Saturday, August 13, 2022

AirTag ဆိုတာဘာလဲ?


 Apple ကမိတ်ဆက်လိုက်တဲ့ AirTag ဆိုတာဘာလဲ?

*******************************************
AirTag ဆိုတာ Apple က April Event မှာမိတ်ဆက်လိုက်တဲ့ Tracking Device တစ်ခုပါပဲ .. AirTag တစ်ခုကို $29 နဲ့ ဝယ်လို့ရမှာဖြစ်ပြီး 4 ခုကို $99 နဲ့ဝယ်လို့ရမှာပါ .. AirTag ကို iOS 14.5 တင်ထားတဲ့ ဖုန်းတိုင်းနဲ့ အသုံးပြုလို့ ရမှာဖြစ်ပါတယ် AirTag ကိုသော့ချိတ်လိုလုပ်ထားလို့ရမယ့် AirTag Loop တို့လို Accessory တွေကို သီးသန့်ဝယ်ရမှာဖြစ်ပြီး AirTag ပေါ်မှာ စာလုံး 4 လုံးကိုတော့ Engraving Free ထိုးပေးမှာဖြစ်ပါတယ် .. Emoji တွေလည်းထိုးလို့ရပါတယ်
AirTag မှာ လဲလို့လွယ်တဲ့ CR2032 Battery အမျိုးအစားကိုတပ်ဆင်ပေးထားတာဖြစ်ပြီး တစ်နှစ်ကျော်ထိအသုံးခံမယ်လို့ပြောပါတယ် (Battery ကုန်ခါနီးရင်လည်း Notification ပြပေးဦးမှာပါ) .. Build-in Speaker လည်းပါမှာဖြစ်လို့ ဖုန်းကရှာတဲ့အခါ အသံမြည်အောင်ပါလုပ်လို့ရမှာဖြစ်ပါတယ် .. AirTag ဟာ ရေစိုလည်းခံမှာဖြစ်ပါတယ် U1 Chip ပါဝင်တာကြောင့် iPhone 11 နဲ့အထက် ကိုင်ထားတဲ့လူတွေဆိုရင် AirTag ရဲ့တကယ့်တည်နေရာကို တိကျပြတ်သားစွာရှာဖွေပေးနိုင်မှာဖြစ်ပါတယ် .. ဒီလိုရှာဖွေဖို့ AirTag ကိုသင့် iPhone နဲ့ Pair ထားရမှာဖြစ်ပါတယ် .. Apple ID တစ်ခုမှာ AirTag အများဆုံး 16 ခု Pair ထားလို့ရမှာပါ
အလုပ်လုပ်ပုံကတော့ 2 မျိုးခွဲပြောလို့ရပါတယ်
1. 𝘽𝙡𝙪𝙚𝙩𝙤𝙤𝙩𝙝 𝙁𝙞𝙣𝙙𝙞𝙣𝙜
ဒါကတော့ AirTag ကကိုယ်နဲ့နီးနီးနားနားရှိနေတဲ့အခါမျိုးမှာသုံးရတာပါ .. ဥပမာ အခန်းတွင်းမှာ AirTag နဲ့တွဲထားတဲ့ ပစ္စည်းကိုရှာတာမျိုးပေါ့ .. Find My App ထဲသွားပြီး ကိုယ်ရှာမယ့် AirTag ကိုနှိပ်ပြီးရှာရုံပါပဲ .. iPhone က AirTag တည်နေရာကို အကွာအဝေးနဲ့ရော၊ direction နဲ့ပါဖော်ပြပေးတာဖြစ်လို့ အလွယ်တကူရှာနိုင်ပါတယ်။
 
2. 𝙊𝙛𝙛𝙡𝙞𝙣𝙚 𝙁𝙞𝙣𝙙𝙞𝙣𝙜
ဒါကတော့ Bluetooth မမိတဲ့အကွာအဝေးမျိုးမှာ ရောက်နေတဲ့အခါရှာရင်သုံးပါတယ် .. ဥပမာ - Bus ပေါ်မှာ AirTag တွဲထားတဲ့အိတ်ကျန်ခဲ့တာမျိုးဆိုရင်ပေါ့ .. ကိုယ်က Lost Mode ဖွင့်လိုက်တာနဲ့ ကိုယ့်ရဲ့ Phone Number ကိုထည့်ခိုင်းမှာဖြစ်ပြီး ကောက်ရတဲ့လူက AirTag ကိုသူ့ဖုန်းနဲ့ Tap လုပ်လိုက်တာနဲ့ ပိုင်ရှင်ထည့်ထားတဲ့ ဖုန်းနံပါတ်ကိုဖော်ပြပေးမှာဖြစ်ပါတယ် (iOS & Android မှာရော AirTag ကို Tap ပြီးပိုင်ရှင်ရဲ့ ဖုန်းနံပါတ်ကိုကြည့်လို့ရမှာဖြစ်ပါတယ် .. ဒါဟာ AirTag ထဲမှာပါတဲ့ NFC Chip ကြောင့်ပါ) .. ပြန်ပေးချင်စိတ်ရှိတဲ့လူဆိုရင် AirTag ကို Tap လုပ်ပြီး ပိုင်ရှင်ကိုဖုန်းဆက် ပြန်ပေးလိုက်ရုံပါပဲ
ပိုင်ရှင်ကိုလည်း Location ပြမှာဖြစ်ပြီး AirTag ဟာသူ့အနားမှာရှိတဲ့ iDevice တွေကိုအသုံးပြုကာ Location ကို Apple Server ပေါ်ပြန်တင်ပေးတာမို့လို့ AirTag Location ကိုအမြဲ Update ပြပေးနေမှာပါ .. ဒါဟာအင်တာနက်မရှိတာတောင် Location လိုက်လို့ရတဲ့လျှို့ဝှက်ချက်ပါပဲ .. Apple ဟာ ဒီနည်းပညာကို iOS 13 ကတည်းက Offline Findings လို Feature မျိုးထည့်ပြီး Find My network တည်ဆောက်ခဲ့တာပါ .. ဒီတချက်ကတော့ ဘယ်တခြားသော Tracker မှာမှ မရတဲ့ Feature ဖြစ်ပြီး တော်တော်လေး cool ဖြစ်ပါတယ်
𝙋𝙧𝙞𝙫𝙖𝙘𝙮
သင်က သင့် AirTag ကိုတစုံတယောက်ကို နောက်ယောင်ခံလိုက်ဖို့အသုံးပြုလို့ရမှာမဟုတ်ပါဘူး .. ဥပမာဆိုပါစို့ - သင်ကသင့် AirTag ကို တခြားလူရဲ့အိတ်ထဲဖြစ်ဖြစ်၊ ကားထဲဖြစ်ဖြစ်ထည့်ထားလိုက်မယ်ဆိုရင် အဆိုပါ AirTag ဟာသူနဲ့ Pair ထားတဲ့ iPhone နဲ့ဝေးသွားတာကိုသိရှိနေမှာဖြစ်ပါတယ် .. ဒီလိုတစုံတယောက်ကို Tracking လုပ်ဖို့အသုံးပြုနေတာကို သိသွားရင် AirTag ကအသံထမြည်မှာဖြစ်လို့ အဆင်ပြေမှာမဟုတ်ပါဘူး .. ဒီလိုမဖြစ်လည်းမဖြစ်စေချင်ဘူး သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တွေကိုလည်း ကိုယ့် AirTag ခဏပေးသုံးချင်တယ်ဆိုရင် Family Sharing နဲ့ပေးသုံးလို့ရမှာဖြစ်ပါတယ်
ဒီလောက်ဆိုရင် AirTag အကြောင်းတီးမိခေါက်မိရှိလောက်ပါပြီ...

No comments:

Post a Comment