Saturday, August 27, 2022

အပေါ်ဆုံးကို အမြန်ရောက်နည်း

 

အပေါ်ဆုံးကို အမြန်ရောက်နည်း
=====================
ပန်းသီးဖီလင်များ ဆာဗာရီ ဝက်ဘ်ပေ့ချ် စာဖတ်ရင်း၊ ဖေ့ဘွတ်ခ်မှာ သတင်းတွေဖတ်ရင်း၊ အင်စတာဂရမ်မှာ ဓါတ်ပုံတွေရှုစားရင်း အိုင်ဖုန်းမှာ စာမျက်နှာ အောက်ကို ရွေ့ရင်း ရွေ့ရင်းနဲ့ အတော်ခရီးရောက်လာပြီး အပေါ်ဆုံး စာမျက်နှာ ထိပ်ဆုံးကို ပြန်သွားချင်ရင် အသဲအသန် Scrolling Up လုပ်ကြပါသလား၊ အတော်များများတော့ အဲလိုပြုကြပါမယ်၊

အလွယ်နည်း တစ်ချက်တို့ထိရုံနဲ့ အပေါ်ဆုံး ထပ်ဆုံးကို ပြန်ရောက်တဲ့နည်း အိုင်ဖုန်းမှာရှိပါတယ်၊ ဟုတ် အိုင်ဖုန်းရဲ့ ရှေ့ကင်မရာဘေး ဘယ်ညာ ပတ်ဝန်းကျင်တဝိုက် ပုံစာတွင်ပြထားတဲ့နေရာလေးကို တချက် လက်ညိုးလေးနဲ့ တို့ထိလိုက်ပါ အပေါ်ဆုံးကို အမြန်ဆုံးရောက်ရှိသွားပါ့မယ်၊

ဟုတ် ဒီလုပ်ဆောင်ချက်လေးဟာ အိုင်ဖုန်းရဲ့ နေရာတိုင်းမှာကို သုံးလို့ရပါတယ်၊ App တွေ Setting Screens တွေ အားလုံးအပါအဝင်ပေါ့၊ ကဲ အမြန်သုံးကြည့်လိုက် ဘယ်လောက် အသုံးဝင်သလဲဆိုတာ သိသွားမယ်။

No comments:

Post a Comment