Saturday, August 13, 2022

Apple ID ကို Secure ဖြစ်အောင်လုပ်နည်

 

ပို့စ်က နည်းနည်းတော့ ရှည်ပါတယ် ။ အချိန်လေးပေးပြီး သေချာ ဖတ်ကြည့်ကြစေချင်ပါတယ်ခင်ဗျ ။

Apple ID

iPhone , iPad , iPod Touch & Mac တို့ကို စတင် အသုံးပြုပြီ ဆိုတာနဲ့ တပြိုင်နက် သိလာရမှာ , သိထားရမှာက Apple ID အကြောင်းပါပဲ ။

ဒီဂျစ်တယ်မှတ်ပုံတင် တစ်ခုအဖြစ် မှတ်ယူနိုင်တဲ့ Apple ID ဟာ Apple ထုတ် iDevices တွေရဲ့ အသက်ပဲ ဖြစ်ပါတယ် ။

Apple ID နဲ့ iCloud ကို Sign in ဝင်နိုင်တယ် ။ App Store ပေါ်က Applications တွေကို ဒေါင်းလုတ်ဆွဲနိုင်မယ် ။ ဂိမ်းတွေရောပေါ့ ။ ဒီ ID ကြောင့်ပဲ iDevices တွေရဲ့ လုံခြုံမှုဟာ ပိုမိုကောင်းမွန်နေရတာပဲ ဖြစ်ပါတယ် ။

ဒီတော့ Apple ID ဟာ ကျနော်တို့အတွက် အရေးကြီးတာဖြစ်လို့ သူ့ရဲ့ Security ကို လုံခြုံစိတ်ချအောင်လို့ လုပ်ထား , စီမံထားဖို့ လုပ်ထားရတော့မှာပေါ့ ။ ( မဖြစ်မနေ လုပ်ကို လုပ်ထား ရပါမယ် ။ )

ဘယ်လို ID မျိုးကို အသုံးပြုနေကြလဲ ?
အခြားနိုင်ငံက ယူစာတွေကို မပြောပါဘူး ။ မြန်မာပြည်က ယူစာတွေအကြောင်းကို ပြောပါမယ် ။
iPhone တစ်လုံးကို သွားဝယ်တယ် ဆိုပါစို့ ။


ဆိုင်ကနေ အပြီးအစီးပဲ ဒီလိုမျိုး လုပ်ပေးလိုက်တတ်ကြပါတယ် ။ Warranty ပေးမယ် ။ Applications တွေ , Games တွေ , Musics တွေ အစရှိသဖြင့် အဆင်သင့် အသုံးပြုနိုင်အောင်လို့ ဖုန်းထဲ တပါထဲ ထည့်ပေးလိုက်ပါမယ် ။ Apple ID တစ်ခုကိုပါ အပြီး လုပ်ပေးလိုက်ဦးမယ် ။ ဒါက မြန်မာပြည်က ဆိုင်အတော်များများက လုပ်ပေးလေ့ ရှိတတ်ကြတဲ့ဟာတွေပဲ ဖြစ်ပါတယ် ။ ( ဆိုင်တွေရဲ့ Customer အပေါ်ထားတဲ့ Care ပေါ့ဗျာ ။ )

ဒါက ပြဿနာ မဟုတ်ဘူး ။

တကယ့်ပြဿနာက ဒီလိုဗျ ။

ဝယ်လာတဲ့ ယူစာက ဖုန်းနဲ့ အထဲမှာ ပါတဲ့ Softwares တွေကိုပဲ ဂရုစိုက်မိတယ် ။ ကျန်တဲ့ Apple ID နဲ့ ပါတ်သက်တဲ့ Informations တွေ အကုန်လုံးကို အမှတ်တမဲ့ပဲ ထားမိတတ်ကြတာကမှ တကယ့်ပြဿနာဗျ ။

Apple ID နဲ့ Password က လွဲလို့ ကျန်တာ ဘာမှ မသိကြတော့ဘူး ။ အချို့ဆို Password ပဲ မှတ်မိပြီး အပေါ်က ID Mail ဘာလဲဆိုတာတောင် မသိတဲ့ ယူစာတွေကိုပါ ကြုံရဖူးတယ် ။

Apple ID နဲ့ Password သိနေ , မှတ်မိနေသားပဲ ။ ကျန်တာတွေ မသိလည်း ရပါတယ်လို့ ဆိုလာရင်တော့ ကျနော်ကတော့ အဲဒါကို လုံးဝ မှားပါတယ်လို့ ပြောမှာပဲ ။

ဘာလို့လဲဆိုတော့ …

App Store ပေါ်ကနေ ပထမဆုံးအကြိမ်အဖြစ် Apps ပဲဖြစ်ဖြစ် ၊ Games ကိုပဲဖြစ်ဖြစ် ဝယ်ယူတော့မယ် ဆိုပါက Apple ID ရဲ့ Security Questions & Answers တို့ကို မဖြစ်မနေ ဖြေပေးဖို့ လိုအပ်နေပါတယ် ။ ဒါကိုမှ မဖြေပေးနိုင်ရင် Apple ID ထဲ ထည့်ထားတဲ့ iTunes Gift Cards ( $ ) တွေကို အသုံးမပြုရပဲ ဆုံးရှုံးရမှာမို့ပဲ ဖြစ်ပါတယ် ။

နောက်တစ်ခု …

Apple ID လော့ကျသွားတာ , Disable ဖြစ်သွားတာ , Password မေ့သွားတာတွေကို ပြန်လည် ရယူနိုင်ဖို့အတွက် Rescue Email ဟာ လိုကို လိုအပ်ပါတယ် ။

ဒါတွေကိုမှ မသိထားဘူးဆိုရင်တော့ …

ကိုယ်ဟာ မီးခံသေတ္တာ ( Safe Box ) တော့ ပိုင်ဆိုင် နေပါရဲ့ ၊ အဲဒီ မီးခံသေတ္တာရဲ့ လုံခြုံရေးသော့နဲ့ လုံခြုံရေးနံပါတ်တွေ မရှိ မသိတဲ့ သူလိုမျိုး ဖြစ်နေတော့မှာပေါ့ ။

Apple ID ကို ကိုယ့်အပိုင်အဖြစ် ဘယ်လို လုပ်ယူရမလဲ ?

လွယ်လွယ်လေးပါ ။

ကိုယ့်ဟာကို Apple ID အသစ် တစ်ခုကို လုပ်ယူလိုက်မှာပေါ့ ။ ( ကိုယ်ပိုင် Email နဲ့ ကိုယ်ပိုင် Apple ID အသစ် တစ်ခုကို လုပ်ယူချင်တာဆိုလျှင် ဒီလင့်ကနေ http://45.32.68.251/how-to-create-apple-id-account-on-iphone/ သွားပြီး လေ့လာပါ ။)

ဒါကတော့ ဒါပေါ့ ။

မဒါပေါ့တာက ရှိသေးတယ် ။

ကိုယ် နှစ်ရှည်လများ ဒီ ID ကိုပဲ အသုံးပြုပြီး Apps တွေ , Games တွေကို ဒေါင်းခဲ့တယ် ။ Free ရတုန်းလေး ဒေါင်းထားတာလေးတွေ ရှိမယ် ။ သေချာတာကတော့ အသစ်လုပ်လိုက်တဲ့ ID နဲ့ အဲဒါတွေကို အလကားတော့ ရနိုင်မယ် မထင်တော့ဘူး ။

ဒီတော့ …

လက်ရှိ အသုံးပြုနေတဲ့ , အသုံးပြုနေဆဲဖြစ်တဲ့ ဒီ Apple ID လေးကိုပဲ ကိုယ့်အပိုင် ဖြစ်အောင်လို့ လုပ်မယ် ။ လုံခြုံအောင်လို့ လုပ်ချင်ပါတယ် ဆိုတဲ့သူတွေအတွက် လုပ်ရမယ့် နည်းလမ်းလေးတွေကို ကျနော် ပြောပြပါမယ် ။

Apple ID ရဲ့ Rescue Email ကို ထည့်သွင်းနည်း

( သို့မဟုတ် )

Apple ID ရဲ့ Rescue Email ကို ချိန်းနည်း

အပေါ်မှာ ကျနော် ပြောခဲ့ပြီးပါပြီ ။

Apple ID ရဲ့ Rescue Email ဟာ ဘယ်လို အသုံးဝင်ပြီး ၊ ဘယ်လို အရေးကြီးတယ်ဆိုတာကို ။

Apple ID ရဲ့ Password ကို မေ့သွားခဲ့လျှင် …

Apple ID က Lock ကျခဲ့လျှင် …

Apple ID က Disabled ဖြစ်ခဲ့လျှင် …

ဒီ Rescue Email ကို အသုံးပြုပြီး ကိုယ့်ရဲ့ Apple ID ကို ပြန်လည် ရယူနိုင်ပါမယ် ။

ဒီတော့ဗျာ ။

ဆိုင်က လုပ်ပေးလိုက်တာပဲဖြစ်ဖြစ် ၊ သိတဲ့ တတ်တဲ့ သူငယ်ချင်းက လုပ်ပေးတာပဲဖြစ်ဖြစ် ၊ အချိန်တွေ ကြာသွားလို့ မမှတ်မိတော့တာပဲဖြစ်ဖြစ်ပေါ့ ။ အဲဒီ ယူစာတွေ အခု ဒီပို့စ်ကို ဖတ်ပြီးတာနဲ့ Informations အစအဆုံး အလုံးစုံ ကိုယ်သိထား , မှတ်ထားပြီးဖြစ်တဲ့ Email အသစ်တစ်ခုနဲ့ Rescue Email မှာ အစားထိုး ရပါမယ် ။ ထည့်ကို မထည့်ရသေးတာ ဆိုရင်လည်း အခု ထည့်လိုက်ရပါမယ် ။

Safari ကနေ appleid.apple.com လို့ ရိုက်ပြီး သွားပါ ။

Apple ID နဲ့ Password ကို ထည့်ပေးပြီး ဝင်ပါ ။

Security ထဲကို ဝင်ပါ ။

Rescue Email ခေါင်းစဉ်အောက်မှ Change Email Address … ကို နှိပ်ပါ ။ ( ဒါက မူလ လုပ်ပေးလိုက်တဲ့ သူ ( or ) ဆိုင်က ထည့်ပေးထားတဲ့ Rescue Email အစား ကိုယ့်ရဲ့ Mail အသစ်နဲ့ အစားပြန်ထိုးမှာပဲ ဖြစ်ပါတယ် ။ အရင်က မထည့်ရသေးလို့ အခုမှ ထည့်ရမှာဆိုရင်တော့ Add … ကို နှိပ်ပြီး ကိုယ့်ရဲ့ Mail အသစ်ကို ထည့်ပေး ရပါမယ် ။ )

Code 6 လုံး ထည့်ပေးရမယ့် အကွက် ( ၆ ) ခု ပေါ်လာရင် ကိုယ်ထည့်ပေးလိုက်တဲ့ Mail အသစ်ထဲကို ဝင်ပြီး စစ်ရပါမယ် ။

Mail အသစ်ရဲ့ Inbox ထဲမှာ Apple က ပို့လိုက်တဲ့ စာထဲကို ဝင်ကြည့် ရပါမယ် ။ Code 6 လုံးကို မှတ်ပြီး Safari က ဝင်လက်စ Apple ID နေရာကို သွားရပါမယ် ။

မှတ်လာတဲ့ Code 6 လုံးကို ထည့်ပေးပြီးသွားရင်တော့ ကိုယ့် Apple ID ရဲ့ Rescue Email ကို ချိန်းလို့ ပြီးသွားပါပြီ ။ ဒါမှမဟုတ် Mail အသစ်ကို ထည့်လို့ ပြီးသွားပြီပဲ ဖြစ်ပါတယ် ။

Apple ID ရဲ့ အဓိက Email Address ကို ချိန်းနည်း

အရေးကြီးပြီး အရေးပါတဲ့ Rescue Email ကို အစားထိုးတာ , အသစ်ပြန်ထည့်တာ ကျနော်တို့ လုပ်ပြီးသွားပြီဆိုတော့ …

Apple ID ရဲ့ အဓိကမိန်းဖြစ်တဲ့ Email ကြီးကို သေချာပြီး စိတ်ချရမယ့် , စိတ်ချရအောင် ပြုလုပ်ထားပြီးဖြစ်တဲ့ Email အသစ် တစ်ခုနဲ့ အစားပြန်ထိုး ရပါမယ် ။

လိုအပ်လို့လားလို့ ကျနော့ကို မေးရင်တော့ … ။

ဟုတ်ကဲ့ .. ကိုယ်တိုင် လုပ်ထားတဲ့ Apple ID မဟုတ်ရင်တော့ လိုကို လိုအပ်ပါတယ်လို့ ဖြေပါမယ် ။

သူ့ကိုလည်း Safari ကနေပဲ သွားရပါမယ် ။

appleid.apple.com လို့ ရိုက်ပြီး သွားရပါမယ် ။

Apple ID နဲ့ Password ကို ရိုက်ထည့် ပေးရပါမယ် ။

ပြီး Account ထဲကို ဝင်ရပါမယ် ။

အပေါ်ဆုံး Apple ID ခေါင်းစဉ်အောက်မှာ ( မူလ Apple ID ရဲ့ Email Address ကို မြင်တွေ့ရပါလိမ့်မယ် ။ ) Change Apple ID … ကို တွေ့ရင် နှိပ်လိုက်ပါ ။

ဒီနေရာမှာ Apple ID ရဲ့ အဓိကမိန်းအဖြစ် အသုံးပြုမယ့် , အသစ်ထည့်မယ် Email Address ကို ရိုက်ထည့် ပေးရပါမယ် ။ ( Rescue Email မှာ ထည့်ခဲ့တဲ့ Mail ကို ဒီမှာ ပြန်ထည့်လို့ မရပါဘူး ။ နောက်ထပ် Email အသစ် တစ်ခုကို ထပ်ပြီး ထည့်ပေးရပါမယ် ။ )

အသစ်ထည့်ပေးလိုက်တဲ့ Email ထဲကို ဝင်ကြည့် ရပါမယ် ။ ( Apple က ပို့ပေးလိုက်တဲ့ Mail ထဲမှာ ဒီအတွက် Code 6 လုံး ရှိပါတယ် ။ မှတ်ပြီး ဒီအကွက်ထဲမှာ ဖြည့်ပေးလိုက် ရပါမယ် ။ )

ကဲ .. အခုဆိုရင် Apple ID ရဲ့ အဓိကမိန်း Email Address ကြီးကို ကိုယ်တိုင် လုံခြုံစွာ ပြုလုပ်ထားခဲ့တဲ့ Email အသစ်နဲ့ အစားထိုးလို့ ပြီးသွားပါပြီ ။

နောက်ဆို Apple ID ကို Sign in လုပ်တော့မယ်ဆိုပါက အခု အသစ်ထည့်သွင်းလိုက်တဲ့ Email Address ကို ရိုက်ပေးရတော့မှာပဲ ဖြစ်ပါတယ် ။ အောက်က ID ရဲ့ Password ကတော့ အရင်အဟောင်းကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ် ။

Conclusion

အခုဆိုရင် ကျနော့အနေနဲ့ Apple ID ရဲ့ အရေးကြီးပုံ , အရေးပါပုံနဲ့ ဘယ်လိုမျိုး ကိုယ့်အပိုင် ဖြစ်အောင်လို့ လုပ်ထားရမယ်ဆိုတာကို နည်းလမ်းတွေ ပြောပြပြီးပါပြီ ။ အချိန်မှီမှီ မမှီမှီ ဒီပို့စ်ကို ဖတ်ပြီးတာနဲ့ ဖတ်ပြီးတဲ့ ယူစာတွေက ကိုယ့်ရဲ့ Apple ID ကို လုံခြုံ စိတ်ချရအောင်လို့ အခုပဲ လုပ်ပါ ။ ပြင်ဆင်ကြပါ ။

မသိသေးတဲ့ ယူစာတွေကိုလည်း လက်ဆင့်ကမ်း ပြောပြ , Share ပေးကြပါ ။ Apple ရဲ့ iPhone , iPad , iPod Touch & Mac တို့ကို အခုမှ စပြီး အသုံးပြုမှာပဲဖြစ်ဖြစ် ၊ ဟိုးအရင်ထဲက အသုံးပြုနေတာပဲဖြစ်ဖြစ် Apple ID ရဲ့ လုံခြုံရေးဟာ iDevices တွေအတွက် အသက်တမျှ အရေးကြီးကြောင်းကို အနည်းငယ်မျှသော ယူစာတွေ နားလည်သဘောပေါက် သွားကြတယ်ဆိုရင်ပဲ ကျနော်ကတော့ ကျေနပ်ပါပြီ ။


No comments:

Post a Comment