Monday, August 15, 2022

iPhone ကို Power ပိတ်ထားလည်းရှာလို့ရနိုင်အောင်….

iPhone ကို Power ပိတ်ထားလည်းရှာလို့ရနိုင်အောင်….
အခုတစ်လောဖုန်းအခိုးခံရတာ ပျောက်တာတွေများကြလို့ iPhone users တွေအနေနဲ့ ကိုယ့်ဖုန်းအခိုးခံရလို့ ဖုန်းပိတ်ထားလည်း ပြန်ရှာတွေ့နိုင်မဲ့ settings တစ်ချို့ကိုပြောပြပေးမှာပါ…
✅ ကိုယ့်ဖုန်း lock screen ဖြစ်နေချိန် တစ်ခြားသူ ယူသွားလည်း setting တွေကို အလွယ်တကူ control မလုပ်နိုင်အောင် lock screen ကနေ control center ဖွင့်တာကိုပိတ်ထားသင့်ထားပါတယ်…
Setting > Face ID & Passcode > allow access when locked အောက်က Control Center ကိုပိတ်ထားလိုက်ပါ (မပိတ်ထားရင် အလွယ်တစ်ကူ airplane mode လုပ်ပြီး disconnect လုပ်သွားလို့ရပါတယ်)
✅ နောက်တစ်ခုအနေနဲ့ Setting > Face ID & Passcode > allow access when locked အောက်က USB accessories ကိုလည်းပိတ်ထားဖို့အရေးကြီးပါတယ်… (default ကတော့ပိတ်ထားပြီးသားပါ)
✅ နောက်တစ်ခုကတော့ တော်တော်များများသိကြတဲ့ Find My iPhone ပါပဲ… iOS15 မှာ Find My iPhone က ဖုန်းပိတ်သွားလည်းရှာလို့ရတဲ့ feature တစ်ခုပါလာပါတယ်… ဒါပေမဲ့ iPhone 11 နှင့်အထက်ဖုန်းတွေမှာပဲ ဒီ feature ကိုရမှာဖြစ်ပါတယ်… ဒီ feature ရဖို့ဆိုရင်တော့
1. Setting > Privacy > Location Service > ON ထားဖို့လိုပါတယ်
2. Setting > အပေါ်ဆုံးက ကိုယ့် Profile နဲ့ Apple ID > Find My > Find My iPhone ထဲက > Find My iPhone / Find My network / send last location (3) ခုစလုံး ON ထားရမှာပါ
အခုအတိုင်းလုပ်ပြီးသွားပြီဆိုရင်တော့ ဖုန်းပိတ်ထားလည်း ကျွန်တော်တို့ဖုန်းကို ရှာလိုရနိုင်ပါတယ်… Power Off လိုက်ရင် ပုံထဲကအတိုင်း “ iPhone Findable after Power Off “ ဆိုပြီး စာလေးတစ်ကြောင်းမြင်နေရမှာပါ…
iPhone 11 အောက်ဖုန်းတွေမှာ စက်ပိတ်ထားရင်ဒီ feature မရပေမဲ့ Find My iPhone ကိုတော့ ON ထားသင့်ပါတယ်… ON ထားမှလည်း ကျွန်တော်တို့ ပြန်ရှာတာ ၊ lost mode လုပ်တာ ၊ device ထဲ က data တွေကိုဖျက်ပစ်တာတွေလုပ်လို့ရမှာဖြစ်ပါတယ်…

 

No comments:

Post a Comment