင်ဆရာ၊ စားပွဲထိုး၊ ပန်းကန်ခွက်ယောက်၊ဆိုင်အပြင်အဆင်၊ ရောင်းမကုန်လို့ ဈေးလျော့ရောင်းတာ၊ လွှင့်ပစ်လိုက်ရတာ၊ ပိုက်ဆံပျောက်တာ၊ အခွန်အခစတာတွေကို ပါထည့်သွင်းတွက်ချက်ရပါတယ်။ သင့်ဆိုင်က အခြားငါးကင်ဆိုင်တွေထက်ပိုလန်းချင်လို့  မီနူးအသစ်တွေအမြဲတီထွင်နေမယ်၊ ဆိုင်ထဲမှာ အမြဲအဲယားကွန်းဖွင့်ပေးထားမယ်၊ ဆိုင်အပြင်အဆင်ကို အဆင်မြင့်ပစ္စည်းတွေသုံးမယ်၊ စားပွဲထိုး ဝန်ထမ်းအလန်းတွေအများကြီးထားမယ်၊ နိုင်ငံတကာ စားဖိုမှုးလက်မှတ်ရတဲ့သူနဲ့ ငါးကင်မယ်၊ ငါးနည်းနည်းတူးသွားတာနဲ့ အသစ်တစ်ကောင်ကင်ပေးမယ်စတဲ့ ဝန်ဆောင်မှုအပိုတွေ ထပ်ဆောင်းပေးရင်ရော ငါးကင်တစ်ကောင် ၃၀၀၀ ကျပ်နဲ့ ရောင်းမှာပဲလား။
နိဂုံးချုပ်အနေနဲ့  "တွက်ရေးက စက်သူဌေး" ဆိုတာမျိုးမဖြစ်ရအောင် စီးပွားရေးလုပ်ငန်းတစ်ခုလုံးနဲ့ ကုန်စည်တွေ ဆန်းသစ်တီထွင်တာ၊ သိုလှောင်တင်ပို့ ရောင်းချတာ၊ ဝယ်ယူသူတွေကို ဝန်ဆောင်မှုပေးတာ စသည့်ဖြင့် အရပ်ရပ်ကို ထည့်သွင်းစဉ်းစားကြပါဦးလို့ ။
#crd
#Techy_M
#TechTips
#BillOfMaterial

Display အကောင်းဆုံး စမတ်ဖုန်းဖြစ်လာတဲ့ iPhone XS Max

Display အကောင်းဆုံး စမတ်ဖုန်းဖြစ်လာတဲ့ iPhone XS Max

အရင်တစ်လ Galaxy Note 9 မိတ်ဆက်တုန်းက အကောင်းဆုံး Display ပိုင်ဆိုင်နေတယ်ပြောလို့ Samsung ဝမ်းသာမဆုံးဖြစ်နေတဲ့အချိန် Apple ငုတ်တုတ်မေ့သွားအောင် လုပ်ပစ်လိုက်ပြီ ထင်ပါတယ်။ ပိုကြေကွဲစရာ ကောင်းသွားတာက iPhone အသစ်တွေရဲ့ OLED Panel ကို LG Display ထောက်ပံ့ထားတာဆိုတော့ Samsung ထက် နည်းပညာပိုင်း ပိုသာနေပြီလို့ အကြမ်းဖျင်းယူဆလို့ ရနေပါပြီ။
iPhone XS Max Display
အရင်တုန်းက LG OLED တွေ Display Burn-in ဖြစ်တယ်၊ Ghosting Effect ပေါ်တယ်၊ အနီဖက်သန်းတဲ့ အရောင်တွေထွက်လို့ မျက်နှာငယ်နေရတဲ့အချိန် iPhone XS Max Display အကောင်းဆုံးဖြစ်သွားပြီ၊ လက်ရှိ ချန်ပီယံ Samsung ကို အနိုင်ယူပစ်လိုက်ပြီလို့ DisplayMate ကြေညာပေးခဲ့ပါတယ်။
iPhone XS Max
ဒီလိုပဲ IFA 2018 ပွဲတုန်းက မိတ်ဆက်သွားတဲ့ XZ3 စမတ်ဖုန်းမှာ OLED Panel သုံးထားတယ်ဆိုမယ့် ကိုးရီးယားနှစ်ကောင်အကြား မျက်နှာပန်းမလှသွားခဲ့ပါဘူး။ ရက်ပိုင်းလောက်ပဲ Sony OLED Display ကောင်းတယ်လို့ ချီးမွမ်းခံခဲ့ရပေမယ့် လက်ရှိ iPhone Display ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
Display Out-door
ဘာလို့ Apple အဲ့လောက်စွာနေရသလဲဆိုရင် iPhone XS Max အရောင်ထွက်အားက လုံးဝတိကျလွန်းပြီး မှန်ကန်နေတဲ့အတွက် Reference နဲ့ ယှဉ်ရင်တောင် မခွဲခြားနိုင်ပါဘူးတဲ့။ နောက်ပြီး Brightness အရမ်းကောင်းလွန်းတယ်၊ ပုံမှန် 660 nits အလင်းအားနဲ့ သွားနေတဲ့ Display က နေရောင်ထဲရောက်သွားလည်း 720nits လောက် တင်ပေးတယ်၊ ဒီလို အလင်းအား ကောင်းလာတဲ့အတွက် Screen Reflective ဖြစ်တာ နည်းလာတယ်၊ တော်ရုံ အလင်းပြန်ခဲတယ်၊ ပြန်ခဲ့ရင်လည်း တခြားစမတ်ဖုန်းတွေထက် ပိုသာတယ်လို့ DisplayMate ထောက်ပြထားပါတယ်။
Display under sunlight
နောက်ပြီး OLED Screen ဖြစ်သွားလို့ ဘယ်နေရာကပဲ ကြည့်လိုက်ကြည့်လိုက် အရောင်ထွက် တသတ်မတ်ထဲ ဖြစ်နေတယ် မထင်လိုက်ပါနဲ့၊ တချို့ OLED ဖုန်းတွေမှာ အပြာဖက် သန်းတာရှိတယ်၊ အစိမ်းဖက်သန်းတာရှိတယ်။ ဒါပေမယ့် XS Max မှာတော့ အရောင်သွေဖီမှုလုံးဝ မရှိဘဲ တောက်ပစိုပြေနေတာကြောင့် အကောင်းဆုံး Display ပိုင်ဆိုင်ထားတဲ့ စမတ်ဖုန်း iPhone XS Max ပိုင်ဆိုင်သွားခဲ့ပါပြီ။



IOS 12 ရဲ့ Hidden Feature (9) ခု


Wednesday, September 26, 2018

iPhone Xs ကိုဝယ်သင့်၊မဝယ်သင့်စဉ်းစားနေကြတဲ့မိတ်ဆွေများဖတ်ဖို့ပါ


Nyo Min Lwin Post တွေဖတ်ကြည့်နေရင်းက မနေနိုင်လို့ရေးလိုက်ပါတယ်၊
iPhone Xs ကိုဝယ်သင့်၊မဝယ်သင့်စဉ်းစားနေကြတဲ့မိတ်ဆွေများဖတ်ဖို့ပါ...
ချီတုံချတုံဖြစ်နေကြတဲ့သူများအနေနဲ့ ပထမဆုံးစဉ်းစားကြတာက ပုံစံမပြောင်းဘူး ဆိုတဲ့ကိစ္စပါ...
ဒီလိုစဉ်းစားကြည့်ရအောင်ဗျာ...
ခင်ဗျားမနက်အိပ်ရာထ၊ မျက်နှာသစ်ရင် မှန်ကြည့်တယ်မဟုတ်လား...
ခင်ဗျားမျက်နှာကြီးပြောင်းသွားလား၊ မပြောင်းသွားဘူးဗျ၊
မနေ့ကလည်း ဒီမျက်နှာပဲ၊ ဒီနေ့လည်း ဒီမျက်နှာပဲ၊
မနက်ဖြန်လည်း ပြောင်းသွားမယ်လို့ထင်လား၊
မပြောင်းဘူးဗျ၊
ခင်ဗျားသာ တစ်ခုခုလုပ်ပြီး ဟိုပြင်၊ဒီပြင်နဲ့ လျှောက်မပြောင်းရင် ခင်ဗျားမျက်နှာက ဆယ်နှစ်လောက်အတွင်းမှာမှ ဖြည်းဖြည်းချင်းစီပြောင်းတာ...
အဲဒါနဲ့ပဲ ခင်ဗျားကို ကိုင်နေတဲ့...( sorry ဖုန်းနဲ့မှားတာ ) ခင်ဗျားကို နေ့စဉ်တွေ့နေတဲ့ ခင်ဗျားဇနီး၊ခင်ပွန်း၊မိသားစု၊ ခင်ဗျားချစ်သူက ခင်ဗျားကိုကြည့်ပြီး...
ဟင်...ဘာမှလည်းမပြောင်းဘူး ဆိုပြီးထားခဲ့ရောလား၊
မထားခဲ့ဘူး မဟုတ်လား၊
ခင်ဗျားကရော ခင်ဗျားနားကလူတွေကိုကြည့်ပြီး ဘာမှမပြောင်းဘူး ဆိုပြီးထားခဲ့သလား၊
မထားခဲ့ဘူး မဟုတ်လား၊
အဲဒါအဖြေပဲလေဗျာ...
ခင်ဗျား တနေ့တနေ့ကြည့်နေတဲ့ ခင်ဗျားမျက်နှာကြီးတောင် မပြောင်းသေးတာ၊ တစ်နှစ်မှတစ်ခါလေးထွက်လာတဲ့ဖုန်းကို ခင်ဗျားက ဘာလို့အတင်းပြောင်းခိုင်းနေရတာလဲ...
Apple ကုမ္ပဏီ ဒီနေ့အထိ သိက္ခာရှိရှိနဲ့ရပ်တည်နေတာ ပေါ်ပင်နောက်ကိုလိုက်နေတဲ့ Design ကြောင့်မဟုတ်ဘူးဗျ၊ အရိုးရှင်းဆုံး Design အောက်က အဆန်းသစ်ဆုံးနည်းပညာတွေကြောင့် ဒီနေ့ ကမ္ဘာမှာ iPhone က နံပါတ်တစ်ဖြစ်နေတာ၊
iPhone ကိုတကယ်အရူးအမူးကိုင်နေကြတဲ့လူတွေက ဒီဇိုင်းကိုကိုင်နေကြတာမဟုတ်ဘူး၊
နည်းပညာအဆင့်အတန်းမြင့်တဲ့ပစ္စည်းတစ်ခု အိတ်ကပ်ထဲထည့်ထားရတဲ့ခံစားမှုကို တခြားဘယ် smartphone ကမှ မပေးနိုင်လို့ ငွေကုန်ကြေးကျခံပြီးကိုင်နေကြတာဗျ၊
Design မပြောင်းတာက iPhone ကိုစွန့်လွှတ်စရာအကြောင်းပြချက် လုံးဝမဟုတ်ဘူးဆိုတာ သေချာပါတယ်၊
နောက်ထပ် ခင်ဗျားတွေဝေနေတဲ့အချက်တစ်ခုက ဈေးနှုန်းလို့ထင်တယ်၊
အဲဒါလည်းတွေဝေစရာမဟုတ်ဘူးဗျ၊ iPhone ကိုလုံးဝ ဝယ်ဖို့အစီအစဉ်မရှိတဲ့သူမျိုးကိုတော့ မပြောလိုပါဘူး၊ ဝယ်မယ်လို့စဉ်းစားထားရင်တော့ ဈေးနှုန်းကိုထည့်ကိုစဉ်းစားမနေနဲ့တော့ဗျ၊
Apple က ထုတ်တဲ့ပစ္စည်းမှန်သမျှက ကြိုက်ရင်ဝယ်၊မကြိုက်ရင်မဝယ်နဲ့ဆိုတဲ့အချိုးနဲ့လာတဲ့ဟာတွေချည်းပဲ၊ သူဌေးဈေးရောင်း ဆိုတဲ့စကားက Apple နဲ့ကွက်တိပဲ၊
ပြီးတော့ လက်ရှိအမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကိုယ်တိုင်က သူ့ရဲ့ Twitter စာမျက်နှာမှာ တရားဝင်ရေးထားခဲ့ပြီးသား၊ သူနဲ့တရုတ်နိုင်ငံရဲ့ပြဿနာကြောင့် Apple ထုတ်ကုန်တွေဟာ ဈေးတက်လာနိုင်ချေရှိတယ် တဲ့... ၊ ကြည့်ရတာ တရုတ်က စက်ရုံမှာမထုတ်လုပ်တော့ပဲ ပြည်တွင်းမှာတင်ထုတ်လုပ်တော့မယ့်သဘောပဲဗျ၊
အဲဒီတော့ အလုပ်သမားစားရိတ်တွေကြီးလာတာနဲ့အမျှ ရှေ့လျောက် Apple ထုတ်ကုန်တွေအားလုံးက ဈေးကြီးလာဖို့ပဲရှိတယ်၊ ဒါပေမယ့်လည်း ဘယ်သူကမှဓားထောက်ပြီးရောင်းတာမှ မဟုတ်ပဲ၊
ဘယ်ပစ္စည်းမဆို ကိုယ်ကြိုက်ရင်တန်တာချည်းပဲဗျ၊
ရှမ်းကြိုက်ရင်နွားချောတယ် ဆိုတဲ့စကားပုံတောင်ရှိသေးတာပဲ၊ ကိုယ်ကြိုက်တယ်၊တန်တယ်ထင်ရင်ဝယ်၊ မကြိုက်လည်းမဝယ်ရုံပဲပေါ့၊ Apple လည်း အခြေအနေအရဈေးတက်လိုက်ရတာပဲ၊ ဒီအပေါ်မှာ သိပ်တွေဝေနေစရာမရှိပါဘူး၊
ပိုက်ဆံရှိရင် ဝယ်သာဝယ်လိုက်ပါ၊ iPhone ကိုင်လိုက်မိလို့ နောင်တရသွားတယ်ဆိုတာ မရှိပါဘူး၊
ဒီ iPhone Xs series မှာ နောက်ထပ် ခင်ဗျားစဉ်းစားနေတာ Dual SIM မြန်မာနိုင်ငံမှာသုံးလို့ရ မရ ဆိုတဲ့ကိစ္စ ဖြစ်နိုင်တယ်၊
အဲဒါကတော့ ပိုပြီးတော့တောင်ထည့်စဉ်းစားဖို့မလိုတဲ့ကိစ္စပဲဗျ၊ iPhone တောက်လျောက်ကိုင်လာတဲ့လူတိုင်းက X အထိကို Single SIM နဲ့ပဲအသားကျလာပြီးသားဗျ၊ တခြားဖုန်းတွေ SIM Card နှစ်ကဒ်သုံးနေကြတဲ့အချိန်မှာ SIM Card တစ်ကဒ်ပဲထည့်လို့ရတဲ့ iPhone ကို ကျေကျေနပ်နပ်ကိုကိုင်ခဲ့ကြတာ၊ အခု Xs မှာ Dual SIM သုံးလို့ရခြင်း၊မရခြင်းက ခင်ဗျားခေါင်းခြောက်ခံပြီးစဉ်းစားနေစရာကိုမလိုတာ၊ SIM Card နှစ်ကဒ်မကလို့ အကဒ်နှစ်ဆယ်ထည့်လို့ရလည်းပဲ တစ်ကြိမ်မှာ Conversation တစ်ခုပဲလက်ခံစကားပြောလို့ရတာ၊
Apple က အခု Xs မှာထည့်ပေးလိုက်တဲ့ Dual SIM ဆိုတဲ့ကိစ္စက အလှူအိမ်မှာချပေးထားတဲ့ လက်ဘက်ပွဲလို့ပဲ သဘောထားလိုက်၊ ခင်ဗျား စားစား မစားစား အရေးကိုမကြီးတာ၊
နောက်တစ်ခု ခင်ဗျားချက်ချင်းထမဝယ်သေးတဲ့တစ်ချက်က အောက်တိုဘာမှာထွက်လာမယ့် iPhone XR ကိုစောင့်ချင်တာလည်းဖြစ်နိုင်တယ်၊
မစောင့်ပါနဲ့လို့စေတနာနဲ့အကြံပေးချင်ပါတယ်၊
iPhone XR ကိုမစောင့်သင့်တဲ့အထင်ရှားဆုံးတစ်ချက်က iPhone XR ရဲ့ Display က LCD အဆင့်ပဲရှိပါတယ်၊ Apple က Liquid Retina Display လို့နာမည်ပြောင်းပေးလိုက်ပေမယ့်လည်း Display Panel က လိုက်မပြောင်းသွားပါဘူး၊ LCD က LCD ပါပဲ၊ Apple ရဲ့ထုံစံအတိုင်း LCD ချင်းယှဉ်ရင်တော့ သူကသာနေဦးမှာပါပဲ၊ ဒါပေမယ့် Xs နဲ့ Xs Max ရဲ့ Display ကိုတော့ XR က ဘယ်လိုမှမယှဉ်နိုင်ဘူးဆိုတာသေချာပါတယ်၊
နောက်ထပ် XR ကိုမစောင့်သင့်တဲ့တစ်ချက်က Budget ဖုန်းလို့ပြောထားပေမယ့် သူ့ရဲ့ဈေးနှုန်းအရ Budget ဖုန်းဖြစ်မနေပါဘူး၊ Xs ၊ Xs Max တို့နဲ့ယှဉ်ရင် သက်သာတယ်လို့ပဲပြောလို့ရပါတယ်၊
အဲဒီတော့ Display က အရေးမကြီးဘူး၊ဈေးနည်းနည်းသက်သာတာကိုပဲရွေးမယ် ဆိုရင်တော့ October လ တတိယအပါတ်မှာ XR ထွက်လာပါလိမ့်မယ်၊ ဒါမှမဟုတ် Smartphone ဆိုတဲ့အဓိပ္ပာယ်ကို အပြည့်စုံဆုံးပေးနိုင်တဲ့ဖုန်းကိုရွေးမယ်ဆိုရင်တော့ ဘာမှစဉ်းစားမနေပါနဲ့၊ ဒီအချိန်မှာ iPhone Xs နဲ့ Xs Max တို့်ဟာ ကမ္ဘာ့အကောင်းဆုံး Smartphone တွေဆိုတာ လုံးဝသံသယရှိစရာမလိုပါဘူး၊
Real time Camera Tracking Data ကို Export လုပ်လို့ရနေတဲ့တစ်ချက်တည်းနဲ့တင် တခြားဖုန်းတွေထက် အပြတ်အသတ်ကိုသာနေပါပြီ၊ Real time Camera Tracking Data ဟာဘယ်လောက်အသုံးဝင်သလဲဆိုတာ ရုပ်ရှင် Post-Production နဲ့အကျွမ်းတဝင်ရှိသောသူများကတော့ အထူးပြောစရာကိုမလိုတော့ပါဘူး၊ မသိသေးသူများလည်း Apple website မှာ September Keynote ကိုပြန်ကြည့်ရင် Basket ball ပုတ်တာကိုရိုက်ပြပြီးရှင်းပြထားတာကိုတွေ့ရပါလိမ့်မယ်၊
ကျွန်တော်ဒီစာတွေကို ကျွန်တော့်လိုပဲ iPhone အရူးတွေအတွက် ရေးလိုက်ပါတယ်၊
ဘယ်သူကမှ၊ဘယ်ဖုန်းဆိုင်ကမှ Sponsor ပေးထားတာမဟုတ်ပါဘူး၊ ကျွန်တော်ကတော့ ရှင်းပါတယ်၊ တခြားဖုန်းတစ်ခုကို အလကားရရင်တောင် ကိုင်မှာမဟုတ်ပါဘူး၊ iPhone ပဲကိုင်မှာပါ၊ ဒါက ကျွန်တော်အရမ်းချမ်းသာနေလို့လည်းမဟုတ်၊ ကြွားဝါချင်တာလည်းမဟုတ်ပါဘူး၊
2007 ခုနှစ်တုန်းက ကမ္ဘာ့ပထမဆုံး iPhone ကိုမိတ်ဆက်ပေးတုန်းက Steve Jobs ပြောသွားသလိုပါပဲ၊
Apple reinvent the phone တဲ့...
ခင်ဗျားမှာ တီထွင်ကြံဆချင်စိတ်၊ဖန်တီးချင်စိတ်ရှိတယ်ဆိုရင် iPhone ထက်ပိုပြီးသင့်တော်တဲ့ဖုန်းတစ်လုံးကမ္ဘာပေါ်မှာမရှိနိုင်တော့ပါဘူး၊
မယုံမရှိပါနဲ့ မိတ်ဆွေ...
ကျွန်တော်ရိုက်ထားတဲ့ အနန္တ ရုပ်ရှင်ဇာတ်ကားထဲမှာ iPhone X နဲ့ Visual Effects တွေပြုလုပ်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခု ပါ ပါတယ်၊
ဘယ်ဇာတ်ဝင်ခန်းလဲ၊ ဘယ် Application ကိုအသုံးပြုခဲ့သလဲဆိုတာ Behind the Scenes တွေပြန်ပြဖြစ်တဲ့အချိန်ကျရင် ပြပါ့မယ်၊
With love,
ညိုမင်းလွင်

iPhone XS Max Vs Samsung Note 9 ( Speed Test )

iPhone XS Max Vs Samsung Note 9
( Speed Test )
RAM 6 GB ပါတဲ့ Note 9 ကပဲ ပိုမြန်မလား ?
ဒါမှမဟုတ် RAM 4 GB နဲ့ iPhone XS Max ကပဲ ပိုမြန်လေမလား ?
☺️☺️☺️
ဘယ်နေရာလေးမှာတော့ နှာတစ်ဖျား သာသွားတယ် ။
ဘယ်နေရာကျ နောက်ကောက်ကျနေတယ် 🙄🙄
ဆိုပြီး ဝေဖန် လေကန်ချင်ရင်တော့ ...
ဒီ Speed Test ဗွီဒီယိုလေးကို အရင်ဆုံး ရှိုးကြည့်လိုက်ဖို့တော့ လိုမယ်လေနော့ 😬 

iPhone , iPad ပျောက်ခဲ့သည်ရှိသော် …

iPhone / iPad ပျောက်ဆုံးခြင်းမှ ကာကွယ်ရန် နည်းလမ်းများ ( သို့မဟုတ် ) ပျောက်ဆုံးခဲ့လျှင် ဘာတွေလုပ်ထားရမလဲ ။

ဘယ်သူမဆို မိမိတို့ရဲ့ တန်ဖိုးကြီး iPhone / iPad ပျောက်ဆုံးသွားလျှင် ရုတ်တရက်တော့ စိတ်ဒုက္ခ အနည်းနဲ့အများဆိုသလို ဖြစ်ကြမှာပါပဲ ။ ဖုန်းပိုင်ရှင်အနေဖြင့် ပျောက်ဆုံးသွားတဲ့ မိမိဖုန်းရဲ့ Battery အားကုန်သွားမှာ ၊ ဖုန်းပိတ်ထားလိုက်မှာကို ပိုမိုစိုးရိမ်စိတ် ဝင်နေကြမယ်လို့လဲ ထင်ပါတယ် ။ သို့ပေမယ့် ပျောက်ဆုံးသွားတဲ့ ဖုန်းမှာ Battery အားကုန်သွားတာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲဖြစ်ဖြစ် အဆိုပါအခြေအနေမျိုးမှာတောင် ပျောက်ဆုံးသွားတဲ့ ဖုန်းကို track လုပ်လို့ရနေတဲ့ feature တစ်ခုတော့ ရှိနေပါသေးတယ် ။
Battery ကုန်သွားတဲ့ဖုန်း ၊ ပိတ်ထားတဲ့ဖုန်း ဖြစ်ပါစေဦးတော့ ( နောက်ဆုံး ) ပျောက်သွားခဲ့တဲ့ နေရာကို ပြန်ရှာနိုင်တဲ့အစွမ်း ကျွန်တော်တို့ iCloud ကြီးက ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ် ။
ဒါပေမယ့် တစ်ခုတော့ ရှိတယ်ဗျ ။
ခင်ဗျားတို့အနေနဲ့ iCloud ကို Sign in လုပ်ထားပြီး ၊ ” Find My iPhone ” ကို အမြဲတမ်း On ထားဖို့တော့ လိုမယ်နော် ။
” How to find your iPhone ”
ခင်ဗျားတို့ရဲ့ iPhone မှာ ” Find My iPhone ” ကို On ထားပြီးသားဆိုရင်တော့ အလုပ်က တစ်ဝက်ပြီးနေပြီလို့တောင် ဆိုရမှာပါပဲ ။ ဖုန်းမှာ အားမရှိ ၊ ဖုန်းပိတ်ထားတယ် ဆိုရင်တောင် အောက်မှာဖော်ပြမယ့် အချက်အလက်များက ခင်ဗျားတို့အတွက် အလွန့်အလွန်ကို အထောက်အကူ ဖြစ်စေမှာပါ ။
Battery အားမရှိဘူး ဆိုရင်တောင် iPhone အနေဖြင့် နောက်ဆုံးရှိနေခဲ့တဲ့ နေရာကို send လုပ်လို့ ရနိုင်ပါတယ် ။ အဲဒီအတွက် ” Send Last Location ” ကို enable လုပ်ပေးထားဖို့တော့ လိုပါမယ် ။
ကဲ .. ဘယ်လိုလုပ်ထားရမလဲဆိုတာကို ပြောပြပါမယ် ။
1. Setting ကို ဝင်လိုက်ပါ ။
2. iCloud ကို ဝင်ပါ ။
3. Find My iPhone ကို နှိပ်လိုက်ပါ ။
4. Find My iPhone ထဲကို ရောက်ပြီဆိုလျှင် ” Send Last Location ” ကို On ပေးထားရပါမယ် ။
ပျောက်ဆုံးသွားတဲ့ iPhone ကို အခြား iPhone တစ်လုံးကို အသုံးပြုပြီး ဘယ်လို ရှာမလဲ ?
ခင်ဗျားရဲ့ သူငယ်ချင်း ၊ မိတ်ဆွေ ၊ အပေါင်းအသင်းများ၏ iPhone ဒါမှမဟုတ် iPad ဖြင့် ပျောက်သွားတဲ့ iPhone ရဲ့ တည်နေရာကို ရှာလို့ရတဲ့ နည်းလမ်း ရှိပါတယ် ။
အဲဒီဖုန်း iPhone ( or ) iPad ထဲက
1. Find iPhone App ကို ဝင်လိုက်ပါ ။
2. ဒါက ခင်ဗျားရဲ့ iPhone , iPad မဟုတ်တဲ့အတွက် ညာဖက်အပေါ်နားက Sign Out ကို နှိပ်လိုက်ရပါမယ် ။
3. အခု ခင်ဗျားရဲ့ ID နဲ့ Sign In လုပ်ရပါမယ် ။
4. ID ကို Sign In လုပ်ပြီး သွားပြီဆိုတော့ အဲဒီမှာ ခင်ဗျားရဲ့ iDevice တွေ ပေါ်လာပါလိမ့်မယ် ။ ပျောက်သွားတဲ့ iPhone ကို ရွေးပေးရပါမယ် ။ ( နှိပ်ရမယ်ပေါ့ဗျာ ။ )
5. ပျောက်သွားတဲ့ iPhone ရဲ့ နောက်ဆုံးရှိနေခဲ့တဲ့ တည်နေရာကို မြေပုံပေါ်မှာ Big dot ( အစက်ကြီးကြီး ) တစ်ခုနဲ့ ဖော်ပြပေးပါလိမ့်မယ် ။
6. ခင်ဗျားရဲ့ လက်ချောင်းလေးများဖြင့် location ကို အနီးကပ် Zoom ဆွဲယူပြီး ကြည့်ရှုလိုက်ပါ ။
7. အခုအောက်မှာရှိတဲ့ Actions ကို နှိပ်ပြီး ခင်ဗျားဘာလုပ်ချင်လဲ လုပ်လို့ ရပါပြီ ( Play Sound , Lost Mode and Erase iPhone )
မှတ်ချက် >> ဖုန်းပိတ်နေတယ်ဆိုရင်တောင် Find My iPhone feature က ပျောက်သွားတဲ့ iPhone ရဲ့ နေရာကို ဆက်ပြီး ရှာဖွေပေးနေမှာ ဖြစ်ပါတယ် ။ ဖုန်းဖွင့် အင်တာနက်ပွင့်တာနဲ့ တပြိုင်နက် Location ကို ပြန်လည် Tracking လုပ်မှာပဲ ဖြစ်ပါတယ် ။
ပျောက်ဆုံးသွားတဲ့ iPhone ကို ကွန်ပျူတာဖြင့် ဘယ်လိုရှာမလဲ ?
အပေါ်က နည်းလမ်းနဲ့ ရှာဖွေဖို့ အခက်အခဲ ရှိခဲ့မယ်ဆိုရင် ကွန်ပျူတာနဲ့ ရှာဖွေလို့ရတဲ့ နည်းလမ်း ရှိပါသေးတယ် ။
1. ကွန်ပျူတာရဲ့ Browser မှနေပြီး iCloud.com ကို သွားပါ ။
2. Apple ID နဲ့ Sign In ဝင်လိုက်ပါ ။
3. iCloud ထဲကို ရောက်ပြီဆိုရင် ” Find My iPhone ” App icon ကို နှိပ်လိုက်ပါ ။
4. ခင်ဗျားရဲ့ iDevice များကို တွေ့ရပြီဆိုရင် ပျောက်သွားတဲ့ iPhone ကို ရွေးပြီး နှိပ်လိုက်ပါ ။
5. ကဲ .. ဒါဆို ခင်ဗျားဘာတွေ ဆက်လုပ်ရမလဲဆိုတာကို သိပါပြီနော် ( မသိရင် အပေါ်ကဟာကို ပြန်ဖတ်ကြည့် )
မှတ်ချက် >> ဖုန်းပိတ်နေတယ် ဆိုရင်တောင် ပျောက်ဆုံးသွားတဲ့ဖုန်း ဘယ်နေရာမှာ ရှိနေခဲ့လဲဆိုတာကို မြေပုံပေါ်မှာ ပြပေးသွားနိုင်ပါတယ် ။( ဘယ်နေရာမှာ ရှိနေခဲ့သလဲနော် )
What is Lost Mode ?
” Find My iPhone ” ကို အသုံးပြုထားမယ်ဆိုလျှင် သူ့ရဲ့ အခြား option တစ်ခုဖြစ်တဲ့ ” Lost Mode ” ကိုလဲ သိထားသင့်ပါတယ် ။
Lost Mode ကို enabled လုပ်လိုက်မယ်ဆိုလျှင် ပျောက်သွားတဲ့ iPhone ကို Lock လုပ်ပေးလိုက်မည် ဖြစ်ပြီး ၊ အဆိုပါ ဖုန်းရဲ့ Display Screen ပေါ်မှာ ဖုန်းနံပါတ်တစ်ခုနဲ့ Custom message တစ်စောင် သွားပေါ်နေမှာ ဖြစ်ပါတယ် ။ ခင်ဗျားကိုယ်တိုင် ဖုန်းကို ပြန်ရပြီး Lost Mode ကို disable လုပ်ပေးမှသာ ဒီစာတွေက ပျောက်သွားမှာ ဖြစ်ပါတယ် ။
တစ်ခုရှိတာက Lost Mode ဟာ iPhone ရဲ့ Battery life ပေါ်မှာပဲ အလုပ်လုပ်တာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ internet ဖြင့် သူ့ဘာသာ ချိတ်ဆက်နိုင်လို့ ဖြစ်ပါတယ် ။ ခင်ဗျားရဲ့ ဖုန်းမှာ Battery အား အနည်းငယ်ရှိနေဦးမယ် ဆိုရင်တော့ အခြား options များကို အသုံးပြုတာထက် ” Lost Mode ” ကို အသုံးပြုဖို့အတွက် ကျွန်တော်တို့ အကြံပြုချင်ပါတယ် ။
Lost Mode ကို အသုံးပြုဖို့အတွက် …
1. Find iPhone App ကို ဝင်ပါ ။
2. ပျောက်ဆုံးသွားတဲ့ ဖုန်းကို နှိပ်ပါ ။
3. Lost Mode ကို နှိပ်ပါ ( Turn On Lost Mode ဆက်ပြီး နှိပ်ပါ )
4. ပျောက်သွားတဲ့ ဖုန်းရဲ့ Lock Screen မှာ ပေါ်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်သလို စာရိုက်ထည့်ပေးပါ ။
5. Done ကို နှိပ်ပါ ။
မှတ်ချက် >> ခင်ဗျားရဲ့ ဖုန်းကို ပြန်ပြီး ရှာတွေ့လို့ password ဖြင့် unlock ပြုလုပ်ပြီး Lost Mode ကနေ ထွက်လို့ ရပါတယ် ။
What is Play sound ?
Play sound – ဖုန်းသည် Silent or Vibrate အနေအထား ဖြစ်နေသည့်တိုင် ကျယ်လောင်ပြီး ကြားနိုင်လောက်မည့် Tone အသံ ထွက်ပေါ်လာပါလိမ့်မည် ။ ဒီ option ကိုတော့ ခင်ဗျားတို့ရဲ့ အိမ်အနီးအနား ဝန်းကျင်မျိုးတွင် iPhone or iPad ပျောက်သွားခဲ့ပါက အသုံးပြုသင့်ပါတယ် ။
What is Erase ?
Erase – ခင်ဗျားအနေဖြင့် ပျောက်ဆုံးသွားတဲ့ iDevice ကို ပြန်မရနိုင်တော့ဘူး ဒါမှမဟုတ် အဲဒီအထဲမှာ ရှိနေတဲ့ Data တွေကို တစ်စုံတစ်ဦးမှ ရယူ အသုံးပြုသွားမှာ စိုးလို့ စသည်ဖြင့် အဲဒီလို အနေအထားမျိုး ဆိုရင်တော့ ခင်ဗျားရဲ့ informations များကို အကာအကွယ် ဖြစ်ရန်အတွက် ကျိန်းသေ ဒီနည်းဖြင့် Delete လုပ်ပစ် ရပါမယ် ။

Find My iPhone ကို enable မလုပ်ထားဘူးဆိုရင် ဘယ်လိုရှာရမလဲ ?
ဒီလို အခြေအနေမျိုးမှာ ဆိုရင်တောင် ခင်ဗျားအနေဖြင့် Google Maps ကို အသုံးပြုပြီး ရှာလို့ ရပါသေးတယ် ။ ဒါပေမယ့် Google Maps မှာ location history ကို enable လုပ်ပေးထားဖို့တော့ လိုအပ်ပါတယ် ။
1. ခင်ဗျားရဲ့ ဖုန်းမှာ Google location history ကို enable လုပ်မယ်ဆိုရင် ။
2. maps.google.com/locationhistory ကို သွားပါ ။
3. Account ကို ဝင်မထားရသေးဘူးဆိုရင် ခင်ဗျားရဲ့ Google account ဖြင့် Log In ဝင်လိုက်ပါ ။
4. ပျောက်သွားတဲ့ဖုန်းကို ပြန်ပြီး ရှာဖို့ ကြိုးစားမှု အနေဖြင့် ဖုန်းနောက်ဆုံးပေါ်ခဲ့တဲ့ နေရာကို စစ်ဆေးကြည့်ပါ ။
Battery အားကုန်တာပဲဖြစ်ဖြစ် ၊ ဖုန်းပိတ်ထားတာပဲ ဖြစ်ဖြစ် အထက်ပါ နည်းလမ်းများဟာ ပျောက်သွားတဲ့ ဖုန်းကို ရှာဖွေရာမှာတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ။
အားလုံးအဆင်ပြေကြပါစေ ။


How to manage Notifications

ပုံမှန်အတိုင်းဆိုလျှင် ကျနော်တို့ iPhone တွေဆီကို လာတဲ့ ဝင်တဲ့ Notification Messages တွေကို ဖုန်းရဲ့ Setting ထဲကနေ Notifications Page ကို သွားပြီး Manage လုပ်ရပါလိမ့်မယ် ။ 
အသစ်ထွက်လာခဲ့တဲ့ iOS 12 မှာတော့ အဲဒီအထိ တကူးတက သွားစရာ မလိုပဲ Lock Screen ပေါ်ကနေပဲ Noti တွေကို Manage လုပ်နိုင်လာပြီပဲ ဖြစ်ပါတယ် ။ 
ဒါဟာ ဘာအတွက် အသုံးဝင်လဲ ? 
ဘာအတွက် ပိုကောင်းလာလဲ လို့မေးရင်တော့ … 
ကိုယ့်အနေနဲ့ Noti တွေကို ကြည့်လို့ မဖြစ်သေးတဲ့အချိန် ၊ Noti ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတဲ့ အချိန်မျိုးမှာ Lock Screen ပေါ်ကနေပဲ အဆိုပါ Noti Messages တွေကို မိမိစိတ်ကြိုက် Manage လုပ်သွားလို့ ရတာက တကယ့်ကို နှစ်သက်စရာ ကောင်းပါတယ် ။ 
ကဲ ! ဘယ်လိုတွေတောင်မှ Lock Screen ပေါ်ကနေ Noti Messages တွေကို Manage လုပ်သွားနိုင်လဲ ဆိုတာကို အောက်မှာ ကြည့်လိုက်ရအောင်ဗျာ ။ 

ကိုယ့်ဖုန်းရဲ့ Lock Screen မှာ ပေါ်နေတဲ့ Noti Messages ရဲ့ အပေါ်ကနေ ဖိပြီး ဘယ်ဖက်ကို ဆွဲသွားရပါမယ် ။ 
အောက်ကပုံလိုပဲ တွေ့ရရင် Manage Option ထဲကို ဝင်လိုက်ပါ ။
ပေါ်လာတဲ့ View ထဲက Deliver Quietly ကို နှိပ်ပေးလိုက်ရင် Noti Messages တွေဟာ Lock Screen မှာ လာပြီး မပေါ်တော့ပါဘူး ။ 
Banners လို့ ခေါ်တဲ့ ဖုန်း Screen ရဲ့ အပေါ်နားလေးကနေ အောက်ကို လျှောဆင်းလာပြီး ဖော်ပြပေးတဲ့ Noti တွေလည်း မြင်ရမှာ မဟုတ်တော့ပါဘူး ။
ဒါ့အပြင် Noti လာကြောင်း အချက်ပေးတဲ့ Alert Sound ကိုပါ Off ဖြစ်သွားစေမှာပဲ ဖြစ်ပါတယ် ။ 
ဒါတင်ပဲ မဟုတ်သေးပါဘူး ။ 
Badges လို့ ခေါ်တဲ့ သက်ဆိုင်ရာ Apps တွေရဲ့ အိုင်ကွန်တွေ အပေါ်မှာ Noti Messages အစောင် အရေအတွက်ကို  ဖော်ပြပေးလေ့ ရှိတဲ့ဟာကိုပါ Off ဖြစ်သွားနိုင်စေပါတယ် ။ 
ဒါက Deliver Quietly ရဲ့ အစွမ်းပါ ။ 🤗
ဒီတစ်ခါတော့ Manage ထဲက Turn Off … အကြောင်းကို ဆက်ပြောပြပါမယ် ။ 
ဒါကတော့ ရိုးရှင်းပါတယ် ။ 
Turn Off လို့ ဆိုတဲ့အတွက် Allow Notifications တစ်ခုလုံးကို ပိတ်ချထားလိုက်တာပဲ ဖြစ်ပါတယ် ။ 🤗
ကိုယ် Manage လုပ်နေတဲ့ သက်ဆိုင်ရာ Apps ရဲ့ Noti Messages တွေကို သင်မမြင်နိုင်အောင်လို့ ကွယ်ပျောက် ပေးထားလိုက်တာပဲ ဖြစ်ပါတယ် ။ 
ဒီနေရာမှာ ကျနော်က ” ကွယ်ပျောက်ပေးထားတယ် ” ဆိုတဲ့ စကားလုံးကို အသုံးပြုထားတာကို သတိပြုကြစေချင်ပါတယ် ။ ဒါက Noti Messages တွေကို မလာအောင် Blocking လုပ်နေတာ မဟုတ်ပါဘူး ။ ကိုယ့်ဖုန်းဆီ ဝင်လာတဲ့ Noti Messages တွေကို ကိုယ့်မျက်စိရှေ့မှာ မပေါ်လာစေရန်အတွက် Apps တစ်ခုချင်းအလိုက် Manage လုပ်နေတာပဲ ဖြစ်ပါတယ် ။ 
အားလုံးအဆင်ပြေကျေနပ်နိုင်ကြမယ်လို့ ယူဆပါတယ် ။ 
ကျေးဇူးတင်ပါတယ် ။

E-Sim အ​ကြောင်း

E-Sim အ​ကြောင်း
SIM Card မျိုးဆက်တွေထဲမှာ နောက်ဆုံးပေါ် မျိုးဆက် တစ်ခုဖြစ်တဲ့ eSIM အကြောင်း သိထားသင့်ပါတယ်။
" eSIM .…ဆိုတာ ဘာလဲ "
***********************
ဒီနှစ်အတွင်းမှာ eSIM ပါဝင်တဲ့ ထုတ်ကုန်သုံးမျိုး ထွက် ရှိခဲ့ပါတယ်။ အဲဒီထုတ်ကုန်တွေက Apple Watch 3, Pixel 2 နဲ့ Pixel 2 XL တို့ဖြစ်ပါတယ်။ မနှစ်ကထွက်ရှိခဲ့ တဲ့ Samsung Galaxy Gear S2 3G နဲ့ iPad 9.7 မှာ လည်း eSIM ပါဝင်လာပါတယ်။ဒါကြောင့် eSIM လို့ခေါ် တဲ့ နည်းပညာပါဝင်တဲ့ထုတ်ကုန်ဟာ အခုဆိုရင် ငါးမျိုး ရှိ လာပါပြီ။အခုနည်းပညာသစ်ဟာ စတင်ရုံပဲ ရှိပါ သေးတယ်။
eSIM/eUICC
(embedded SIM ဒါမှမဟုတ် embedded UICC)ဟာ လက်ရှိစမတ်ဖုန်းတွေမှာ အသုံးပြုနေကြတဲ့ SIM ကတ် နေရာအစားထိုးလိုက်တာပါ။သုံးစွဲသူက ဖုန်းအတွင်း SIM ကတ်ကိုဖြုတ်နိုင်ပေမယ့် eSIM ကိုတော့ မဖယ် ရှားနိုင်ပါဘူး။ဒါကြောင့် eSIM ဘယ်လိုအလုပ် လုပ် တယ်ဆိုတာ မသိသေးတဲ့သူတွေအတွက် ရည်ရွယ် ပြီး ဖော်ပြပေးလိုက်ပါတယ်။
SIM ကတ်တွေ ပြောင်းလဲဖြစ်ထွန်းလာပုံ
*****************************************
မိုဘိုင်းဖုန်းတွေ ရေပန်းစားလာတာနဲ့အမျှ သုံးစွဲသူက နှစ်သက်ရာ အော်ပရေတာရဲ့ဝန်ဆောင်မှုအလိုက် SIM ကတ်တွေကို ရွေးချယ်ဝယ်ယူလာကြပါတယ်။အဲဒီ SIM ကတ်တွေမှာ နံပါတ်နဲ့ လုံခြုံရေး key ပါဝင်တာကြောင့် ကွန်ရက်အနေနဲ့ဝန်ဆောင်မှုသုံးစွဲသူတွေကို အတည်ပြု ဖော်ထုတ် စစ်ဆေးနိုင်ပါတယ်။ ဒါ့အပြင် SIM ကတ်မှာ contact တွေနဲ့ text message တွေကိုလည်း သိမ်း ဆည်းနိုင်ပါတယ်။နှစ်အနည်းငယ်အတွင်း SIM ကတ် တွေရဲ့ အရွယ်အစားကလည်း သေးငယ် လာပါတယ်။ ပထမဆုံး Mini SIM ထွက်ပေါ်လာပါတယ်။နောက်ပိုင်း မှာ အရွယ်တဖြည်းဖြည်းငယ်လာပြီး Micro SIM ဖြစ် လာသလို နောက်ဆုံးမှာတော့ Nano SIM ဖြစ်လာပါ တယ်။ ဒီ SIM ကတ်ပုံစံ သုံးမျိုးကို အသုံးပြုနေကြသေး ပေမယ့် Micro SIM နဲ့ Nano SIM က နောက်ပိုင်းမှာ အသုံးများလာပါတယ်။
စမတ်ဖုန်းတွေမှာ နေရာလွတ်တွေရရှိနိုင်ဖို့ SIM ကတ် တွေဟာ တဖြည်းဖြည်းသေးငယ်လာပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေက ပါးလွှာလာပြီး နေရာလွတ်တွေကလဲ တန်ဖိုးရှိလာပါတယ်။Mini SIM ကတ်တွေဟာ tray တစ်ခု နဲ့အတူ နေရာများစွာရယူလေ့ရှိပါတယ်။SIM ကတ် အရွယ်အစားကိုလျှော့ချလိုက်တာနဲ့ စမတ်ဖုန်း ထုတ်လုပ်သူတွေက ထုတ်ကုန်တွေမှာ ပိုကောင်းတဲ့ အစိတ်အပိုင်းတွေကို ထည့်သွင်းနိုင်သလို ပါးလွှာတဲ့ ထုတ်ကုန်ကိုလည်း ဖန်တီးလာနိုင်ပါတယ်။
eSIM တွေဘယ်လို အလုပ်လုပ်လဲ
*******************************
eSIM ရဲ့အရွယ်အစားက nano SIM ထပ်သေးပြီး
SIM tray မပါဝင်ပါဘူး။ ဒါကြောင့် eSIM ပါဝင်တဲ့ စမတ်ဖုန်းတွေက ပါးလွှာပြီး အခြားအစိတ်အပိုင်းတွေ အတွက် နေရာလွတ်တွေ ထွက်လာပါတယ်။
eSIM တွေကို အသုံးပြုသူတွေအတွက် အားသာချက် က ကွန်ရက်တွေကို အလွယ်တကူပြောင်းလဲ အသုံးပြု နိုင်တာပါ။အဲဒီလို ပြုလုပ်တာဟာ roaming နဲ့ကွာခြား ပါတယ်။eSIM တွေက မတူညီတဲ့ကွန်ရက် profileတွေ ကိုသိမ်းဆည်းပေးပြီး ကွန်ရက်တစ်ခုနဲ့ တစ်ခုအကြား အလွယ်တကူပြောင်းလဲအသုံးပြုနိုင်ပါတယ်။eSIM ပေါ် မှာ profile အမျိုးမျိုး သိမ်းဆည်းထားနိုင်တာကြောင့် သုံးစွဲသူတွေက ကွန်ရက်တွေကိုအလွယ်တကူ ပြောင်း လဲအသုံးပြုနိုင်ပါတယ်။ SIM profile တစ်ခုမှာ data plan နဲ့ အခြား SIM profile မှာ voice plan တစ်ခု သတ်မှတ်ထားနိုင်ပြီး နံပါတ်တူညီတာကြောင့် ဖုန်းခေါ် ဆိုမှုတွေနဲ့ SMS တွေလွတ်သွားတာမျိုး မဖြစ်နိုင်ပါဘူး။
ကွန်ရက်တွေကို အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ဖို့ စံသတ်မှတ်ချက် သတ်မှတ်ရပါမယ်။ ဒါမှပဲ eSIM ပေါ် က SIM profile တွေကို အလွယ်တကူ သုံးနိုင်မှာပါ။ GSMA ကုမ္ပဏီမှာ အော်ပရေတာတွေနဲ့ OEM တွေ အကြားက ဆက်ဆံရေးလွယ်ကူစေဖို့နဲ့လုပ်ငန်းစဉ်တွေ ရိုးရှင်းစေဖို့အတွက် Profile Interoperability လို့ခေါ် တဲ့ စံသတ်မှတ်ချက် ရှိပါတယ်။ကမ္ဘာတစ်ဝန်းမှာ SIM profile အမျိုးမျိုးနဲ့အော်ပရေတာ ရာပေါင်းများစွာရှိပါ တယ်။ဒါကြောင့် လူတိုင်းရပ်တည်သုံးစွဲနိုင်တဲ့ စံသတ် မှတ် ချက်ကို ပြုလုပ်နိုင်တယ်လို့ ယူဆရပါတယ်။
Pixel 2 နဲ့ Pixel 2 XL ရဲ့ eSIM ကတော့လတ်တလော မှာ Google ရဲ့ Project Fi ကွန်ရက်မှာပဲ အသုံးပြုနိုင် ပါတယ်။ Apple Watch 3 မှာပါဝင်တဲ့ eSIM ကတော့ Verizon, T-Mobile နဲ့ Sprint တို့မှာ အသုံးပြုနိုင် ပါတယ်။သုံးစွဲသူအနေနဲ့ ကွန်ရက်တွေကို ပြောင်းလဲ အ သုံးပြုတဲ့အခါမှာ မိုဘိုင်းဖုန်းနံပါတ်တွေကို ဆက်လက် ရယူထားသင့်ပါတယ်။ပထမဆုံးအကြိမ်အဖြစ် အော်ပရေတာသစ်ကို အသုံးပြုတဲ့အခါ အခကြေးငွေ တစ်စုံတစ်ရာ ပေးရပါမယ်။အဲဒီအခကြေးငွေက SIM ကတ်တစ်ကတ်ကို ဝယ်ယူတဲ့အခါ ပေးရတဲ့ ပမာဏနဲ့ အလားတူဖြစ်ပေမယ့် package အတွင်းမှာအခမဲ့ data နဲ့ voice call တွေလည်း ပါဝင်လာနိုင်ပါတယ်။
eSIM တွေရဲ့ အနာဂတ်
**********************
စမတ်ဖုန်းတွေမှာ eSIM တွေကိုအသုံးပြုဖို့အတွက် အချိန်အတော် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိုဘိုင်းချိတ်ဆက်မှုလိုအပ်တဲ့ဝတ်ဆင်နိုင်တဲ့ နည်းပညာ ထုတ်ကုန်တွေ၊ကားတွေနဲ့ကွန်ပျူတာလို ထုတ်ကုန် တွေမှာ အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ Microsoft ရဲ့ Qualcomm ရဲ့အသစ်ထွက်ရှိမယ့် ARM ထောက်ပံ့မှုပါဝင်တဲ့ ကွန်ပျူတာတွေမှာ on-the-go ချိတ်ဆက်မှုအတွက် eSIM ပါဝင်လာနိုင်ပါတယ်။ Surface Pro မှာ eSIM ကတစ်ဆင့် LTE ထောက်ပံ့မှု ပါဝင်လာမယ်လို့ Microsoft ကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဗားရှင်းဟာ လာမယ့်နှစ်အစောပိုင်းမှပဲ ထွက်ရှိလာ နိုင်ပါတယ်။
eSIM တွေပါဝင်တဲ့ Windows ကွန်ပျူတာတွေအတွက် သုံးစွဲသူက Windows Store ကနေ data plan တွေ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ T-Mobile, AT&T နဲ့ အခြားနိုင်ငံရပ်ခြား အော်ပရေတာတို့က Microsoft နဲ့ပူးပေါင်းဖို့ သဘောတူညီမှု ရယူထားပါတယ်။
eSIM အသုံးပြုမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေ ပါတယ်။ သမားရိုးကျ SIM ကတ်ကိုအသုံးပြုတဲ့အခါ ဖုန်းဘက်ထရီ အလွန်အားနည်းနေတဲ့အချိန်မှာ ဖြုတ်ပြီး အခြားဖုန်းတစ်လုံးမှာ ပြောင်းလဲထည့်သွင်းပြီး အသုံး ပြုနိုင်ပါတယ်။ တကယ်လို့ eSIM အသုံးပြုမယ်ဆိုရင် ဒီလိုလုပ်လို့ မရတော့ပါဘူး။
eSIM တွေဟာ ဆက်သွယ်ရေးကုမ္ပဏီတွေက lock လုပ်ထားတဲ့ ဖုန်းတွေကို မပျောက်ကွယ်စေနိုင်ပါဘူး။ အဲဒီ carrier-lock ထုတ်ကုန်ဆိုတာက သုံးစွဲသူနဲ့ contract plan တစ်ခုချုပ်ဆိုထားတာပါ။ ဖုန်းအတွက် လစဉ်ကြေးကို ပိုင်ရှင်က ပုံမှန်ပေးသွင်းရပါတယ်။ ဒီနည်းလမ်းဟာ ဖုန်းအသစ်တစ်လုံးဈေးနှုန်းသက်သက် သာသာနဲ့ ဝယ်ယူစေနိုင်ပါတယ်။ စာချုပ်ပြည့်ပြီ ဆိုတာ နဲ့ ပိုင်ရှင်က နှစ်သက်ရာကွန်ရက်ကို ပြောင်းလဲ အသုံး ပြုနိုင်ပါတယ်။

Dual Sim ( HK & CH Region ) ရဲ့ Two Sim ကဘယ်လိုလဲ ( Video )

သင်ဟာ New iDevice ဝယ်မယ်ဆိုရင် Dual Sim ဘယ်အမျိုးအစားကိုရွေးမလဲ ???
(၁) e Sim & 1 Sim Slot  ( Other Region )
 e Sim သည် မြန်မာပြည်တွင် Support မလုပ်ပါ။
(၂) Dual Sim – 2 Sim Slot ( HK & CH Region ) 

ဒီအချိန်မှာ Region အစွဲကြီးသူတွေကတော့ 1 Sim တာ အသုံးပြုခွင့်ရမှာဖြစ်ပီး အစွဲမကြီးတယ့်သူတွေကတော့ Dual Sim ကိုင်ရမှာပါ။
Region အားလုံးသည် Offical ဖြစ်သည်။
New iDevice တွေဝယ်မယ်ဆိုရင် အာမခံမှု အပြည့်ပေးနိုင်တယ့် ဆိုင်မှာသာ ဝယ်ပါလို့ အကြံပေးချင်ပါတယ်။

Tuesday, September 25, 2018

Screen Time

Apple ကတော့သိပ်မကြာသေးခင်ကာလက iOS 12 ကို user တွေအတွက်ဖြန့်ချိပေးခဲ့ပါတယ်။ ဒီ update မှာအသစ်ပါဝင်လာတဲ့ Screen Time ဆိုတဲ့ Feature လေးက အသုံးပြုသူတွေကို တစ်နေ့တစ်နေ့ဖုန်းပေါ်မှာဘာတွေလုပ်ပြီးအချိန်ကုန်နေတယ်ဆိုတာကို အမြန်ဆုံးတိုင်းတာပြီး အလွယ်တကူပဲ ကြည့်ရှုခွင့်ပေးထားပါတယ်။
ဒီတော့ ဒီ Feature ရဲ့တိုင်းတာချက်တွေကိုသာဝင်ကြည့်လိုက်မယ်ဆိုရင် တစ်နေ့တာအတွက် အချိန်တွေဘယ်လိုကုန်သွားတယ်၊ ဘယ် Social Media တွေကိုအချိန်ဘယ်လောက်အကုန်ခံပြီးသုံးနေတယ်၊ ဘယ်ဂိမ်းတွေကိုအချိန်ဘယ်လောက်အကုန်ခံပြီးဆော့နေတယ်ဆိုတာကအစ Noti ဘယ်နှစောင်ဝင်တယ်၊ ဖုန်းပိုင်ရှင်အနေနဲ့ တစ်နေ့ကို ဖုန်းဘယ်နှကြိမ်ပြောတယ်ကအစ သိရှိနိုင်ပါတယ်။
ဒါတွေကို Settings ထဲက Screen Time Page ထဲမှာ Graph နဲ့ဖော်ပြပေးထားပြီး ဒီ Feature ဟာဖုန်းပိုင်ရှင်တွေကို ဖုန်းအသုံးပြုမှုနဲ့ပတ်သက်ပြီး အထိန်းအကွပ်ရှိအောင်ထည့်သွင်းပေးထားခြင်းဖြစ်တယ်လို့ Apple ကဆိုပါတယ်။ ဒါပေမယ့် အခုလက်ရှိ iOS 12 ကိုသုံးနေတဲ့လူတော်တော်များများကတော့ ဒီတိုင်းတာပေးထားတဲ့အချက်အလက်တွေကိုဝင်ကြည့်ပြီး ကိုယ့်ရဲ့တစ်နေ့တာဖုန်းအသုံးပြုမှုကိန်းဂဏန်းတွေကို ကြောက်ရွံ့နေကြပါတယ်။
လူအများစုကတော့ ဒီ Feature ဟာအချိန်ကို အလဟဿမကုန်အောင် ထိန်းသိမ်းပေးနိုင်တဲ့အတွက် အကျိုးရှိတယ်လို့ယူဆကြပြီး ဒီ Feature ကြောင့် အဓိကထိခိုက်သွားတာကတော့ ဆယ်ကျော်သက်ကလေးတွေလို့ပြောလို့ရပါတယ်။ ဒီ Feature ကိုကောင်းကောင်းအသုံးပြုတတ်တဲ့ မိဘကတော့ ကလေးကို ဖုန်းအသုံးပြုတာနဲ့ပတ်သက်ပြီး အရင်လိုပါးစပ်က တတွတ်တွတ်ပြောနေစရာမလိုပဲ ဖုန်းထဲမှာတင် Limit လုပ်ပေးထားလိုက်ရုံပါပဲ။
Screen Time Feature မှာတစ်နေ့တာအတွက် ဘယ် App တွေကိုအချိန်ဘယ်လောက်အသုံးပြုထားလဲ၊ ဖုန်းအဝင်အထွက်ဘယ်နှခါပြောထားလဲ၊ Notifications တွေဘယ် App ကနေ ဘယ်လောက်ဝင်ထားလဲဆိုတာ အချိန်အပိုင်းအခြားအလိုက် ဖော်ပြပေးထားသလို ဥပမာ တစ်နေ့လုံးနေမှ Social Media နှစ်နာရီပဲသုံးမယ်၊ Game သုံးနာရီပဲဆော့မယ် စသဖြင့် Limit ပေးထားနိုင်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်ပြည့်ခါနီးရင်တော့ Screen Time Feature ကနေ Notification ပို့ပြီးသတိပေးမှာပဲဖြစ်ပါတယ်။
ဒီ Feature နဲ့ပတ်သက်ပြီး ဆယ်ကျော်သက်ချာတိတ်တွေအတွက် သတင်းကောင်းနဲ့ သတင်းဆိုး ရှိပါတယ်။ သတင်းကောင်းကတော့ ဒီ Screen Time Feature ကိုအသုံးမပြုချင်ရင် ပိတ်ထားဖို့အတွက် Apple က "Turn Off Screen Time" ဆိုတဲ့ Button လေးကိုထည့်သွင်းပေးထားတယ်ဆိုတော့ လူကြီးတွေအလစ်မှာပိတ်လို့ရတာပေါ့နော်။ ဒါပေမယ့် သတင်းဆိုးကတော့ Screen Time အတွက်သီးသန့် Passcode ပေးထားလို့ရတဲ့အတွက် လူကြီးတွေကသာ Passcode ပေးထားတယ်ဆိုရင်တော့ ညီလေးတို့ရေ So Sad ပါပဲလို့။

Monday, September 24, 2018

iOS 12 မှာ ပါဝင်လာတဲ့ အမိုက်စား Features ၁၂ ခု

Apple ရဲ့ Mobile Operating System major update ဖြစ်တဲ့ iOS 12 ကတော့ ယနေ့ပဲ တရားဝင်ထွက်ရှိလာပါပြီ။ iOS 12 မှာ ဘာတွေ ပြောင်းလဲသွားလဲ၊ ဘာတွေ ပိုကောင်းလာလဲဆိုတာ အချက် ၁၂ ချက်နဲ့ ဖော်ပြပေးထားပါတယ်။
၁။ Performance Improvements
iOS 12 ဟာ အသွင်အပြင်ထက် Performance ပိုင်းကို ပိုကောင်းလာအောင် ဦးစားပေးထုတ်လုပ်ထားတဲ့ iOS ဖြစ်ပါတယ်။ ဒိတ်အောက်နေပြီဖြစ်တဲ့ iPhone 5s ကနေ iPad Mini 2 အထိ Device ဟောင်းတွေမှာပါ Performance ကောင်းကောင်း သုံးနိုင်ဖို့ လုပ်ပေးထားပါတယ်။ Apple အနေနဲ့ သူ့ Device အဟောင်းတွေကိုပါ အခုအချိန်ထိ အသေအချာဂရုစိုက်သေးတယ်ဆိုတာ ပြထားတဲ့ OS လည်း ဖြစ်ပါတယ်။
Apple ရဲ့ အဆိုအရဆိုရင် iOS 12 ဟာ အရင် iOS 11 ထက် App ဖွင့်တာတွေမှာ ၄၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာပြီး၊ Camera ဖွင့်တာမှာဆို ၇၀ ရာခိုင်နှုန်းအထိ ပိုမြန်လာတယ်လို့ သိရပါတယ်။ ဒီတော့ iOS 12 ဟာ သွင်းရင်ကောင်းပါ့မလားကို စဉ်းစားနေစရာမလိုတဲ့ Software Update ဖြစ်ပါတယ်။
၂။ Grouped Notifications


သေးငယ်တဲ့ပြောင်းလဲမှုလို့ ဆိုနိုင်ပေမယ့် User တွေအတွက် အမှန်တကယ် အကျိုးရှိစေမယ့် ပြောင်းလဲမှုပါ။ App တခုကနေ Notification တွေ တခုပြီး တခု အများကြီးဝင်ပြီး၊ ဖုန်းစခရင်မှာ ပြည့်နှက်နေတာမျိုး မရှိတော့ဘဲ Notification တွေကို App တခုချင်းစီအလိုက် သပ်သပ်ရပ်ရပ် စုစည်းပြပေးထားမှာပါ။ YouTube ကနေ Notification ၁၀ ခု ဝင်နေရင် ၁၀ ခုလုံးကို စုစည်းပြပေးထားမှာဖြစ်ပြီး၊ Tap တချက်ထောက်လိုက်ရင် ၁၀ ခုလုံးကို ပြန်ကြည့်နိုင်ပါတယ်။ Notification တခုချင်းစီကို ဘေးဘက် (ဘယ်ဘက်) ဆွဲပြီးတော့လည်း App ရဲ့ Notification ပြသမှုကို Manage ထပ်လုပ်နိုင်မှာဖြစ်ပါတယ်။
Do Not Disturb option မှာလည်း ‘Bedtime’ ဆိုတဲ့ Mode တခုပါလာပြီး၊ Notification တွေကို သတ်မှတ် Night time အချိန်အတွင်း Lockscreen မှာ ပြပေးတော့မှာမဟုတ်ပါဘူး။
၃။ Screen Time

iOS 12 မှာ အသစ်ပါဝင်လာတဲ့ အကြီးမားဆုံး Feature လို့ ဆိုရမယ့် Screen Time ပါ။ Android Pie ရဲ့ Digital Wellbeing နဲ့ ဆင်တူပါတယ်။ App တခုချင်းစီမှာ ကိုယ့်အချိန်တွေ ဘယ်လောက် ကုန်နေပြီလဲဆိုတာကို Screen Time ကနေ သွားကြည့်နိုင်ပြီး၊ ဘယ် App အမျိုးအစား ( ဥပမာ – Social Networking) တွေက ကိုယ့်အချိန်ကို ဘယ်လောက် ယူထားလဲဆိုတာ အလွယ်တကူ ကြည့်နိုင်ပါတယ်။ App တခုချင်းစီကတော့ Notification တွေ ဘယ်လောက်ပို့နေတယ်ဆိုတာက အစ ကြည့်နိုင်ပြီး၊ တနေ့မှာ ဖုန်းကို ဘယ်နှစ်ကြိမ် ကောက်ကိုင်မိလဲဆိုတာကအစ သိနိုင်မှာဖြစ်ပါတယ်။
Facebook သုံးတာဖြစ်ဖြစ် ကိုယ့်ဘာသာအချိန်ကန့်သတ်ချင်တယ်ဆိုရင်လည်း တနေ့မှာတော့ ဘယ်လောက်ပဲ သုံးမယ်ဆိုပြီး Timer ပေးထားနိုင်ပါတယ်။ အချိန်ပြည့်သွားရင် သတိပေးမှာပါ။ သတိပေးရုံပဲ ဖြစ်ပြီး ဆက်သုံး၊ မသုံးကတော့ User ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ Screen Time ဟာ ကိုယ့်စခရင်အသုံးပြုမှုဒေတာအချက်အလက်ကိုပဲ ပြပေးတာဖြစ်ပြီး၊ ကျန်တာကတော့ user အပေါ်ပဲ မူတည်မှာပါ။
၎။ Memoji and Improved Animoji

TrueDepth Camera စနစ်ပါတဲ့ iPhone X နဲ့ အခုအသစ်ထွက်လာတဲ့ iPhone Xs ၊ iPhone Xs Max၊ iPhone Xr တို့က Animoji က iOS 12 မှာ Facial Tracking လုပ်တာ ပိုတိကျလာပြီး၊ အရင်က မသိခဲ့တဲ့ လျှာထုတ်တာတွေပါ သိလာပြီဖြစ်ပါတယ်။ Mimoji ကတော့ Animoji ကိုမှ ကိုယ်နဲ့ ပိုတူအောင်၊ Personalized ဖြစ်အောင် လုပ်နိုင်မယ့် Feature အသစ်ဖြစ်ပါတယ်။ Galaxy Note 9 ရဲ့ AR Emoji နဲ့ ဆင်တူပါတယ်။ Animoji နဲ့ Memoji တို့ကို iMessage နဲ့ FaceTime တို့မှာ အသုံးပြုနိုင်ပါတယ်။
၅။ SMS Autofill
iOS 12 မှာ SMS ကနေ OTP (One-time Password) ဝင်လာတာနဲ့ Autofill လုပ်ပေးနိုင်မယ့် Feature ပါဝင်လာတာမို့ အရင်လို OTP ကို SMS ဝင်လာတာနဲ့ အလွတ်ကျက်၊ မေ့သွားရင် SMS ပြန်ကြည့် လုပ်နေစရာ မလိုတော့ပါဘူး။ Android ရဲ့ Messages မှာလည်း OTP ဝင်လာရင် တခါတည်း Copy လုပ်နိုင်တဲ့ feature ပါဝင်ပေမယ့် iOS 12 က အဆင့်တဆင့်ပိုနည်းပြီး ပိုလည်း အဆင်ပြေမယ့်ပုံပါ။
၆။ AR စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာမှု

iOS 12 မှာ ပါဝင်လာတဲ့ ARKit 2 ကနေ ပိုမိုအဆင့်မြင့်တဲ့ AR features တွေကို အသုံးပြုနိုင်တော့မှာပါ။ Measure App ကနေ တကယ့်အပြင်က အမှတ်နှစ်ခုရဲ့ အကွာအဝေးကို ဖုန်းနဲ့တင် တိုင်းတာနိုင်ပြီး၊ အရာဝတ္ထုပစ္စည်းတွေရဲ့ အတိုင်းအတာ (Dimensions) ကိုလည်း တိုင်းတာနိုင်မှာဖြစ်ပါတယ်။
၇။ Siri Shortcuts

Siri Shortcut ကတော့ ဖုန်းကို Customize လုပ် အသုံးပြုတတ်သူတွေ ကြိုက်နှစ်သက်မှာပါ။ Siri ကို ကိုယ်ကြိုက်တဲ့ Phrase တခုကို ကြိုပေးထားပြီး၊ အဆိုပါ Phrase ကို ပြောလိုက်တာနဲ့ ဘယ် Action တွေ လုပ်ဆိုတာ အမိန့်ပေးထားနိုင်ပါတယ်။ App Store ကနေ Shortcuts App ကို Download ရယူပြီး လည်း ကိုယ်ကြိုက်တဲ့ Shortcuts ကို ရယူအသုံးပြုနိုင်သလို၊ ကိုယ့်စိတ်ကြိုက် Shortcut တွေလည်း ဖန်တီးနိုင်ပါတယ်။ ဥပမာ “I’m headed home” လို့ ပြောလိုက်တာနဲ့ အိမ်သူသက်ထားဆီ ပြန်လာနေပြီဆိုတာကို မက်ဆေ့ပို့၊ ကိုယ့် သီချင်း Playlist ကို ဖွင့်၊ အိမ်လမ်းကြောင်းကို Maps app ကနေ ညွှန်ပြ စတာတွေကို တခါတည်း အလိုလိုလုပ်ပေးသွားမှာဖြစ်ပါတယ်။

၈။ Photos App
Photos App က Apple Music နဲ့ ဆင်တဲ့ ဒီဇိုင်းပုံစံပြောင်းသွားပြီး၊ For You ဆိုတဲ့ tab တခု ပါဝင်လာပါတယ်။ For You မှာ ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Sharing Suggestions ၊ Memories စသဖြင့် categories လေးတွေနဲ့ ပြနေမှာဖြစ်ပြီး Sharing Suggestions မှာ ပုံထဲပါတဲ့ ကိုယ့် ချစ်သူ၊ မိတ်ဆွေကို ပုံ Share လုပ်မလားဆိုတဲ့ Suggestion ပြပေးမှာပါ။ Memories ကတော့ Google Photos အတိုင်း ခရီးတခုခုထွက်တုန်းက ရိုက်ထားတဲ့ပုံတွေကို သူ့ခေါင်းစဉ်အလိုက် Memories ဆိုပြီး ပြပေးထားမှာပါ။ ကိုယ့်ဘာသာ Album လုပ်စရာလိုမှာမဟုတ်ပါဘူး။ Photos App မှာ Search ကလည်း ပို အဆင့်မြင့်လာပြီး၊ ကိုယ်ရှာချင်တဲ့အကြောင်းအရာအများအပြားကို တခါတည်း ပေါင်းရှာနိုင်ပါတယ်။ ရက်စွဲ၊ နေရာ၊ ဓာတ်ပုံမှာ ပါတဲ့ မြင်ကွင်း (ဥပမာ – sunset ) လို့ ရိုက်လိုက်တာနဲ့ Photos App က သက်ဆိုင်ရာပုံကို တန်းရှာပေးမှာ ဖြစ်ပါတယ်။
၉။ Group FaceTime
FaceTime ကနေ Grou Audio နဲ့ Video call တွေကို ၃၂ ယောက်အထိ တပြိုင်တည်း ပြောနိုင်ပြီဖြစ်ပါတယ်။
၁၀။ Multiple Face ID
Face ID မှာ အရင်လို မျက်နှာတခုတည်း မဟုတ်ဘဲ၊ နောက်ထပ် မျက်နှာတခုပါ ပေးထားလို့ရပြီ ဖြစ်ပါတယ်။
၁၁။ Automatic Software Updates
Software Updates တွေကို အလိုအလျောက် Install ပြုလုပ်ခိုင်းထားနိုင်ပါတယ်။ Settings>General>Software Update ကနေ Automatic Updates ကို ဖွင့်ပြီး အသုံးပြုနိုင်ပါတယ်။
၁၂။ Autofill Passwords via Third-part Password Manager
iCloud Keychain မဟုတ်ဘဲ 1Password နဲ့ LastPass လို Third-party Password Manager တွေကို Browsers မှာတင်မက၊ App တိုင်းလိုလိုမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ပန်းသီး ပိုင်ရှင် Steve Job

အမည် - Steve Job
မွေးနေ့ - ၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်
မွေးရပ်မြေ - အမေရိကန်နိုင်ငံ
လူတွေရဲ့ ဘ၀ကို ပြောင်းလဲပစ်ခဲ့တဲ့ ပန်းသီး သုံးလုံးရှိပါတယ်။ Adam’s Apple ၊ ကမ္ဘာ့ဆွဲငင်အားကို စတင်တွေ့ရှိခဲ့တဲ့ Newton’s Apple ပြီးတော့ အခုနည်းပညာခေတ်မှာ Steve Job ‘s Apple တို့ဖြစ်ပါတယ်။ ဒီပန်းသီး သုံးလုံးထဲက နောက်ဆုံး ပန်းသီးရဲ့ ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ရဲ့ သီချင်း နားထောင်ခြင်း အလေ့အကျင့်ကို iPod ဖြင့် ပြောင်းလဲစေခဲ့သူ၊ ဂီတ လောကကို iTunes ဖြင့် လှုပ်ခါနိုင်ခဲ့သူ၊ ဖုန်းယဉ်ကျေးမှုကို iPhone ဖြင့် အစားထိုးခဲ့တဲ့ တီထွင် ဖန်တီးသူကြီး Steve Job အကြောင်း မိတ်ဆက်ပေးပါမယ်။ ၂၁ ရာစုရဲ့ အကြီးကျယ်ဆုံး တီထွင် ထုတ်လုပ်သူ တစ်ဦးလို့ ဆိုလို့ရတဲ့ Steve Jobs ကို ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က San Francisco မြို့တော်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးမိခင်က တက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး သူ့ရဲ့ မွေးဖခင်ကတော့ နိုင်ငံရေး သိပ္ပံနဲ့ သင်္ချာဌာနရဲ့ ပါမောက္ခ တစ်ဦး ဖြစ်ပြီး လက်မထပ်ဘဲနဲ့ မွေးခဲ့တဲ့ ကလေး ဖြစ်တာကြောင့် မွေးစားဖို့ သူတပါးကို ပေးလိုက်ကြပါတယ်။ ပညာတတ် ကျောင်းသူ တစ်ဦး ဖြစ်တဲ့ မိခင်က ကလေးကိုလဲ ပညာတတ် မိဘတွေကိုပဲ မွေးစားစေချင်ပေမယ့် မွေးစားမိဘ Paul နဲ့ Clara Jobs တို့က သူမရဲ့ မျှော်မှန်းချက်နဲ့ မကိုက်ညီခဲ့ပါဘူး။ Paul ဟာ အထက်တန်း ကျောင်းတောင် မပြီးခဲ့တဲ့ မက္ကင်းနစ် တစ်ဦးပါ။ နောက်ဆုံးတော့ ကလေးကို ကောလိပ်ကျောင်း ရောက်အောင် ထားပေးမယ် ဆိုတဲ့ ကတိကြောင့် သူတို့ကိုပဲ မွေးစားဖို့ ပေးလိုက်ရပါတယ်။ Paul နဲ့ Clara တို့က Jobs ကို Steven Paul လို့ခေါ်ခဲ့ကြပါတယ်။ နောက်သုံးနှစ် အကြာ Steve လမ်းလျှောက်တတ်ခါစ အရွယ်မှာ သူတို့စုံတွဲဟာ Silicon Valley ကို ပြောင်းရွှေ့သွားကြ ပါတယ်။
Steve ငယ်ငယ်က ခပ်ဆိုးဆိုး ကလေး တစ်ယောက်ပါ။ သူ Grade 4 ရောက်တော့ သူ့ကို ပြောင်းလဲပေးမယ့် ဆရာ Teddy Hill နဲ့တွေ့မှ ကျောင်းကို ပြန်စိတ်ဝင်စားလာခဲ့တာပါ။ သူတက်တဲ့ ကျောင်းက သိပ်မကောင်း တဲ့အပြင် တခြားကလေးတွေရဲ့ အနိုင်ကျင့်တာကိုလဲ ခံခဲ့ရပါတယ်။ နောက်ဆုံး သူ့ကို တခြားကျောင်း ပြောင်းမပေးရင် ကျောင်းထွက်မယ်လို့ မွေးစားမိဘတွေကို ပြောခဲ့ပါတယ်။ Paul နဲ့ Clara တို့က သဘောတူပြီး တခြား Junior High School တစ်ခုကို ပြောင်းပေးခဲ့ရပါတယ်။ Steve ဟာ ငယ်ငယ်ကတည်းက အဲ့ဒီလို ဆုံးဖြတ်ချက် ပြတ်သားခဲ့တာပါ။ အထက်တန်းကျောင်း ရောက်တဲ့အခါမှာတော့ သူဟာ electronic အတန်းကို တက်ဖို့ လျှောက်ခဲ့ပြီး သူ့ဆရာ Mr.Mc Collum နဲ့တွေ့ဆုံခဲ့ပါတယ်။ နွေရာသီမှာ HP Company ရဲ့စက်ရုံမှာ အလုပ်ဝင် လုပ်ခဲ့ပြီး သူ့ရဲ့ စီးပွားရေးမှာ စွန့်စားလိုစိတ်ဟာ အဲဒီအရွယ်ကတည်းက စတင်ခဲ့တာပါ။ အဲဒီနောက်မှာ Steve ဟာသူငယ်ချင်း တစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ ကွန်ပျူတာဂျပိုး Stephen Wozniak (ခေါ်) Woz နဲ့ တွေ့ဆုံ ခင်မင်ခဲ့ပြီး Woz ဟာအဲဒီ အချိန်တုန်းက computer board တစ်ခုကို တပ်ဆင်နေတာ ဖြစ်ပါတယ်။ Steve ကလဲ အဲဒါကို တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ဟာ အသက် ၁၄နှစ်နဲ့ ၁၉နှစ်ပဲ ရှိကြပါသေးတယ်။ ဒီဆယ်ကျော်သက်လေးတွေက Computer hacker တွေ ပြုလုပ်ထားတဲ့ နယ်ဝေး ဖုန်းခေါ်ဆိုမှုကို အခမဲ့ ရအောင် ပြောင်းပေးတဲ့ blue boxes လေးတွေ အကြောင်း ကြားမိတဲ့အခါ စာအုပ်ထဲကနေ ဖတ်ပြီး သူတို့လက်တွေ့ တပ်ဆင်ကြည့်ကြပါတယ်။ အောင်မြင်သွားပြီး Steve ကစီးပွားဖြစ် Steve Jobsတစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရောင်းချဖို့ အကြံရပါတယ်။ တရား ဥပဒေနဲ့ မညီညွတ်တာကြောင့် ရဲဖမ်းတော့မှ သူတို့ လုပ်ငန်းကို ရပ်နားလိုက်ပါတယ်။ Steve အထက်တန်းကျောင်း ပြီးသွားတဲ့အခါ သူဟာ Oregon ပြည်နယ်က Reed ကောလိပ်ကို သွားခဲ့ပါတယ်။ သူ့မွေးစား မိဘတွေဟာ ငွေကြေး သိပ်မတတ်နိုင်ပေမယ့် သူ့ရဲ့ မွေးမိခင်ကို ပေးခဲ့တဲ့ ကတိအတိုင်း ဈေးကြီးတဲ့ ကျောင်းကို ထားပေးခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်လောက်မှာ Steve ဟာငွေလိုလာတာကြောင့် Video Game Company တစ်ခုဖြစ်တဲ့ Atari မှာအလုပ်ဝင်ခဲ့ပြီး Pinball စက်ကို တီထွင်ခဲ့တဲ့ Atari တည်ထောင်သူ Nolan Bushnell ကိုအားကျခဲ့တာပါ။ သူဟာ အဲဒီကတည်းက ကိုယ်ပိုင် electronic စီးပွားရေး လုပ်ငန်းကို လုပ်ချင်တဲ့ စိတ်ကူး ရှိခဲ့တာပါ။ Steve ဟာ Germany အထိသွားပြီး Atari ရဲ့စက်တွေကို ပြင်ဆင်ပေးခဲ့ရသလို အိန္ဒိယကိုလဲ ပညာရှာဖို့ သွားခဲ့ပါသေးတယ်။ အဲဒီအချိန်တွေမှာ Woz က အင်ဂျင်နီယာတွေ စုစည်းရာ HP company မှာအလုပ်လုပ်နေခဲ့ပြီး keyboard ရယ်၊ screen ရယ်နဲ့ တွဲဖက် သုံးနိုင်တဲ့ chips အနည်းငယ်သာ ပါဝင်တဲ့ ကိုယ်ပိုင် computer board တစ်ခုကို တီထွင် နိုင်ခဲ့ပါတယ်။
Steve ကအင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီး သိပ်မသိပေမယ့် Woz နဲ့တိုင်ပင်ပြီး software ရေးဖို့အတွက် computer သုံးချင်ကြတဲ့ သူတွေအတွက် computer တွေ တပ်ဆင် ရောင်းချခဲ့ပါတယ်။ အဲဒီတုန်းက Steve က ဘာပြောခဲ့သလဲ ဆိုတော့ “တို့ပိုက်ဆံတွေ အရှုံးပေါ်ခဲ့ရင်တောင် ကိုယ်ပိုင် company ဆိုတာ ရှိသွားပြီ။ ဘ၀မှာ ပထမဆုံး ကိုယ်ပိုင် company ဖြစ်ပြီပေါ့” တဲ့။ သူတို့ ကုမ္ပဏီ အတွက် လိုအပ်တဲ့ငွေ ဒေါ်လာ တစ်ထောင်ကို Steve ရဲ့ Volkswagen ကားနဲ့ Woz ရဲ့ HP 65 calculator ရောင်းပြီး ရှာဖွေခဲ့ရပါတယ်။ ကုမ္ပဏီ နာမည်ကို အမျိုးမျိုး စဉ်းစားပြီး နောက်ဆုံးမှာ Apple လို့ပေးခဲ့ပါတယ်။ ပထမဆုံး မှာယူသူက Byte Shop Computer စတိုးဆိုင် ပိုင်ရှင်ပါ။ သူက ကွန်ပျူတာ အလုံးငါးရာ မှာပြီး တစ်လုံးကို ဒေါ်လာငါးရာ ပေးတာကြောင့် သူတို့ဟာ ဒေါ်လာ နှစ်သောင်းခွဲကို စတင် ရရှိပါတယ်။ ကွန်ပြူတာ တစ်လုံးအတွက် အမှန်တကယ် ကုန်ကျငွေက ဒေါ်လာ ၂၂၀ ဖြစ်ပြီး ဆိုင်ရောင်းဈေးက ဒေါ်လာ ၆၆၀ပါ။ သူတို့ နှစ်ယောက်က တစ်ဆိုင်ပြီး တစ်ဆိုင် သွားပြီး လိုက်ရောင်းချခဲ့ရပါတယ်။ ဒါက Apple ကွန်ပျူတာရဲ့ အစပါ။ နောက်တော့ Ron Wayne လို့ခေါ်တဲ့ သူတစ်ယောက်ပါ ပါဝင်လာပြီး သုံးယောက် ပေါင်းပြီး ၁၉၇၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ Apple company ကိုစတင် တည်ထောင်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာပဲ Woz ကသုံးရတာ ပိုမြန်ပြီး ရုပ်ထွက် resolution ကောင်းကောင်း ပါတဲ့ colour TV တွေနဲ့ တွဲသုံးလို့ ရတဲ့ Apple II ကို ဒီဇိုင်းထွင်နေခဲ့ပြီး ထုတ်ဖို့ အဆင်သင့်ဖြစ်တဲ့ အချိန်မှာ Steve ကရင်းနှီး မြှပ်နှံမယ့် ငွေရှင်တွေကို လိုက်လံ ရှာဖွေပါတယ်။ Mike Markkula ဆိုတဲ့ Steve Jobs ရှယ်ယာရှင်နဲ့ တွေ့ပြီး သူက ဒေါ်လာနှစ်သိန်းခွဲ အရင်းထည့်ပါတယ်။ Mike က apple ကို ကြေငြာချင်တာကြောင့် ကြော်ငြာသမားတွေနဲ့ ဆက်သွယ်ပါတယ်။ Steve ကတော့ logo ကိုချစ်စဖွယ် ပုံစံမျိုး မဖြစ်စေချင်တာကြောင့် design ဆရာက ပန်းသီးကို ခရမ်းချဉ်သီးနဲ့ မတူအောင် ကိုက်ရာလေး ထည့်ပေးလိုက်ပါတယ်။ ပြီးတော့ Apple ရဲ့ color graphics capability ကိုသက်သေပြဖို့ အရောင်စုံ အစင်းတွေ ထည့်လိုက်ပါတယ်။ သူတို့ရဲ့ Apple II ကို West Coast ကွန်ပျူတာ ပြပွဲမှာ ၀င်ရောက် ပြသခဲ့ပြီး သူတို့ကို လူကြိုက်များ သွားစေတာက VisiCalc လို့ခေါ်တဲ့ spreadsheet software ကြောင့်ပါ။ အဲဒီခေတ်က Personal Computer ဆိုတာ မရှိတော့ စာရင်းအင်းနဲ့ အလုပ်လုပ်ရတဲ့ သူတွေက အလုအယက် ၀ယ်ယူကြပါတယ်။ Steve လည်း ချမ်းသာသွားပါတယ်။ ကုမ္ပဏီကလည်း ပိုကြီးလာပြီး ရှယ်ယာရှင်တွေလည်း တိုးလာပါတယ်။ သူတို့ထဲက ကွန်ပျူတာ သိပ္ပံပညာရှင် Raskin ကစပြီး ပေါင်မုန့် မီးကင်စက် (toaster) တစ်လုံးလို အသုံးပြုရလွယ်တဲ့ ကွန်ပျူတာ ဖြစ်အောင် ဖန်တီးဖို့ စိတ်ကူး ရပြီး အဲဒီ project ကို Apple Macintosh လို့နာမည် ပေးလိုက်ပါတယ်။
Steve ကတော့ ဒီပရောဂျက်ထဲမှာ မပါဝင်ပါဘူး။ သူ့မှာ Lisa ဆိုတဲ့ ပရောဂျက် သက်သက် ရှိပါတယ်။ ဒီ Lisa ဆိုတဲ့ နာမည်က Steve ရဲ့အထက်တန်း ကျောင်းတုန်းက ရည်းစားရဲ့ သမီး ကလေး နာမည်ပါ။ အဲဒီကလေးက Steve ရဲ့ကလေးမှန်း တော်တော် များများက လက်ခံခဲ့ကြပေမယ့် Steve ကတော့ တူးတူးခါးခါးကြီးကို ငြင်းခဲ့ပြီး ချမ်းသာနေပေမယ့်လည်း ကလေး စရိတ် ပေးဖို့ကို ငြင်းဆိုခဲ့ပါတယ်။ ဒါတွေ ဖြစ်ခဲ့တာတောင်မှ အဲဒီပရောဂျက်ကို Lisa လို့ပေးခဲ့ပြီး မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ လက်စားချေတဲ့ အနေနဲ့ Steve က Macintosh ပရောဂျက်ကို အားထည့်ပြီး လုပ်ဆောင်ပါတယ်။ ပိုပြီး သေးငယ် ဈေးသက်သာပြီး icons တွေ၊ drop-down တွေနဲ့ mouse တွေ ပါဝင်လာပြီး သုံးနှစ်ကျော် အချိန်ယူခဲ့ရတာပါ။ ၁၉၈၄ ခုနှစ်မှာ Macintosh ကိုကုမ္ပဏီရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ မိတ်ဆက်ခဲ့ပြီး ပစ္စည်း စဖြန့်တဲ့အခါ အရမ်းပဲ အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ်အကြာမှာ ထိုးဆင်းလာတဲ့ အရောင်းစံချိန်နဲ့ အတူ အကွဲအပြဲ ဇာတ်လမ်းက စလာပါတယ်။
Steve ကအရောင်းကျတယ် ဆိုတာကို လက်မခံခဲ့ပါဘူး။ Steve နဲ့အရမ်း ရင်းနှီးခဲ့တဲ့၊ Macintosh ပရောဂျက် အတွက် အားဖြည့်ဖို့ ခေါ်ယူခဲ့တဲ့ CEO John Sculley တို့နှစ်ယောက်ကြားမှာ မခေါ်မပြောတဲ့အထိ ဖြစ်သွား ခဲ့တာပါ။ Steve Jobs ဒါရိုက်တာ အဖွဲ့ဝင်တွေက John Sculley ဘက်က ရပ်တည်ခဲ့ပြီး Steve ကို chairman နေရာမှာ ဆက်ထားခဲ့ပေမယ့် ဘာမှ လုပ်ကိုင်ခွင့်မပေးတော့တာဟာ သူ့ကို ချောင်ထိုးလိုက်တဲ့ သဘောမျိုးပါ။ Apple ကို သူ့ဘ၀လို့ ခံယူထားတဲ့ Steve က နောက် ၄ လအကြာမှာ အရင်က Apple ၀န်ထမ်းဟောင်းတွေနဲ့ ကုမ္ပဏီ တစ်ခု ထာင်လိုက်ပါတယ်။ သူ့ရဲ့ အကြံအစည်တွေကို Apple ဘက်က သိသွားတဲ့အခါမှာ သူ့ကို အရေးပါတဲ့ အချက်အလက်တွေ ပေါက်ကြားစေတယ်လို့ တရားစွဲပါတော့တယ်။ ဒီကြား ကာလတွေမှာ Steve ရဲ့မိသားစု ဘ၀မှာလဲ အရေးပါတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သူဟာ သူ့ကို မွေးခဲ့တဲ့ မိခင်၊ ဖခင် အရင်းတွေကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီအချိန်က သူ့အမေရင်း Joanne Carole Schieble ဟာ အသက် ထင်ရှား ရှိနေဆဲပါ။ သူမဟာ Steve ကိုမွေးပြီး နောက်မှာ သူ့ရဲ့အဖေနဲ့ ခဏတာ လက်ထပ်ပြီး သူ့အစ်မ Mona Simpson ကိုလဲ မွေးခဲ့ပါသေးတယ်။ Mona ဟာငယ်ရွယ်ပေမယ့် စာပေ ဆုပေါင်းများစွာ ရခဲ့တဲ့ Anywhere But Here ဆိုတဲ့ စာအုပ်ကို ရေးသားသူ ဖြစ်ပါတယ်။ သူ့အစ်မရင်းဟာ အနုပညာရှင် စာရေးဆရာ တစ်ယောက် ဖြစ်နေတာကြောင့် Steve က အံ့အားသင့်သွားပါတယ်။ Steve က ၁၉၈၅ ခုနှစ်မှာ ရှယ်ယာတွေ အားလုံး ရောင်းချပြီး Apple ကထွက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာ အကြံရှိပြီးသား ဖြစ်ပြီး NeXT နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ NeXT ကိုအကောင်းဆုံး ဖြစ်စေချင်တဲ့ ရည်မှန်းချက် မြင့်မြင့် ထားခဲ့တာပါ။ အမှန်တကယ်လည်း NeXT Cube က တကယ် ကောင်းပေမယ့်လည်း ဈေးကြီးလွန်းနေပါတယ်။ ၀ယ်သူဘက်က ဒေါ်လာ ၃၀၀၀ လောက်ပဲ သုံးချင်ပေမယ့် ဒေါ်လာ တစ်သောင်း လောက်ထိ ကျသင့်နေတာကြောင့် မရောင်းရပါဘူး။ ကုမ္ပဏီကလည်း ယိုင်လာပြီး နောက်ဆုံး hardware ကနေ software ဘက်ကို ကူးပြောင်းလိုက်ပါတော့တယ်။ Steve က နောက်တစ်ကြိမ် အရှုံးနဲ့ ထပ်ရင်ဆိုင်လိုက်ရတော့ အလုပ်တွေဘက် စိတ်လျှော့လိုက်ပြီး မိသားစုဘက် အချိန်ပေးပါတော့တယ်။ သူ့ဇနီး Laurene နဲ့ ၁၉၉၁ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး Reed ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ နောက်တော့ Pixer နဲ့ဇာတ်လမ်း စပါတယ်။ အဲဒီအချိန်မှာ George Lucas က လင်မယား ကွာရှင်း စရိတ်ကြောင့် ငွေလိုနေတာကြောင့် သူ့ Lucasfilm ရဲ့ computer graphics ဋ္ဌာနကို ရောင်းချပါတယ်။ Apple က ရှယ်ယာတွေကို ရောင်းချလိုက်တဲ့အခါ Steve လက်ထဲမှာ ငွေအများကြီး ရှိနေပြီးတော့ အဲဒီအရောင်းအ၀ယ်ကို သူက စိတ်ဝင်စားပါတယ်။ ၁၉၈၆ ခုနှစ်မှာ အဲဒီဋ္ဌာနကို ၀ယ်လိုက်ပြီး Pixar ဆိုတဲ့ နာမည်နဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်။
Pixar မှာလည်း hardware ပိုင်းက အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ software ကုမ္ပဏီ အဖြစ် ပြောင်းလဲခဲ့ပြီး 3D TV ကြော်ငြာတွေ လုပ်ပြီး ငွေရှာခဲ့ပါတယ်။ အလှည့်အပြောင်းက Disney နဲ့ computer-animated ဇာတ်ကားတွေ ထုတ်ဖို့ သဘောတူခဲ့ရာက စပါတယ်။ Disney ရဲ့ marketing ပိုင်း ပံ့ပိုးမှုနဲ့ အတူ Toy Story ကာတွန်းကားက အောင်မြင်ခဲ့ပါတယ်။ Pixar ကို ၉ နှစ်လုံးလုံး အိတ်စိုက်ခဲ့ရတဲ့ Steve ကခုမှ အကျိုး ပြန်ခံစားရတာပါ။ Toy Story ရဲ့အောင်မြင်မှုနဲ့ အတူ Pixar ရဲ့ရှယ်ယာ တန်ဖိုးတွေက Wall Street မှာတက်လာပါတယ်။ Pixar ရဲ့ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ Steve ကဒေါ်လာ ၁.၅ ဘီလီယံထိ ချမ်းသာ သွားပါတော့တယ်။ အဲဒီပမာဏက ၁၉၈၀ ခုနှစ်တုန်းက Apple မှာ သူရှာဖွေခဲ့တဲ့ ပမာဏထက် ငါးဆလောက် ပိုများပါတယ်။ Steve ဘက်က အခြေအနေ ကောင်းနေပေမယ့် Apple ကတော့ ပြောင်းပြန်ပါ။ ၁၉၉၅ ခုနှစ်မှာ Microsoft ရဲ့ Windows 95 ထွက်လာခဲ့ပြီး Macintosh ကို အထိနာစေခဲ့ပါတယ်။ CEO အသစ် Gil Amelio ရောက်လာခဲ့ပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေ ဖြတ်တောက်ပစ်ပြီး OS အသစ်ကို ရေးမယ့် အစား ရှိပြီးသား တစ်ခုကို ၀ယ်ယူမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နောက်တော့ NeXT ရဲ့ OS ဖြစ်တဲ့ NeXTSTEP ကိုဒေါ်လာ $400 million နဲ့ဝယ်ယူလိုက်ပြီး Steve လည်း Apple ကိုပြန်ရောက် သွားပါတော့တယ်။ Steve ပြန်ရောက်ပြီး ပထမ ၄ ပတ်မှာ Apple က $700 million အရှုံးပေါ်ခဲ့ပြီးနောက် CEO Gil Amelio လည်းပြုတ်သွားပါတယ်။ ဒီကာလတွေက Steve အတွက်တော့ အင်မတန် ခက်ခဲတဲ့ အချိန်တွေပါ။ Board အဖွဲ့က ဒါရိုက်တာတွေကို ပြန်လည် ဖွဲ့စည်း၊ အရေးကြီးတဲ့ Steve Jobs ဆုံးဖြတ်ချက်တွေ ချခဲ့ပြီး Steve ကိုယ်တိုင်လည်း CEO ရာထူးကို ပြန်ရခဲ့ပါတယ်။ Mac OS X နဲ့ The Digital Hub strategy ကြောင့် Apple က ပြန် ဦးမော့လာသလို retail stores တွေကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း မှန်ကန်ခဲ့ပြီး Apple က လမ်းကြောင်းမှန်ပေါ် ပြန်တက်လာပါပြီ။ အဲဒါက ၂၀၀၀ ခုနှစ်ပိုင်း လောက်မှာပါ။ ဒါ့အပြင် လူငယ်ပိုင်းက ရုပ်ရှင်တွေဘက်ကနေ MP3 သီချင်းတွေဘက်ကို အားသန် လာတာကို သတိထားမိတဲ့ Steve က သူ့ကုမ္ပဏီ ဦးတည်ချက်ကို ရုပ်ရှင်တွေ ဘက်ကနေ တေးဂီတ ဘက်ကို ပြောင်းလဲလိုက်ပြီး iTunes ပေါ်ပေါက်လာပါတယ်။ ခက်တာက သူနဲ့တွဲသုံးမယ့် player တွေက အဆင်မပြေ တာပါ။ ၂၀၀၁ ခုနှစ် မတ်လမှာ Apple တံဆိပ်နဲ့ MP3 player ကိုထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီး အောက်တိုဘာမှာတော့ ချစ်စရာ အဖြူရောင် player ကိုမိတ်ဆက်ခဲ့ပြီး ’1,000 songs in your pocket’ လို့ကြွေးကြော်ခဲ့ပါတယ်။ ဒီပစ္စည်း သေးသေးလေးက ကုမ္ပဏီရဲ့ အနာဂတ်ကို ပြောင်းလဲပစ်နိုင်မယ်လို့ အဲအချိန်က Steve အပါအ၀င် ဘယ်သူမှ မထင်မှတ်ထားခဲ့ပါဘူး။
ရေကန် အသင့်၊ ကြာအသင့် လို့ဆိုရမှာပါ။ အဲ့အချိန်မှာ လူတွေက သီချင်း နားထောင်ဖို့ player ကောင်းကောင်း တောင့်တနေချိန်မှာ iPod ထွက်လာခဲ့ပြီး ဈေးကြီးပေမယ့်လည်း လူတွေက အလုအယက် အားပေးကြပါတယ်။ Apple ကလည်း သီချင်းတွေ ဘက်က အကျိုးအမြတ် ရနိုင်မှန်း သိသွားတဲ့အခါမှာ တရားနည်းလမ်း ကျကျ သီချင်းတွေ ဒေါင်းလုတ် လုပ်ဖို့ Label တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး iTunes Music Store ကိုဧပြီ ၂၀၀၃ မှာ စခဲ့ပါတယ်။ နောက်တော့ iPod mini, iPod shuffle, iPod nano, iPod video တွေဆက်ထုတ်ပြီး ‘iPod nation’ ကိုတည်ထောင်ခဲ့ပါတယ်။ Apple ဘက်က ထိုးတက်ခဲ့သလို Pixer ဘက်ကလည်း Disney နဲ့ပေါင်းပြီး A Bug’s Life (1998), Toy Story 2 (1999), Monsters Inc. (2001) နဲ့ Finding Nemo (2003) စတဲ့ ရုပ်ရှင်တွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရလာပါတယ်။ ဒါတွေနဲ့ မရပ်တန့်သွားပါဘူး။ Steve ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ သူ Apple ကိုပြန်လာရတဲ့ အကြောင်းအရင်းက Apple နဲ့ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာ ဖြစ်အောင် တည်ဆောက်မယ်။ Apple မရှိလို့ မဖြစ်တဲ့ ကမ္ဘာတစ်ခုလို့ ဆိုသလိုပဲ သူနောက်ထပ် ရွေ့လိုက်တဲ့ အကွက်က Touch Screen နည်းပညာ ဘက်ပါ။
၂၀၀၇ မှာတော့ iPod, ဖုန်းနဲ့ အင်တာနက်ကို ပစ္စည်း တစ်ခုတည်းနဲ့ သုံးလို့ရမယ့် iPhone ထွက်လာပြီး Steve ရဲ့ career မှာအကောင်းဆုံးနဲ့ အမှတ်တရ အရှိဆုံး ပစ္စည်း တစ်ခု သာမက လူတွေရဲ့ ဖုန်းယဉ်ကျေးမှု၊ ဖုန်းဈေးကွက်ကိုပါ ပြောင်းလဲပစ်ခဲ့ပါတယ်။ iPod တုန်းကလိုပဲ Steve က ဖုန်းဝန်ဆောင်မှု carrier ဖြစ်တဲ့ AT&T ညှိပြီး လုပ်ဆောင်ပါတယ်။ iPhone က ဈေးမြင့်ပေမယ့်လည်း အောင်မြင်ပြီးသားပါ။ ဒီအောင်မြင်မှုမှာ iPhone App Store ရဲ့အကျိုး သက်ရောက်မှုတွေ ပါဝင်သလို developer တွေကလည်း iPhone apps တွေ ရေးလာတာတွေကြောင့်လည်း တခြား ကုမ္ပဏီတွေ လိုက်မမှီအောင် ရှေ့က ပြေးနိုင်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်မှာတော့ စတော့ တစ်ခုရဲ့ တန်ဖိုးဟာ $199.99 အထိ ရှိခဲ့ပြီး $1.58 billion အထိ အကျိုးအမြတ် ရရှိခဲ့ပြီး အကြွေးကင်းရှင်းတယ် လို့ကုမ္ပဏီက ခပ်ကြွားကြွားလေး ပြောဆိုနိုင်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ဝင်ငွေ တစ်ဝက် လောက်က iTunes နဲ့ iPod ကလာတာ ဖြစ်ပြီး iPod အလုံးပေါင်း သန်း ၂၀၀ နဲ့ သီချင်းပေါင်း ၆ ကုဋေလောက် download ပြုလုပ်ရာမှ ရရှိတာ ဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့် Fortune မဂ္ဂဇင်းက ပေးတဲ့ နံပါတ် ၁ နေရာ ရခဲ့ပါတယ်။
Apple ဘက်က အောင်မြင်မှု ထိပ်တန်း ရောက်ချိန်မှာ ကျဆင်းလာတာက Steve ရဲ့ကျန်းမာရေး အခြေအနေပါ။ ၂၀၀၃ အောက်တိုဘာမှာ Steve ရဲ့ပန်ကရိယမှာ အကျိတ် တည်နေတာကို တွေ့ရှိခဲ့ပါတယ်။ ခွဲစိတ် ကုသလို့ ရနိုင်ပေမယ့်လည်း Steve Jobs က ၉ လ ကြာအောင် ကုဖို့ ငြင်းနေခဲ့ပြီှး ၂၀၀၄ သြဂုတ်လမှ Stanford Medical Center မှာ ခွဲစိတ်မှု ခံယူခဲ့တာပါ။ နောက် ၅ နှစ်လုံးလုံး ကျန်းမာနေပုံ ပေါက်ပြီး ကင်ဆာကို ကုသ ပျောက်ကင်းသွားခဲ့ပြီလို့ ထင်မှတ်ခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပိန်ချုံးနေတဲ့ Steve ကိုမြင်တော့ အားလုံးက အံ့အားသင့်သွားကြပါတယ်။ Apple ကခြောက်လလောက် ခွင့်ယူခဲ့ပြီး အသည်း အစားထိုး ကုသခဲ့ပါတယ်။ ၂၀၀၉ နွေမှာ မပြီးပြတ်သေးတဲ့ iPad ပရောဂျက်ကို အချောသတ်ဖို့ Apple ကို စိတ်အားထက်သန်စွာနဲ့ ပြန်လာခဲ့ပါတယ်။ ၂၀၁၀ မှာတော့ သူ့ရဲ့ နောက်ထပ် ဂုဏ်ယူရမယ့် iPad ထွက်ရှိလာပါတယ်။ ဒီကြားထဲမှာ သူ့ကျန်းမာရေး အခြေအနေက တက်လိုက်၊ ကျလိုက် အခြေအနေပါ။ ဒါပေမယ့် Apple ရဲ့တကယ့် အရေးကြီး ပွဲနှစ်ပွဲ ဖြစ်တဲ့ iPad 2 နဲ့ iCloud မိတ်ဆက်ပွဲတွေကို ပြုလုပ်ခဲ့ပါသေးတယ်။
Steve ကသူ့ကျန်းမာရေး အခြေအနေကို သူသိပြီး Apple ကို သူမရှိလည်း ပုံမပျက် ဆက်သွားနိုင်အောင် ကြိုတင် စီမံခဲ့ပါတယ်။ ‘Apple University’ တည်ထောင်ခဲ့သလို သူရဲ့ နောက်ဆက်ခံသူ Tim Cook ကိုလည်း Board အဖွဲ့တွေနဲ့ သဘော တူညီမှုယူ ရွေးချယ်ခဲ့ပါတယ်။ Steve ကို လူမြင်ကွင်းမှာ နောက်ဆုံး တွေ့ခဲ့ရတာက ၂၀၁၁ ဇွန်မှာပါ။ ကျဆင်းလာတဲ့ ကျန်းမာရေး အခြေအနေကြောင့် သြဂုတ် ၂၄ မှာ Apple CEO အဖြစ်က အနားယူခဲ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး စီမံခဲ့သလို သူ့ကိုယ်ပိုင် ဘ၀ အတွက်လည်း အစီအစဉ်တွေ ထားရှိခဲ့ပါတယ်။ ဂျာနယ်လစ် Walter Isaacson နဲ့သူ့ရဲ့ ပထမဆုံး ကိုယ်ရေးစာအုပ် အတွက် အင်တာဗျူး ခံခဲ့ပါတယ်။ မိသားစုနဲ့ ခရီးထွက်ဖို့ သဘောင်္ တစ်စီးကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ပေမယ့်လည်း သေခြင်းတရားက လက်ဦးသွားပါတယ်။ အောက်တိုဘာလ ၄ ရက်မှာ Apple ရဲ့ iPhone 4S မိတ်ဆက်ပွဲကို ကုတင်ပေါ်က ကြည့်ခဲ့ပြီး နောက်တစ်ရက် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာတော့ Steve Job ကမိသားစုဝင်တွေ ၀န်းရံလျက် Palo Alto ကနေအိမ်မှာ အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုစာ ကင်ဆာရောဂါကို ရင်ဆိုင်ခဲ့ရပြီး ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်သာ ရှိပါသေးတယ်။
Apple က Steve Jobs ကွယ်လွန်ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး သူ့ website မှာ Steve ဓာတ်ပုံနဲ့ “Steve Jobs 1955-2011″ လို့ရေးသားခဲ့ပါတယ်။ CEO Tim Cook က Apple အနေနဲ့ အရာရာကို ကြိုတင် တွေးမြင် နိုင်တဲ့ ပါရမီရှင် ခေါင်းဆောင် တစ်ဦး ဆုံးရှုံးခဲ့ရသလို ကမ္ဘာကြီး အနေနဲ့ အံ့သြဖို့ အကောင်းဆုံး လူသား တစ်ဦး ဆုံးရှုံးခဲ့ရပါတယ်။ သူမရှိတော့ပေမယ့် သူရဲ့ ၀ိညာဉ်က Apple နဲ့အတူ ရှိနေဦးမှာပါလို့ ရည်ညွှန်းခဲ့ပါတယ်။ Fortune Magazine ကသူ့ကို CEO of the decade အဖြစ် သတ်မှတ်ပေးခဲ့သလို သူ့မွေးရပ်မြေ California က California Hall of Fame မှာသူ့ကို ထည့်သွင်းထားခဲ့တာတွေ အပါအ၀င် ဂုဏ်ပြုခံ ဆုတွေ အများကြီး ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါတင်မက တေးဂီတပိုင်းနဲ့ ပတ်သက်ပြီး သူလုပ်ခဲ့တဲ့ အပြောင်းအလဲတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်မှာ Grammy Trustees Award ကိုချီးမြှင့်ခံခဲ့ရပါတယ်။ Disney ရဲ့ John Carter ဇာတ်ကားနဲ့ Pixer ရဲ့ Brave ဇာတ်ကားတွေက သူ့ကို ရည်ညွှန်းတဲ့ ရုပ်ရှင်တွေဖြစ်ပြီး Walter Isaacson ရေးသားခဲ့တဲ့ သူ့ရဲ့ ဘ၀အကြောင်း စာအုပ် Steve Jobs က ၂၀၁၁ မှာ ထွက်ရှိခဲ့ပါတယ်။
- စတိဗ်ဂျော့နှင့် ပက်သက်၍ လူသိနည်းသော အချက် ၁၀ ချက်
Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့ လူသိနည်းတဲ့ အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။
၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံ ကြွယ်ဝပါတယ်။ အဓိက ဝင်ငွေကို Disney မှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။
၃။ စတိဗ်ဂျော့ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့ Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး Disney မှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။
၎။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။
၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှ ရေးပြီး ယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။
၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာ အစည်းအဝေးတတ်တုန်းက စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောကထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။
၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။
၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရ၀ါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီး ဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။
၉။ ဂျော့ဟာ Dyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်း တို့ ဖြစ်ပြီး ဂျော့ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင် ဆန်းသစ်မှုမှာ အားသာချက် ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရှဲု့ဖခင်ဟာ အဆီးရီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာ ကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေရိကန် လူဖြူ ဖြစ်ပါတယ်။
မူရင်းပို့စ် >>>> Knowledge Box
Credit

မိမိတို့ သုံးနေတယ့် iDevice ကို Apple ID & iCloud Lock မကျအောင် ဘယ်လိုကာကွယ်မလဲ

Apple ID & iCloud Lock ကျတယ် / မကျဘူးဆိုတာကတော့ User နဲ့ပဲဆိုင်တာပါ။
ဘာကြောင့် Apple ID & iCloud ကျသလဲ ???
(၁) iCloud Pass မသိပဲ iTune ဖြင့် Restore & Update လုပ်မိချင်း 
(၂) ID ရဲ့ Password ကို ခဏခဏ မှားဝင်ခြင်း
(၃) မိမိ ID ကို အခြားသူများအား ပေးသုံးမိခြင်း
(၄) အခြားသူပေးသော ID & iCloud ကိုသုံးမိခြင်း
Apple ID & iCloud Lock မကျအောင် ဘာတွေ လုပ်ထားဖို့လိုမလဲ ???
မိမိရဲ့ ID ကို ကိုတိုင်လုပ်ထားသည်ဖြစ်စေ / ဆိုင်မှ ဝယ်သည်ဖြစ်စေ ID ရဲ့ info ကို အစုံတောင်းပါ / မှတ်ထားပါ။
ID ကိုဆိုင်မှဝယ်ထားတယ်ဆိုရင် info တွေ ပြန်ချိန်းပေးပါ။ info ရှိရင် Lock ကျတောင် စိတ်ပူစရာမလိုပါဘူး။
အရေးကြီးအချက်က တခြားသူပေးတယ့် ID & iCloud ကို လုံးဝမသုံးပါနဲ့ ဝင်ကြည့်ခိုင်းလဲ မဝင်ပါနဲ့ နောက်ပိုင်း ပြဿနာက တော်တော် ကြီးပါတယ်။
ID ရဲ့ info ဆိုတာဘာလဲ ???
ID  ရဲ့ info ဆိုတာကတော့  ID စစလုပ်ချင်းက ထည့်ပေးရတယ့် Birthday Date / Question & Answer / Recover Mail တို့ကို ဆိုလိုပါတယ်။ ခုနောက်ပိုင်း Security မြင့်လိုက်တယ့်အတွက် Two Factor ရဲ့ Phone No & Sim Card တွေပါ လိုပါတယ်။
အဲ့ဒီ info တွေ သိရင်တော့ ဘယ်လောက် Lock ကျကျ ပြန်ဖြည်လို့ရပါမယ်။ မမှတ်မိတော့ဘူး ဆိုရင်တော့ ငွေသိန်းကျော်ကုန်မှ ဖြည်လို့ရပါမယ် / ဖြည်ချင်မှလဲ ဖြည်ပါတယ်။ ခုနောက်ပိုင်း Apple ID ရဲ့ Security က အရမ်းတင်းကြပ်လာပါပီ။ မိမိရဲ့ တန်ဖိုးကြီးဖုန်းကို အဆုံးရှုံး မခံချင်ရင်တော့ အပေါ်ကပြောခဲ့တယ့် အချက်တွေကို သေချာ မှတ်သားဖို့လိုပါမယ်။

Guided Tour of the iPhone XS , XS Max & XR

Guided Tour of the iPhone XS , XS Max & XR ( Video )
Apple ဟာ iPhone XS , XS Max နဲ့ XR တို့အတွက် Guided Tour ဗွီဒီယို တစ်ခုကို တင်ပေးလိုက်ပါတယ် ။

iPhone XS, XS Max, XR Wallpapers