Tuesday, August 30, 2022

iOS 16 features အနှစ်ချုပ်

                     Lock Screen Redesign        


Focus

Photos

iMessage
Mail

Dictation
Apple Pay & Wallet
Home App Redesign
Health & Fitness
Live Text Quick Actions
Privacy & Security


New iOS 16 အနှစ်ချုပ်
================
Lock Screen
- မိမိ အိုင်ဖုန်းရဲ့ Lock Screen ကို မိမိစိတ်ကြိုက် ပြင်ဆင်လို့ရပါဘီ၊ အနှစ်ခြိုက်ဆုံး ဓါတ်ပုံများ၊ နှစ်သက်ရာ ဖောင့်စတိုင်များ စိတ်ကြိုက်ပြင်ပြီး Activity, Calender, Weather, Bettery Level စတဲ့ Widgets များလည်း အစုံအလင် ထည့်သွင်းလို့ ရပါဘီ၊
- ပန်းသီးရဲ့ နာရီက Face ကဲ့သို့ အိုင်ဖုန်းတွေမှာလည်း မတူးကွဲပြားတဲ့ Look Screen တွေကို စိတ်ကြိုက်ဖန်တီးနိုင်ပြီး တစ်ခုနဲ့ တစ်ခု အလွယ်ကူးပြောင်းလို့ ရပါ့မယ်၊
- Lock Screen ရဲ့ Notifications အသိပေး အချက်အလက်များကိုလည်း အိုင်ဖုန်းမျက်နှာပြင်ရဲ့ အောက််ခြေမှာ ပေါ်ပါ့မယ်၊ မျက်နှာပြင်ရဲ့ အလှဓါတ်ပုံကို မထိခိုက်အောင်လို့ပါ၊ Expanded List View, Stack View သို့မဟုတ် Hidden View စသဖြင့် လုပ်ထားလို့လည်း ရပါ့မယ်၊
- အချိန်နဲ့ တပြေးညီးဖြစ်ပျက်နေသော အားကစားပွဲရဲ့ ရလာဒ်များ၊ Food Delivery အခြေအနေ၊ ငှားထားတဲ့ Taxi လာရောက်နေပုံ စတဲ့ LIve Activities များလည်း Look Screen မှာ တွေ့ရပါ့မယ်၊
Focus
- ပိုမိုလွယ်ကူတဲ့နည်းများနဲ့ Focus ကို တည်ဆောက်လို့ရပါ့မယ်၊
- Focus များကိုလည်း Lock Screen ချိတ်ဆက်ထားပြီး မိမိသုံးနေတဲ့ Focus နဲ့ သက်ဆိုင်တဲ့ အရာတွေဘဲ ရွေးပြီး ဖော်ပြပေးပါ့မယ်၊ အလုပ်ဆို အလုပ်နဲ့ဆိုင်တဲ့ App တွေ အဆက်အသွယ်တွေ လုပ်ဆောင်စရာတွေ အစည်းအဝေးတွေ စသဖြင့်ပေါ့၊
Photos
- iCloud မှာ မိသားစု ဓါတ်ပုံများ မျှဝေခြင်းကို ပိုပြီး အထူးပြုထားပါတယ်၊
- မိမိ ဓါတ်ပုံ အယ်လ်ဘမ်မှလည်းကောင်း ရိုက်နေဆဲ ကင်မရာမှလည်းကောင်း တိုက်ရိုက် အလွယ်ရှယ်လို့ရပါ့မယ်၊
- တည်နေရာ အချိန် အဖြစ်အပျက်များပေါ်မူတည်ပြီး Smart အကြံပြုချက်များလည်း ရရှိပါ့မယ်၊
- အားလုံးရှယ်ထားသူများ အလွယ် မျှဝေနိုင်သလို ဓါတ်ပုံများကိုလည်း ပြုပြင်လို့လည်း ရပါတယ် ဖယ်ရှားချင်လည်း အလွယ်ရပါတယ်၊
iMessage
- ပို့ပြီးသောစာများကို အလွယ်ပြင်လို့ရသလို မှားပို့မိသောစာများကိုလည်း ချက်ချင်း ဖယ်ရှားပြန်ရုတ်သိမ်းလို့ရပါတယ်၊
- ချက်ချင်းစာမပြန်နိုင်သော messages များကိုလည်း နောက်မှာစာပြန်ရန် Unread လုပ်ထားလို့ရပါ့မယ်၊
- SharePlay နည်းပညာကို iMessage ဆီ ယူဆောင်လာပါတယ်၊ စာပို့နေစဥ်အတွင်း နှစ်သက်ရာမူဗီများ အတူ ခံစာနိုင်ပါတယ်၊
Mail
- ပိုမိုတိကျတဲ့ မေးလ် ရှာဖွေမှုကို အဆင့်မြင့်ထားပါတယ်၊
- လတ်တလောပို့လိုက်တဲ့ မေးလ်များကိုလည်း အလျင်အမြန် Unsend ပြန်ရုတ်သိမ်းလို့ ရပါ့မယ်၊
- အချိန်သတ်မှတ်ပြီး မေးလ်များပို့လို့ ရပါ့မယ်၊
- အလုပ်နဲ့ ပက်သက်ပြီး Fellow up လုပ်ရမဲ့ မေးလ်များကို သတိပေးစာ လုပ်ထားလို့ရပါတယ်၊
Safari
- Sign in လုပ်စရာများအတွက် Passkeys ဖျစ်ချာအသစ်ကို မိတ်ဆက်ပါတယ် Passwords များရိုက်စရာ မလိုတော့ပါ၊ Two-factor Authentication များထက် ပိုပြီး လုံခြုံစိတ်ချရပါတယ်လို့ ဆိုပါတယ်၊
- FaceTime ပြုနေချိန်မှာ Safari Tabs များ Bookmarks များကို ရှယ်လို့ရပါ့မယ်၊
Dictation
- နှုတ်တိုက်ချပေးစဥ် လိုအပ်သော သတ်ပုံပြင်ခြင်းကို အလိုအလျောက်ပြုပေးသည့် အပြင် emoji များလည်း အလုပ်လုပ်ပါတယ်
- နှုတ်တိုက်ချပြောခြင်းနဲ့ ကီဘုတ်မှာ စာရိုက်ခြင်းကိုလည်း အတူတကွ အဆင်ချောစွာ လုပ်ဆောင်နိုင်ပါတယ်၊
Apple Pay & Wallet
- ငွေပေးချေမှုများကို အသေးစပ် စိစစ်လို့ ရပြီး မိမိ မှာထားသည့်အရာများရဲ့ အိမ်တိုင်ရာရောက်ပို့ဆောင်နေမှုကိုလည်း Wallet မှာဘဲ ခြေရာခံလို့ ရပါဘီ။
- Wallet အတွင်း ဒီဂျစ်တယ်သော့များကိုလည်း Messages များ မေးလ်များဖြင့် မျှဝေလို့ရပါတယ်၊
Home App
- App Layout ကို သုံးစွဲသူ အချိန်တိုအတွင်း အသုံးပြုလွယ်ကူစေရန် အသစ်ပြန်တည်ဆောက်ထားပါတယ်
- ရာသီဥတု၊ မီးအလင်းရောင်၊ လုံခြုံရေး စတဲ့ အစုအဖွဲ့များနဲ့ သုံစွဲပိုမိုလွယ်ကူအောင် ပြုပြင်ထားပါတယ်
- IOT ပစ္စည်းနဲ့ နည်းစနစ်များက Matter ကို အထောက်အကူပြုပေးပါ့မယ်၊
Health & Fitness
- Medication အသစ် Feature ပါ၊ ဘယ်အချိန် ဆေးသောက်ရမယ် စသဖြင့် အသေးစိပ် မှတ်တမ်းပြုပြီး ဆေးသောက်ချိန်ကို အသိပေးနှိုးဆော်သွားပါ့မယ်၊
- မိမိမှာ အိုင်ဖုန်းမရှိသော်လည်း iOS16 မှစ၍ Fitness App မူလပထမအနေနဲ့ ပါဝင်လာပါ့မယ်၊
Live Text Quick Action
- ဓါတ်ပုံများမှ စာသားများသာမက ထင်ရှားသည့် အရာဝတ္ထုများကိုသာ နောက်ခံမပါဘဲ ရွေးပြီး Copy လုပ်ပြီး Messages, မေးလ်များ စသည့်နေရာများမှာ Paste လုပ်လို့ ရပါတယ်
- ဓါတ်ပုံ, ဗီဒီယို နှင့် ကင်မရာများမှ သက်ဆိုင်ရာစာသားအလိုက် ဖုန်းခေါ်ဆိုမှုများ, website သွားခြင်း ငွေသား Currency ပြောင်းခြင်းများ ဘာသာပြန်မှုများကို အလျှင်အမြန် အလွယ်တကူ ပြုလို့ရပါတယ်၊
Privacy & Security
- အရေးကြီးတဲ့ လုံခြုံရေးကို ပိုမိုအဆင့်မြင့်တင်ထားပါတယ်၊
- Safety Check အသစ်ပါ၊ အိမ်တွင်း သို့မဟုတ် ရင်နှီးမိတ်ဆွေများ အကြမ်းဖက်မှုစသည့် အခြေအနေများတွင် ပေးထားသော Access များကို ပြန်လည််စီစစ်ပြီး ပြန်သတ်မှတ်ရန်း ကူညီပေးပါတယ်၊
ထို့ပြင် …
အခြားအခြားသော ပန်းသီး Apps များဖြစ်ကြသော Weather, TV, Spotlight, FaceTime, Reminder, Notes, Memoji နှင့် Translate စသည်တို့မှာလည်း သုံးစွဲသူ ပိုမိုလွယ် အဆင်ပြေအောင် အဆင့်မြင့်ထားပါသေးကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

No comments:

Post a Comment