Saturday, August 13, 2022

Hard Reset /Force Restart

 သင့် iPhone မှာ ပြသာနာ တစ်ခုခု ကြုံတွေ့ပြီဆိုရင် Hard Reset / Force Restart လုပ်လိုက်ရုံနဲ့ ဖြေရှင်းနိုင်တယ်နော်

iPhone ကို အသုံးပြုနေရင်းနဲ့ ဆက်ပြီး သုံးမရတော့ပဲ ရပ်တန့်သွားတဲ့ အချိန်တွေမျိုးနဲ့ Error တစ်ခုခု တက်လို့ ဘာလုပ်ရမှန်း မသိရင်တော့ Hard Reset/ Force Restart လုပ်ပြီး ဖြေရှင်းလိုက်ပါ။
Hard Reset /Force Restart လုပ်လို့ Data တွေပျက်သွားမှာလား ? Data တွေလုံးဝမပျက်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ Hard Reset /Force Restart လုပ်တယ်ဆိုတာ ဖုန်းတစ်လုံးကို အရင်က ထက်ပိုပြီး Performance ကောင်းအောင် ပြုလုပ်လိုက်ခြင်းဖြစ်လို့ Data တွေ ထိခိုက်မှာ မဟုတ်ပါဘူး။
ဖုန်းပူနေတာမျိုးနဲ့ Bugs တွေ၊ Error တွေကို တစ်စုံတစ်ခုဖြစ်ပေါ်လာခဲ့မယ်ဆိုရင် Hard Reset /Force Restart လုပ်လိုက်ခြင်းကြောင့် ပြန်ကောင်းသွားတာမျိုးတွေဖြစ်တက်ပါတယ်။
Hard Reset /Force Restart လုပ်တာကတော့ iPhone Model တစ်မျိုးနဲ့ တစ်မျိုး မတူကြပါဘူး။
ဒါကြောင့် iPhone Model တစ်ခုချင်းစီအတွက် Hard Reset/ Force Restart လုပ်နည်းလေးတွေကို ပုံလေးတွေနဲ့ တကွ ဖော်ပြပေးလိုက်ပါတယ်။
Apple Device တွေမှာ Error တစ်စုံတစ်ခု ဖြစ်ပေါ်လာတဲ့ရင် Hard Reset/ Force Restart ပြုလုပ်ပြီး ဖြေရှင်းလို့ရနိုင်တာဖြစ်လို့ အသုံးပြုကြည့်ဖို့လည်း မမေ့နဲ့နော်။

iPhone X, Xs, XR Series နဲ့ iPhone 11, 12, 13 Series တွေမှာ Hard Reset/ Force Restart ပြုလုပ်ချင်တယ်ဆိုရင်တော့ Volume Up Buttons ကို အရင်တစ်ချက်နှိပ်၊ ပြီးရင် Volume Down Buttons ကို တစ်ချက်နှိပ်၊ Power Buttons ကို Apple Logo ပေါ်လာတဲ့အထိ နှိပ်ထားပြီး Power ပြန်တက်လာတာနဲ့ ပြုလုပ်လို့ပြီးပါပြီ။

iPhone 8, 8 Plus နှင့် iPhone SE (2nd Gen) တွေအတွက် ကတော့ Volume Up ကို တစ်ချက်၊ Volume Down ကို တစ်ချက်နဲ့ Power Button ကို (၁၀) စက္ကန့်လောက် Apple Logo ပေါ်လာတဲ့အထိ နှိပ်ထားပြီး Power ပြန်တက်လာတာနဲ့ Reset လုပ်လို့ပြီးပါပြီ။

iPhone 7, 7 Plus Series အတွက်တော့ Hard Reset/ Force Restart လုပ်ဖို့အတွက် Power Buttons နဲ့ Volume Down ကို တစ်ပြိုင်တည်း Apple Logo ပေါ်လာတဲ့အထိ ဖိထားပေးပြီး Power ပြန်တက်လာတာနဲ့ ပြုလုပ်ပြီးပါပြီ။

iPhone 6s, 6s Plus နှင့် အောက် Model များအတွက်တော့ Home Buttons နဲ့ Power Buttons ကို တစ်ပြိုင်ထည်း တွဲနှိပ်ထားလိုက်ရင် Appl Logo ပေါ်လာမှာဖြစ်ပြီး Power ပြန်တက်လာတာနဲ့ Force Restart ဖြစ်သွားမှာပါ။

No comments:

Post a Comment