CarPlay နှင့် iPhone မိတ်ဆက်ခြင်း
လမ်းချိုးအလိုက်လမ်းညွှန်ချက်များရယူရန်၊ ဖုန်းခေါ်ဆိုမှုများပြုလုပ်ရန်၊ သီချင်းနားထောင်ရန်၊ သင်၏ပြက္ခဒိန်ကိုစစ်ဆေးရန် အစရှိသည်တို့ကို သင်၏ယာဥ်ဖန်သားပြင်မှအားလုံးကိုပြုလုပ်ရန် CarPlay သို့ သင်၏ iPhone ကိုချိတ်ဆက်ပါ။
![CarPlay ဒိုင်ခွက်ဘောင်တွင် ဘယ်ဘက်တွင် Maps၊ Podcasts၊ နှင့် Phone၊ အလယ်တွင် မောင်းနှင်ရမည့်လမ်းကြောင်း၏မြေပုံ နှင့်ညာဘက်တွင် စီထားသည့် သုံးချက်အတွက် သင်္ကေတများကိုပြထားသည်။ ညာဘက်ရှိ အပေါ်ဆုံးမှအရာသည် လောင်စာဆီဆိုင်များနှင့် ကားရပ်နားရာနေရာများသို့ လမ်းညွှန်ပြသမှုကို ပြထားသည်။ ညာဘက်ရှိအလယ်ပိုင်းအချက်သည် playback ထိန်းချုပ်မှုမီဒီယာကိုပြထားသည်။ အောက်ဘက်မှအရာသည် နောက်လာမည့် ချိန်းဆိုမှုရက်စွဲတစ်ခုကို ညွှန်းဆိုသည်။](https://help.apple.com/assets/6222428998C2CE34C75A5252/6222428B98C2CE34C75A5267/my_MM/b0f6b9e1409147dd82059a3150c9ccf2.png)
မှတ်စု CarPlay သည် နိုင်ငံတိုင်း သို့မဟုတ် ဒေသတိုင်းတွင် မရရှိသေးပါ (iOS နှင့် iPadOS Feature ရနိုင်သည့်ဝက်ဘ်ဆိုက် ကိုကြည့်ပါ)။
CarPlay သည် သတ်မှတ်ရွေးချယ်ထားသောမော်တော်ကားများ (CarPlay ရရှိနိုင်သောအမျိုးအစားများ websiteကိုကြည့်ပါ) နှင့် သတ်မှတ်ရွေးချယ်ထားသော သီးသန့်တပ်လမ်းညွှန်စနစ်များတွင်သာ အသုံးပြုနိုင်ပါသည်။
သတိပေးချက် အန္တရာယ်ဖြစ်စေနိုင်သည့်အခြေအနေများသို့ဦးတည်နိုင်သည့် အနှောင့်အယှက်များမဖြစ်စေရန်နှင့် ပတ်သက်သည့် အရေးကြီးအချက်အလက်များအတွက်iPhone အတွက် အရေးကြီးသော ဘေးကင်းလုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ ကိုကြည့်ပါ။
No comments:
Post a Comment