Saturday, August 27, 2022

လေယာဉ်ခရီးစဉ်

 


လေယာဉ်ခရီးစဉ်

============
ပန်းသီးရဲ့ အိုင်ဖုန်းအိုင်ပက်တွေမှာ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိတဲ့ အလွန်အသုံးဝင်တဲ့ လုပ်ဆောင်ချက်လေးတွေ လှည့်ကွက်လေးတွေ ရှိနေတတ်ပါတယ်၊ ပန်းသီးဖီလင်များ အလွယ်ဖော်စားနိုင်စေဘို့ သိတာလေးတွေ ဝေမျှချင်ပါဘိ။

မိမိ မိတ်ဆွေ သူငယ်ချင်း ချစ်ရသူ တစ်ဦးတစ်ယောက် လေယာဥ်နဲ့ ခရီးသွားတဲ့အခါ ခရီးစဥ် ချောမောရဲ့လားလို့ စိတ်ပူ စိတ်စောတတ်ကြပါတယ်၊ ဟုတ် ခရီးသွားသူက မိမိထံကို သူ့ရဲ့ ခရီးစဥ်ကုဒ်နံပါတ်လေး အိုင်မက်စေ့လေး ပို့ပေးထားခဲ့ရင် စိတ်ပူပင်ခြင်းကင်းစွာ အသေးစေ့ စောင့်ကြည့်နေလို့ ရပါတယ်၊ လေယာဥ် ဘယ်အချိန်စထွက်တယ် ဘယ်နားရောက်နေဘီ ဘယ်ပင်လယ်ကို ဖြတ်နေဘီ ဘယ်အချိန်လေယာဥ်ဆိုက်သွားပြီ ခရီးဆောင်အိပ် ဘယ်မှာယူရမယ် ကဲ ဘယ်လောက် အသုံးဝင်ပါသလဲ၊

သုံးရတာလည်း အလွန်မှ လွယ်ကူပါတယ်၊
✈️ အိုင်ဖုန်း အိုင်ပက်မှ မက်စေ့ အက်ပ် ကို ဖွင့်လိုက်ပါ
✈️ မိမိပို့ချင်တဲ့သူကို ရွေးပြီး မိမိလေယာဥ် ခရီးစဥ်ရဲ့ကုဒ်နံပါတ်ကို ရိုက်ထည့်ပြီး ပို့လိုက်ပါ
✈️ ပို့ပြီးရင် ခရီးစဥ်နံပါတ်အောက်မှာ လိုင်းလေးတားသွားပါ့မယ်၊ မိမိကိုယ်တိုင် သို့မဟုတ် စာလက်ခံရရှိသူက အဲနံပါတ်ကို ဖိနှိပ်လိုက်ရင် ရွေးစရာ စာမျက်နှာသေးသေးလေး ပေါ်လာပါ့မယ်၊ “Preview Fight” ကို ရွေလိုက်ရင် လေယာဥ်ခရီးစဥ်အသေးစိတ်ကို နောက် စာမျက်နှာမှာ တွေ့ရပါ့မယ်၊ (ပုံစာ ၁)
✈️ လေကြောင်းလိုင်းအနေနဲ့ သတ်မှတ်ထားတဲ့ အချိန်တူ လားရာနေရာတူရင် လေယာဥ်ခရီးစဥ်ကုဒ်ကို အတူတူ သတ်မှတ်ထားပါတယ်၊ ခရီးသွားတဲ့ နေ့ကို မှန်ကန်စွာ စောင့်ကြည့်ဘို့ လိုပါတယ်၊ ဟုတ် ရက်ကြိုပြီးလည်း ကြည့်လို့ရပါတယ်၊ ဘယ်အချိန်ပျံသန်းဘို့ သတ်မှတ်ထားသလဲ ကြည့်လို့ရတာပေါ့၊
✈️ အားရအောင် ကြည့်ပြီး လေ့လာပြီးရင်တော့ အပေါ်ညာထောင့်က “Done” ကို နှိပ်ပြီး စာမျက်နှာကို ရုတ်သိမ်းလို့ ရပါတယ်၊

🌹
🙏 အားလုံး ခရီးစဥ်တိုင်း ဘေးကင်းကြပါစေ

No comments:

Post a Comment