Friday, July 8, 2022

iPhone ကို New (သို့) Refur စစ်နည်း


iPhone ကို New (သို့) Refur စစ်နည်း
--------------------------
သင့်ရဲ့ iPhone ဟာ New (iPhone အသစ် ) လား ၊Refurbished ( ပြင်ဆင်မွမ်းမံထားတဲ့ iPhone ) လား ၊ Replacement ( အစားထိုးလဲလှယ်ထားတဲ့ iPhone) လား ဒါမှမဟုတ်Personlaized ( ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ iPhone) လား ဆိုတာကို သိရှိနိုင်ရန်အတွက် Setting >> General >> About >> Model မှာ သွားကြည့်ရှုရပါမယ် ။
ရှေ့ဆုံးစာလုံးဖြစ်တဲ့ ( M ) နေရာက စာလုံးကို ကြည့်ပြီး New ၊ Refurbished ၊ Replacement or Personalized ဆိုတာကို ခွဲခြား သိရှိနိုင်ပါမယ် ။ ရှေဆုံးစာလုံးဟာ M နဲ့ စထားတယ်ဆိုရင် Apple Store Online or Apple Retail Store ကနေ ရောင်းချပေးခဲ့တဲ့ New ( အသစ် ) iPhone ဖြစ်ပါတယ် ။
F နဲ့ စထားမယ်ဆိုရင်တော့ Refurbished ( ပြင်ဆင်မွမ်းမံထားပြီး Apple ကနေ တရားဝင် ပြန်လည်ရောင်းချတဲ့ ) iPhone ပဲ ဖြစ်ပါတယ် ။ N နဲ့ စထားတဲ့အတွက် Replacement ( ပြဿနာတစ်စုံတစ်ခုကြောင့် Apple ဒါမှမဟုတ် Apple ရဲ့ Authorized Service Center တွေကို ပို့ပေးလိုက်တဲ့ iPhone တွေအစား ပြန်လည် လဲလှယ်ပေးတဲ့ ) iPhone ပဲ ဖြစ်ပါတယ် ။ ဒီ Replacement အလုံးတွေကလည်း Refurbished အလုံးတွေကဲ့သို့ပင် ကောင်းမွန်ခြင်း ရှိပါတယ် ။
P – P နဲ့ စထားတာဖြစ်လို့ Personalized ( ကိုယ်ပိုင်အမှတ်အသားတံဆိပ်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများနှင့် အလှဆင်ထားတဲ့ ) iPhone အမျိုးအစားပဲ ဖြစ်ပါတယ် ။ New ၊Refurbished ၊Replacement orPersonalized ဆိုတဲ့ iPhone တွေကို အပြင်ပန်းအခြေခံအချက်ကို ကြည့်ပြီး ခွဲခြားနိုင်ပြီလို့ ထင်ပါတယ် ။

No comments:

Post a Comment