Thursday, July 14, 2022

iOS 16 ကို Public Beta အနေနဲ့ Download ပြုလုပ်နိုင်ပြီ

 

iOS 16 ကို Public Beta အနေနဲ့ Download ပြုလုပ်နိုင်ပြီ
==============
ကိုယ့် iPhone ကို နောက်ဆုံးထွက်ထားတဲ့ iOS 16 ကို Update ပြုလုပ်ချင်တယ်၊ Error တွေ၊ Bug တွေ ပါလာတတ်တဲ့ Developer Beta ကိုလည်း အသုံးမပြုချင်တဲ့သူတွေအတွက် Apple ကနေ iOS 16 ကို Public Beta အနေနဲ့ တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။
Public Beta ဖြစ်သွားတဲ့အတွက် ယခင် Developer Beta တွေထက် ပိုပြီး Stable ဖြစ်လာပေမယ့် ကိုယ့်ဖုန်းမှာ အရေးကြီး Data တွေ သိမ်းထားတတ်တယ်ဆိုရင်တော့ Beta ဖြစ်နေတာကြောင့် အသုံးမပြုသင့်သေးဘဲ Stable Update ကိုပဲ စောင့်ဆိုင်းသင့်ပါသေးတယ်နော်...။
တကယ်လို့ iOS 16 Public Beta ကို အသုံးပြုချင်တယ်ဆိုရင်တော့ Apple Beta Software Program (https://beta.apple.com/sp/betaprogram/) မှာ သွားပြီး Apple ID နဲ့ Sign Up ပြုလုပ်ပြီး ကိုယ်အသုံးပြုချင်တဲ့ Device ကို Enroll ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Beta Profile ကို Download ပြုလုပ်ပြီးတာနဲ့ Update ကို Download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ မပြုလုပ်ခင်မှာ ကိုယ့် iPhone ကို Backup ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။
အခု iOS 16 Public Beta Update မှာ iOS 16 ရဲ့ အရေးပါတဲ့ Feature တွေဖြစ်တဲ့ Lock Screen ပိုင်းပြောင်းလဲမှုတွေ၊ iMessage မှာ Unsend ပြုလုပ်နိုင်၊ Edit ပြုလုပ်နိုင်ပြီဖြစ်သလို ကျန်တဲ့ Feature တွေဖြစ်တဲ့ Photo Editing ပိုင်း ပြောင်းလဲမှုတွေ၊ Focus Mode အသစ်တွေနဲ့ Keyboard Haptics Feature တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
iOS 16 Public Beta Update နဲ့အတူ Apple ကနေ iPadOS 16 နဲ့ macOS Ventura အတွက်လည်း အလားတူ Public Beta Version တွေကို စတင်ထုတ်ပေးထားပါတယ်။

No comments:

Post a Comment