Saturday, August 13, 2022

ဒီလိုမီးရောင်လေးတွေ လင်းနေခဲ့ရင် သတိထားပါ။..

 

ဒီလိုမီးရောင်လေးတွေ လင်းနေခဲ့ရင် သတိထားပါ။... 🚥
______
IOS deviceတွေမှာ Indicator Lightက လိမ္မော်ရောင်(သို့)
အစိမ်းရောင်ဖြစ်နေခဲ့ရင် ဘာလို့သတိထားသင့်လဲ❓
___
သင့်Iphoneရဲ့ Screenထောင့်လေးမှာရှိတဲ့ မီးလုံးလေးက
လင်းနေခဲ့ရင် ဘာလို့သတိထားသင့်လဲဆိုတော့ သင့်ဖုန်းကို Appတစ်ခု
ကနေပြီးTrackလုပ်နေတာမျိူး ဖြစ်နေတတ်လို့ပါ။ 🧐🧐
.
ဒီFeaturesကို IOS 14နဲ့ နောက်ပိုင်း Versionတင်ထားတဲ့
deviceတွေမှာ အဓိကလုပ်ဆောင်ပေးနေပြီဖြစ်ပြီး App Tracking
စနစ်ကို အဓိကကာကွယ်ပေးမယ့် Featuresတစ်ခုဖြစ်ပါတယ်။
သင့်Iphoneက IOS 14နဲ့ နောက်ပိုင်း versionတစ်ခုခုကိုတင်ထား
တယ်ဆိုရင် Indicator lightက -
- မီးအစိမ်း ဘာလို့လင်းနေရလဲ ?
- လိမ္မော်ရောင်မီးက ဘာလို့လင်းနေရလဲ ? ဆိုတော့ -
🔸သင့်ဖုန်းမှာ microphoneကို Appတစ်ခုကအသုံးပြုနေတဲ့အခါ
Indicator lightက လိမ္မော်ရောင်မီးလေးလင်းပါတယ်။📱
- အကယ်၍သင်က Sound Recordingလုပ်နေတဲ့အခါမျိူးမှာ
လိမ္မော်ရောင်မီးလေးလင်းပါတယ်။ ဖုန်း Callနဲ့ Siri Functionတွေကို
သုံးတဲ့အခါမျိူးမှာလည်း ထို့အတူလင်းပါတယ်။ ဒါပေမဲ့ Appတွေကို
သုံးထားတဲ့အခါမျိူးမှာ ဒီမီးလေးလင်းနေရင်ကိစ္စမရှိပေမဲ့...ဘာမှမသုံးနေပဲ
Indicator lightကလိမ္မော်ရောင်လေးဖြစ်နေပြီဆို သင့်ဖုန်းရဲ့
microphoneကို Appတစ်ခုအခွင့်မရှိပဲသုံးနေတာဖြစ်ပါတယ်။ 🤓
🔸 အစိမ်းရောင်မီးလေးလင်းနေတာက သင့်Cameraကို Appတစ်ခုက
အသုံးပြုနေတာပါ။📱
- Cameraနဲ့ microphoneကို တစ်ပြိုင်နက်တည်းသုံးတဲ့အခါ
ဒီလိုမီးအစိမ်းလေးနေတတ်လင်းပါတယ်။ FaceTimeလိုမျိူးappတွေနဲ့
Instagram storyလိုမျိူး video shooting/ recording
featuresတွေကို အသုံးပြုတဲ့အခါမှာလည်း ဒီလိုမီးလေးလင်းတတ်ပေမဲ့
ဘာappမှအသုံးမပြုနေပဲ မီးစိမ်းလေးလင်းနေခဲ့ရင် သတိထားသင့်ပါတယ်။
🧐🧐
............
ဘယ်Appက Trackလုပ်နေလဲဆိုတာ ဘယ်လိုသိနိုင်မလဲ ❓
______
Cameraနဲ့ microphoneအသုံးပြုရမယ့် appတွေကို မသုံးနေပဲ
ဒီလိုမီးလေးတွေလင်းနေခဲ့ရင်တော့ ဘယ်appက ကိုယ့်ကို tracking
လုပ်နေလဲဆိုတာကို ဒီလိုနည်းနဲ့သိနိုင်ပါတယ်။ 🤓
- IPhoneရဲ့ Screenအောက်ဘက်ကနေ အပေါ်ကိုဆွဲတင်လိုက်တဲ့
အခါ သင်အသုံးပြုနေကြ Settingပေါ်လာမှာဖြစ်ပါတယ်။ 🚥
Settingခလုတ်တွေရဲ့အပေါ်မှာ Trackingလုပ်ကောင်းလုပ်နေနိုင်တဲ့
Appတွေက နာမည်နဲ့တကွပေါ်နေမှာပါ။ Third party appတွေရဲ့
trackingလုပ်ခြင်းရန်ကနေ ဒိလိုနည်းနဲ့ကာကွယ်လို့ရမှာဖြစ်ပါတယ်။
(မသင်္ကာတဲ့ appတွေကို Uninstallလုပ်နိုင်ပြီး reportလည်းတင်လို့
ရပါတယ်။)
______
"ဒီလုပ်ဆောင်ချက် နဲ့ privacy featuresကို IOS 14နဲ့ နောက်ပိုင်း
IOS Versionတင်ထားတဲ့ deviceတွေမှာသုံးနိုင်မှာဖြစ်ပါတယ်။
တကယ်လည်းအသုံးဝင်တဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်သလို privacyပိုင်း
အတွက်အရေးပါတဲ့Featuresလေးဖြစ်တဲ့အတွက် IOS userတွေအနေနဲ့
သိထားပြီးသားလည်းဖြစ်နိုင်သလို၊ မသိသေးတဲ့သူငယ်ချင်းတွေအတွက်
သိထားသင့်မယ်ထင်လို့ ပြောပြရခြင်းပါ။" 🤓🤓
ပြီးတော့ မကြာခင် IOS 15လည်း လာတော့မယ်နော်...😊
.
"အားလုံးအဆင်ပြေကြပါစေ"
....

No comments:

Post a Comment