Monday, August 15, 2022

အဆက်အသွယ်မပြတ် ရှိနေပါ

သူငယ်ချင်းများ၊ မိသားစုနှင့် အဆက်အသွယ်မပြတ် နေထိုင်ခြင်းထက် ပိုအရေးကြီးတာမရှိပါ။ iPhone ဖြင့် မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ရန်၊ အတူတကွ TV ကြည့်ရန်နှင့်သီချင်းနားထောင်ရန် သူငယ်ချင်းများက သင်နှင့်မျှဝေထားသည့် အကြောင်းအရာကို ရှာဖွေနိုင်ရန်နှင့် သင်နှစ်သက်သော အမှတ်တရများကို ပြန်လည်ခံစားနိုင်ရန် လွယ်ကူပါသည်။ 

တစ်ဖွဲ့လုံးနှင့် FaceTime စကားပြောဆိုခြင်း စတင်လိုက်ပါ

သူငယ်ချင်းများ၊ မိသားစုနှင့်မျက်နှာချင်းဆိုင် စကားလက်ဆုံကျဖို့အတွက် အဖွဲ့လိုက် FaceTime ကိုအသုံးပြုပါ။ Group FaceTime ဖုန်းခေါ်ဆိုမှုတစ်ခုကို စတင်ရန် FaceTime အက်ပ်တွင် Add ခလုတ် ကိုနှိပ်ပြီး အဆက်အသွယ်များကို ထည့်သွင်းပါ။ တစ်ကြိမ်တည်းနှင့် လူများစွာကို မြင်တွေ့ရစေရန်နှင့် စကားပြောနေသည့်လူကို အသားပေးမြင်တွေ့နိုင်စေရန် ဂရစ်မြင်ကွင်းကို သုံးပါ။ ထို့ပြင် ယခုအခါ အဆက်အသွယ်တစ်ဦးတွင် Apple စက်ပစ္စည်းမရှိလျှင် သီးသန့်ဝက်ဘ်လင့်တစ်ခုအသုံးပြု၍ FaceTime ခေါ်ဆိုမှုသို့ ၎င်းတို့ကို ဖိတ်ခေါ်နိုင်ပါသေးသည်။


အတူတကွကြည့်ခြင်းနှင့်နားထောင်ခြင်း

ထို FaceTime အက်ပ်ရှိ SharePlay ဖြင့်၊ TV ရှိုးများ၊ ရုပ်ရှင်များ၊ နှင့်သီချင်းကို သင်၏ FaceTime ဖုန်းခေါ်ဆိုမှုများသို့ ယူနိုင်သည်။ ချိန်ကိုက်ထားသည့် playback နှင့် မျှဝေထားသည့်ထိန်းချုပ်မှုများသည် ထိုဖုန်းခေါ်ဆိုမှုတွင်ရှိသူအားလုံးသည် တစ်ပြိုင်နက်တည်း ထိုအချိန်ကာလများကိုမြင်ရ ကြားရစေသည်။ ထို့ပြင် သင်သီချင်းနားထောင်နေစဉ်တွင် အားလုံးက မျှဝေထားသည့်တန်းစီစာရင်းတစ်ခုသို့ သီချင်းများကိုထည့်နိုင်သည်။ SharePlay ကိုစတင်ရန်၊ FaceTime ဖုန်းခေါ်ဆိုနေစဉ်အတွင်း ထောက်ပံ့ထားသည့် ဗွီဒီယို သို့မဟုတ် သီချင်း အက်ပ်တစ်ခုကိုဖွင့်ပါ၊ ထို့နောက် အားလုံးနှင့်အတူမျှဝေရန် Play ကိုနှိပ်ပါ။


သင်နှင့်အတူ ဘာတွေကို မျှဝေထားသလဲ ကြည့်ပါ

Messages အတွင်း သူငယ်ချင်းတစ်ဦးက သီချင်းတစ်ပုဒ်၊ ဝက်ဘ်ဆိုက် သို့မဟုတ် ဓာတ်ပုံတစ်ပုံကို သင်နှင့်အတူ မျှဝေထားပါက ထိုအကြောင်းအရာကို Music ၊ Safari သို့မဟုတ် Photos ကဲ့သို့ သက်ဆိုင်ရာအက်ပ်၏ Shared with You ကဏ္ဍ တွင် လွယ်ကူစွာတွေ့ရနိုင်သည်။ Messages သို့ပြန်သွားရန်မလိုဘဲ ထိုအက်ပ်မှပင်လည်း သင့်သူငယ်ချင်းကို တန်း၍စာပြန်နိုင်သည်။


သင့် အမှတ်တရများကိုမျှဝေခြင်း

Memories ကိုအသုံးပြု၍ အနှစ်သက်ဆုံးအတွေ့အကြုံများနှင့် သက်ဝင်လှုပ်ရှား၍ နောက်ခံတေးထည့်ထားသော အဓိပ္ပာယ်ရှိသောဓာတ်ပုံစုနှင့် Photos အက်ပ်ထဲရှိသီချင်းကို ပြန်လည်ခံစားပါ။ ပို၍ကိုယ်ရေးကိုယ်တာဆန်သော အမှတ်တရတစ်ခုကို ဖန်တီးရန် သီချင်းသံအတွက် Apple Music မှ အကြံပြုသည့် သီချင်းတစ်ပုဒ်ကို ရွေးပါ သို့မဟုတ် မြင်တွေ့ပုံနှင့်ခံစားမှုကို ပြောင်းလဲရန် Memory mix တစ်ခုကို ရွေးပါ။ ထို့နောက် ထိုအမှတ်တရကို ပြန်လည်သက်ဝင်စေရန် သူငယ်ချင်းများနှင့်မိသားစုကို မျှဝေပါ။ သင်၏ အမှတ်တရများကိုကြည့်ရန် Photos အက်ပ်ကိုဖွင့်၍ For You ကိုနှိပ်ပါ။

No comments:

Post a Comment