Monday, August 15, 2022

iOS 15.4 မှာ ပါဝင်လာတဲ့ Scan Text New Feature အကြောင်း

 အသစ်ထွက်ရှိလာတဲ့ iOS 15.4 တွင် စကားလုံးများရိုက်နိုပ်ထားတဲ့ အရာဝတ္ထုတစ်ခုခု သို့မဟုတ် လက်ရေးမူဖြင့်ရေးထားတဲ့ စာရွက်ဖြစ်‌ေစ ၎င်းကို Scan ဖတ်လိုက်ရုံနဲ့ Note ထဲသို့ အလိုအလျောက် ကူးပေမဲ့ Scan Text ဆိုတဲ့ Feature တစ်ခုကို ထည့်သွင်းပေးလာပါတယ် ထို feature ကို Note App အပြင် Mail ပို့‌တဲ့ အချိန်မှာပါ အသုံးပြုနိုင်ပါတယ်။ Scan Text feature ကို iPhone အပြင် iPad တွေမှာပါ အသုံးပြုနိုင်ပါတယ်

အများစုသိထားတာက iOS 15.4 မှာ Mask တက်ထားတဲ့ အချိန် Screen Lock ဖွင့်နိုင်တဲ့ Function နဲ့ emoji အသစ်များစွာ ထည့်ထားပေးတယ်လို့ပဲ သိထားတာပါ ဒါကြောင့် Apple မှ Scan Text ဆိုတဲ့ Function ထည့်သွင်းပေးထားကြောင်းကို သူ့ရဲ့ YouTube Channel မှာ တင်ပေးထားပါတယ်။

Note App တွင် Scan Text အသုံးပြုနည်း

(1) Note App ကိုဖွင့်ပါ။ ကင်မရာ ပုံစံ button လေးကို နှိပ်လိုက်ပါ။


(2) Scan Text ဆိုတဲ့ Feature ကို နှိတ်ပေးပါ။


(3)။ မိမိ Scan ဖတ်လိုတဲ့ စာရွက်ကို ချိန်ညှိပေးပါ။ အဆင်ပြေပြီဆိုရင် Insert ကိုနှိတ်လိုက်ပါ။ စာရွက်ထဲက စကားလုံးတွေ Note App ထဲကို Auto ရောက်သွားပါလိမ့်မယ်။


တစ်ခုရှိတာက မြန်မာစကားလုံးတွေတော့ မရသေးပါဘူး ။ အောက်ပါ နိုင်ငံများမှ စကားလုံးတွေပဲ ရပါဦးမယ်။

No comments:

Post a Comment